Ep-3🍁💫

1.8K 124 21
                                    


Uni 💫

အေးဆိမ့်လှတဲ့ လေထု
ပြာလွှင့်နေသော ကောင်ကင်
ဝေဆာစွာ လှပလျက် အုပ်ဆိုင်းနေသော
Mapleရွက်နီနီလေးများဟာ
Maple ပင်ထက်ဝယ်
ကျရောက်လာသော ရှောင်လွဲချင်ခဲ့သော
လမုန့်ပွဲတော်
အရင်နှစ် နှင့်ဆန့်ကျင်စွာ
ယခုနှစ်ပွဲတော်ဟာ လွမ်းရိပ်များ ဖုံးလွမ်းနေ‌သယောင်။

Maple ပင်ကြီးဆီ အကြည့်ရောက်မိတော့
တစ်စတစ်စ ပေါ်လွှင့်လာသော
အတိတ်ကလှပသောပုံရိပ်များဟာ
သူမမျက်စိရှေ့ဝယ် ။

*အာ ကျဲ LiLy ကိုလိုက်ဖမ်း ခ်ခ် *

*မပြေးနဲ့လေ ချော်လဲမယ် *

*မဖမ်းနိုင်ဘူးမလား ဗလက်ဗလက် *

*ဒီကောင်မလေးကတော့ မိပြီကွ *

*အားးးဟိဟိ *

လျှာထုတ်ပြကာMaple ပင်ကြီးကို ပတ်ပေးနေသော 15 နှစ်အရွယ် ကောင်မလေးနှင့်

ပြုံးကာ လိုက်ဖမ်းနေသော 25 နှစ်အရွယ်မိန်းမငယ်တစ်ယောက်။

သိပ်ကိုရိုးရှင်းလွန်းတဲ့ အဖြူရောင်ပုံရိပ်လေးဟာ ပြင်းထန်လှသော လေအဝှေ့တွင်
ကြွေလွှင့်ကာကျသွားသော
Maple ရွက်အနည်းငယ်နဲ့အတူ
လွှင့်မြောပြောက် ကွယ်သွားသော
ကြည်နူးဖွယ်ပုံရိပ်ငယ်။

အလွမ်းတွေကို အတောသက်ကာ
မကြာခင်အချိန်အတွင်းမှာ ပင် အနားမှ ထွက်ခွာသွားတော့မည့် ချစ်ရသူရှိရာသို့။

သူမအတွက်အခုအခြေအနေဟာ တစ်စက္ကန့်ဆိုလည်း တစ်စက္ကန့်သိပ်ကို အဖိုးတန်ပါသည်။

အဆောင်အတွင်းတွင် ရှုပ်ရှက်ခတ်နေသော အပျိုတော်များနှင့်အတူ မိန်းမဆိုးအချို့။

"ဟဲ့ မင်းသမီးက ဘာဖြစ်လို့လည်းမသိဘူး
မျက်နှာမကောင်းဘူး "

"အေးနော် ရှောင်ဧကရာဇ်က ဒီလောက် လူတိုင်းလိုချင်တာကို "

"နင်ကလည်း မကြားမိဘူးလား ရှောင်ဧကရာဇ်က ပထမဆုံးယူထားတဲ့ မိဖုရားတောင် ဂရုမစိုက်ဘူးတဲ့ ကိုယ်လုပ်တော်က မွေးတဲ့ကောင်လေး ‌ဆိုလား ကောင်မလေးဆိုလား အဲ့တစ်ယောက်ကို သဲသဲလှုပ်အောင်ချစ်တာတဲ့ "

White Lotus  🍁💫[Completed]Wo Geschichten leben. Entdecke jetzt