Nova-NoMin (Zaw)

123 2 1
                                    

" တရားခံ Lee Jenoအား
လွန်ခဲ့သော10နှစ်ခန့်က ကွင်းဆက်လူသတ်မှု၏
တရားခံ , Feb 15ရက်နေ့က ကျူးလွန်ခဲ့သော
လူသတ်မှု၏တရားခံအဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေ "

အမိန့်ချပြီးသော တရားသူကြီးသည်
သူ၏နေရာမှ ထွက်သွားလိုက်ပြီ

"Jeno မင်းသတ်ခဲ့တာမဟုတ်ဘူးမလား
ငါသိတယ် မင်းမဟုတ်ဘူးမလား"

"Jaemin မင်း မပျော်ဘူးလား
မင်းဖမ်းချင်နေတဲ့ ကွင်းဆက်တရားခံကိုလည်းမိပြီ
ရာထူးကလည်း တိုးအုံးမှာ "

"မပျော်ဘူး...ငါတရားခံအစစ်ကိုဖမ်းချင်တာ
မင်း မဟုတ်ဘူးဆိုတာ ငါသိတယ် "

Jenoဟာ ကျွန်တော်ကို စိမ်းကားတဲ့အကြည့်နဲ့
ကြည့်ပြီး ထောင်ကားပေါ်သို့တက်သွားလိုက်ပြီ

"မင်းတရားခံမဟုတ်ဘူးဆိုတာ ငါသိတယ် Jeno
ငါမင်းကို ရအောင်ပြန်ထုတ်မယ်"

........................

Jeno တရားခံမဟုတ်ဘူးဆိုတာ ဖော်ထုတ်ဖို့
ကျွန်တော် အချိန်မဆွဲနေတော့ဘဲ အမှုတွဲဖိုင်တွေကိုထုတ်လိုက်တယ်

တံခါးခေါက်ပြီးဝင်လာတဲ့ Appaကတော့ တကယ်ကိုပျော်နေတဲ့ပုံဘဲ

"ငါသားကတော်လိုက်တာကွာ ရာထူးလည်းတိုးတော့မှာဆိုတော့ Seoulကိုပြန်လာတော့
Appaလည်းမကြာခင် ရဲမှူးချုပ်ဖြစ်တော့မှာဆိုတော့ ပိုဂုဏ်ရှိတာပေါ့ "

"Appa ကျွန်တော် Busanမှာဘဲ
ထပ်နေချင်သေးတယ် "

"ဘာလို့လဲသားရဲ့ Busanမှာလွန်ခဲ့တဲ့ 10နှစ်က
ဖြစ်ခဲ့တဲ့ ကွင်းဆက်
လူသတ်မှုရဲ့တရားကိုဖော်ထုတ်ဖို့ Appaကို
Busan ပြောင်းပေးဖို့ တောင်းဆိုတယ်
ခုဖော်ထုတ်နိုင်တော့ ပြန်လာရတော့မှာပေါ့"

"ဒီတိုင်း သားနေချင်သေးလို့ "

"အေပါကွာ သားပြန်လာချင်တဲ့အချိန်မှ ပြန်လာတော့ "

.......................
ဖိုင်တွဲတွေရယ် အသတ်ခံရသူရဲ့ပစ္စည်းတွေကို
ပြန်စစ်ဆေးဖို့ စခန်းကိုသွားလိုက်တယ်

"ဒီမှာ မင်းတောင်းထားတဲ့ အသတ်ခံရသူရဲ့
ပစ္စည်းတွေ ကြည့်ပြီး အခန်းထဲမှာပြန်ထားလိုက်အုံး"

NCT One Shot CollectionWhere stories live. Discover now