🍀Why us why 🍀

1.9K 185 0
                                    

[Unicode]
မေ့နေတဲ့ကောင်လေးကတော့အေးချမ်းလို့သူ့ဘေးမှာရှိနေတဲ့လူတွေကတော့ပူလောင်လို့

"သား သားက  Jiminပေါ့"

"Omma"

"မားသားလေး"

Jimin mind##
Jimin jung kookအမေရင်ခွင်ထဲ၀င်ကာငိုမိသည် ငယ်ငယ်တည်းကကွဲသွားတဲ့အိမ်ထောင်ရေးမှာသားအကြီးဖြစ်တဲ့ jiminဟာဖအေနဲ့နိုင်ငံခြားပါသွားခဲ့ပြီး
Jung kookလေးက အမေနဲ့တူတူကျန်ခဲ့သည် uniတက်ဖို့ကိုရီးယားရောက်တော့‌အမေနဲ့ညီလေးကိုရှာတွေ့ခဲ့သည်ဒါပင်မဲ့ဖွင့်မပြောခဲ့ တဖြည်းဖြည်းနဲ့ Kookieနဲ့ပတ်သတ်တာအကုန်သိလာသည် Taehyungကိုကြိုက်တာကအစ နောက်ဆုံးကုမရတော့တဲ့ညီလေးရောဂါအထိ

အခုဆို jung kookမေ့နေသည်မှာတစ်ပတ်ရှိပြီ ငယ်ငယ်တည်းက အဆုတ်ကင်ဆာရှိတဲ့ကလေးဟာ ကြီးလာတော့ပိုသိသာလာသည် မွေးက‌တည်းကအသက်ကြာကြာမရှင်နိုင်ဘူးလို့ဆရာ၀န်ကပြောသော်လည်းဆေးဖြင့်အသက်ဆက်ခိုင်းစေခဲ့တဲ့အမေအတ္တ

ခုသားလေးဟာ အသက်ရှည်ဖို့လတောင်သိပ်မကျန်တော့ဘူး  ကံကြမ္မာကြီးရယ်ဘာလို့သားကြမှလဲ အဲ့အစားဒီမိခင်ကိုနာကျင်စေပါလား****

~~~~~~~~~

Taehyung Jung kookစကားကြားတော့ပျော်သွားသည်မှာအမှန် ဒီကြားထဲJung kookအ‌ေပါ်ထားတဲ့သူ့ခံစားချက်ကသိသာလာသည် အဲ့ဒါကသူလည်း Jung kookကိုချစ်‌ေနပြီတဲ့

ဒါပင်မဲ့မကြာမီကဖခင်ဖြစ်သူရဲ့ကျောင်းပြီးရင် ယူရီနဲ့လက်ထပ်ရမယ်ဆိုတဲ့စကားကြောင့်သူလက်လျော့ဖို့လုပ်ခဲ့သည် ဖခင်စိတ်ကိုသူသိသည် မရရင်ရအောင်ယူနိုင်သည်ဒါကြောင့် သူအပေါ်မုန်းစေလို့ငှာ စကားကြမ်းတွေပြောကာထိုးနှက်ခဲ့သည် ခုဆိုကျောင်းမှာလည်းမတွေ့ရ အိမ်မှာလည်း jung kookအမေသာမြင်မိသည် ဘာဖြစ်လို့လဲမေးချင်ပေမဲ့မာနကခံနေပြန်သည်

ဘာလိုလိုနဲ့ကျောင်းနောက်ဆုံးပွဲတောင်ရောက်ခဲ့ပြီ နှစ်ပတ်အကြာ jung kookကျောင်းပြန်တက်ခဲ့သည် မတက်နဲ့‌ေပြာလည်းမရ
ခုလည်းနောက်ဆုံးနှုက်ဆက်ပွဲပါတီသွားချင်သည်ဟုဂျီကြနေသည်

"Jung kook ကိုယ့်ကျန်းမာရေးအခြေအနေကိုယ်မသိဘူးလားမသွားရဘူး"

"လုပ်ပါမားရယ် သား‌ေနာက်ဆုံးပွဲလေးကို"

💜Taekook Short Stories 💜Where stories live. Discover now