6

1.3K 175 5
                                    

Jiminတစ်ယောက်မိုးလင်းတာနဲ့အရင်လိုHahyungဆီသွားဖို့ဦးတည်မိပြန်သည်။Hahyungကနေ့တိုင်းတွေ့တာမျိုးမဟုတ်ပဲတစ်ရက်ခြားတစ်ခါသာရောက်သည်။သူကလည်းအလုပ်တစ်ဖက်နဲ့မို့Hahyungကနားလည်ပေးထားသည်။

Jiminမသွားခင်တစ်ခုခုစားချင်တာကြောင့်မီးဖိုခန်းဆီဦးတည်လိုက်သည်။မီးဖိုခန်းထဲရောက်မှကြက်ဥကြော်နှင့်ပေါင်မုန့်ကိုဖြစ်သလိုပြင်ဆင်ကာစားဖို့လုပ်မိသည်။အရင်လိုမြည်းစမ်းတတ်တဲ့အကျင်ကြောင့်စားဖို့လုပ်မိတော့ထူးဆန်းစွာအရသာမရတော့ပြန်.....

"ဟာကွာ....ဘာဖြစ်ပြန်ပြီလဲ"

Jiminစိတ်ပျက်စွာရေရွတ်ရင်းတစ်ခုခုတွေးတောနေမိသည်။

အတွေးပေါ်လာတာနှင့်ကားသော့ဆွဲကာHahyungဆီမဟုတ်ပဲဦးတည်ချက်ပြောင်းသွားသည်။

........

Jiminအရှိန်နှင့်ကျောင်းထဲကားကိုထိုးရပ်လိုက်သည်။နာရီကိုတစ်ချက်ကြည့်ကာYoongiဆိုတဲ့ကောင်လေးကိုရှာဖွေတော့သည်။

Jiminဆက်တိုက်ရှာနေပေမယ့်Yoongiကိုလုံးဝမတွေ့.....စိတ်ထဲလဲဒေါသတို့အရှိန်မြှင့်လာသည်။

*ဒီကောင်ကဘာလဲကွ....တစ်ကျောင်းလုံးနှံနေပြီဘယ်မှာလဲမသိ*

Jiminအတွေးနဲ့အတူနာရီကိုထပ်မံကြည့်မိသည်နေ့လည်11နာရီခွဲနေပြီ.....စိတ်ကသိပ်မရှည်တော့.....ပြေးလွှားပြီးရှာရလွန်းလို့ချွေးတို့ရွှဲနစ်နေသည်။

စိတ်ပျက်စွာသက်ပြင်းချနေတုန်းကောင်လေးတစ်ယောက်အိပ်ချင်မူးတူးဖြင့်လွယ်အိတ်ကိုတစ်ဖက်သာလွယ်ထားသည်။ခေါင်းငိုက်စ်ုက်လျှောက်လာကာပါးစပ်ထဲမှာလည်းပေါင်မုန့်ကိုကိုက်ထားသေးသည်။Yoongiဟုထင်တာကြောင့်အပြေးလေးသွားကာကြည့်မိတော့ထင်တဲ့အတိုင်းပင်.....တစ်ကျောင်းလုံးမှာသူတစ်ယောက်ပဲဒီလိုပုံစံရှိတာ

"ဟေ့....Yoongi....ငါနောက်ခဏလိုက်ခဲ့"

ဘာမပြောညာမပြောနှင့်လက်ကောက်ဝတ်သေးသေးလေးကိုဆောင့်ဆွဲကာအတင်းခေါ်လာလိုက်သည်။Yoongiကိုက်ထားတဲ့ပေါင်မုန့်ခမျာမြေပြင်ပေါ်ဘုတ်ခနဲ

"ခင်ဗျား....အာ့...ဖယ်ဆို....ဘာပြောမို့လဲဒီမှာပြော"

Jiminကတော့မလွှတ်ပေးပဲထပ်ဆွဲကာခေါ်နေသည်။Yoongiလည်းလက်ကနာလာပြီမို့ရုန်းကန်ကာ

Don't kiss me 💋(complete)Where stories live. Discover now