Part 6

1.6K 216 38
                                    

unicode•

သူနဲ့Hyungကြားမှာ..များကြီးကွာခြားသွားပြီ..

.
.
.

ချယ်ရီလမ်းလေးသည် တိုက်ခတ်လာတဲ့လေပြေတွေကြောင့် ထိုပတ်ဝန်းကျင်၌ ဝဲပျံနေလျက်..

ချယ်ရီပင်တွေစုတန်းပြီး ပွင့်လန်းနေတဲ့ ထိုလမ်းလေးကို စက်ဘီးလေးတစ်စီးဖြတ်သန်းသွားလေသည်။

အပြာရောင် စက်ဘီးလေးက သံချေးတက်နေကာ ချိန်းကြိုးလေးကမကောင်းမကန်းနဲ့ ဖြည်းဖြည်းမှန်မှန်နင်းလာတဲ့ ထိုလူလေးသည် ချယ်ရီပင်လေးအောက် ခေတ္တမျှရပ်လိုက်လေသည်။

လခြမ်းလေးလို တောက်ပနေတဲ့ မျက်ဝန်းလေးကို အတိမှိတ်လိုက်ကာ ထိုလေပြေချိုချိုလေးကို တစ်ခါတည်း အဝရှုရှိုက်လိုက်သည်။

လေပြေလေးကြောင့် ကြွေကျလာတဲ့ ချယ်ရီပွင့်ချပ်လေးဟာ ထိုကောင်လေးဆီသို့တည့်တည့်ပင် သက်ဆင်းလေသလား။

နှာခေါင်းထိပ်လေးပေါ် ချယ်ရီပွင့်ဖတ်လေးက တင်လာလေတော့ လှလွန်းတဲ့ ပါးချိုင့်လေးကို နက်သွားအောင် ပြုံးလိုက်လေရဲ့။

ထိုအခိုက်အတန့်လေးသည် သိပ်ကိုလှလွန်းသည်မဟုတ်လား။

ပန်းနတ်ဘုရားတစ်ပါးလို...တစ်သက်မှာမှတစ်ခါပွင့်သော ခူးယူလို့မရတဲ့ပန်းလေးလို သိပ်ကိုတန်ဖိုးကြီးပြီးလှပလွန်းနေသည်။

7နှစ်တောင်ကြာခဲ့ပြီ။

ဆိုးဝါးလွန်းတဲ့အတိတ်တွေသည် တရွေ့ရွေကုန်ဆုံးသွားလေသလို သူလည်းပြောင်းလဲသွားခဲ့ပြီ။

အရာအားလုံးအရင်လိုပြန်မဖြစ်ရင်တောင် အခုအချိန်လေးက သူ့အတွက်အေးချမ်းနေ၏။

လုပ်စရာတောင်လိုပုံနေတဲ့သူ့အတွက် ဒီလိုအချိန်နည်းနည်းလေးကအစအရေးပါတော့ စက်ဘီးလေးနဲ့အတူခရီးဆက်ဖြစ်သည်။

~~~~~~~~~~

ပင်လယ်ကမ်းရိုးပေါ်က လမ်းမကြီးပေါ်ဖြတ်သန်းသွားတော့ လေပြေတွေကလတ်လတ်ဆတ်ဆတ်နှင့်တိုက်ခတ်လာလေသည်။

ရုတ်တရက်ကားတစ်စီးသည် သူ၏ဘေးနားမှ အရှိန်ပြင်းပြင်းနဲ့ဖြတ်သန်းသွားတဲ့အခါ လမ်းပေါ်ကရေတွေသည် သူ့ထံစင်လာလေသည်။

ကိုယ်တစ်ခြမ်းလုံးစိုရွှဲသွားပေမယ့် ထိုကားသည်မရပ်ဘဲ အရှိန်နှင့်ထွက်သွားလေသည်။

ဝါညစ်ညစ်ဖြစ်နေတဲ့ Hoodieလေးသည် ယခုတော့ပိုပြီးညစ်ပတ်ကုန်ပြီ။

မျက်မှောင်ကျုတ်လိုက်ရင်း ပါလာတဲ့အဝတ်စလေးနဲ့သုတ်နေမိသည်။

မနက်စောစောကတည်းက ကံဆိုးနေတာပါလားဆိုပြီး ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်ရင်း။

နာရီကိုကြည့်လိုက်တော့ နောက်ကျနေပြီပင်။

စိုရွှဲနေတဲ့ မဟော်ဂနီရောင်ဆံပင်တွေကို သုတ်ဖို့အချိန်မရှိတော့ ခပ်မြန်မြန်ပင် နင်းကာထွက်လာရသည်။

𝗌𝗍𝗂𝗅𝗅 𝗐𝗂𝗍𝗁 𝗆𝖾 | 𝗃𝖺𝗒𝗐𝗈𝗇Where stories live. Discover now