🖤 Part 1🖤

6.8K 500 34
                                    

[Unicode]

တစ်ခါတုန်းက Kim‌တိုင်းပြည်မှာ Kimမင်းကြီးရဲ့အုပ်ချုပ်မှု မှန်ကန်ညီညွှတ်မှုကြောင့်တိုင်းပြည်ဟာငြိမ်းချမ်းလှသည်။ အချိန်ကြာလာသည်နှင့်အမျှ မင်းကြီးအသက်ကြီးလာတော့ အရိုက်အရာကိုဆက်လက်အုပ်ချုပ်မည့် အိမ်ရှေ့စံနှစ်ဦးထံအာဏာလွှဲပြောင်းလာခဲ့သည် ။ပထမမိဘုရားခေါင်ကြီးရဲ့သားတော် Kim Taehyungနဲ့ ဒုတိယမိဘုရား‌ရဲ့သားတော် Kim Jimin

ထိုအိမ်ရှေ့စံနှစ်ဦးဟာ"လ"သာခြားသည် သက်တူရွယ်သူ၊  Kim Jiminကအကြီးဖြစ်ပြီး Kim Taehyungကတော့အငယ်ဖြစ်သည်။ သို့သော်နန်းတွင်းထုံးစံအတိုင်းအကြီးဖြစ်ပင်မဲ့လို့ ဒုတိယမိဘုရားရဲ့သားတော်ဖြစ်‌ေသာကြောင့် မင်းကြီးအရိုက်အရာကို ညီတော် Kim Taehyungသာဆက်ခံစေသည်။ ထို့ကြောင့်မင်းကြီးဖြစ်မဲ့ အိမ်ရှေ့စံအတွက် ကြင်ယာတော်ရွေးပွဲစလာခဲ့သည် ။

သို့ရာတွင် မင်းသားTaehyungမှာ ကြင်နာသူတစ်ဦးရှိခဲ့သည် ထိုကောင်မလေးက ပညာရှိအမတ်ရဲ့သမီးတော် Kim Hannaပင် ။ ဒါပင်မဲ့ နန်းတွင်းအမတ်‌ေတွရဲ့လှည့်ကွက်ကြောင့် လက်ဝဲအမတ်ရဲ့သား Jeon Jung kookနဲ့သာထိမ်းမြှားခဲ့ရသည် ။ထိုအကြံအစဉ်‌တွင် လက်ဝဲအမတ်ကြီးမျှော်လင့်ချက်အများကြီးပါသည် ။

အဓိက မင်းကြီးသာအိမ်ရှေ့စံအာဏာလွှဲရင်သူ့သားဟာ မိဘုရားခေါင်နေရာရမည်ဖြစ်သလို မင်ကြီးဖြစ်မဲ့အိမ်ရှေ့စံကိုလည်းချုပ်ကိုင်မည်ဟူသော ရည်ရွယ်ချက်၊ ထိုအကြောင်းတွေအကုန်သိတဲ့ပါးနပ်တဲ့မင်းသား Kim Taehyungကတော့ ကြင်ယာတော် Jung kookအပေါ်အမုန်းကြီးမုန်း‌ေနလျက် ၊ ထိုကြားထဲက ဖြူစင်တဲ့ကောင်လေးဟာ သူတို့ရဲ့အာဏာကြား ဘာမှမသိပဲနန်းတွင်းအရူပ်ပုံထဲရောက်ခဲ့ရလေသည် ။

အမုန်းတရားများနှင့်စခဲ့တဲ့မင်္ဂလာဦးည~~

တိတ်ဆိတ်လှတဲ့အခန်းထက်၀ယ် ကြင်ယာတော် Jung kookထိုင်နေသည်။ ဒီနေ့ကမင်္ဂလာဦးညဖြစ်တာကြောင့် ရိုးရာတွေအရ ခင်ပွန်းက မင်ဂလာ၀တ်စုံချွတ်ပေးရမည်ဖြစ်သည်။ ဒါကြောင့်လည်းအလေးကြီးတွေ၀တ်ထားတဲ့ jung kookဟာ အကျီကြားထဲမြုပ်ရင်းသူ့ကြင်ဖတ်မင်းသားကင်မ်အမြန်လာရန်သာမျှော်နေသည် ။ကြိုက်လို့တော့မဟုက် ဒီအလေးကြီး‌ေတွကိုချွတ်ပေးရန်သာ ခုလည်းကြင်ယာတော်စိတ်ထဲတွင်တော့

🖤Once upon a time 🖤Where stories live. Discover now