နိဒါန်းပျိုးခြင်း(jikook)

78 6 0
                                    

မောင်မြတ်နိုးသော လှိုင်းငယ်- (၁)

(ယူနီကုဒ်) Unicode

        မောင်တို့ စတွေ့တဲ့နေ့ကို မှတ်မိသေးလား             
                    ကလေးငယ်။

      အဲ့ဒီ့နေ့က မင်းကို ကိုယ်ငေးကြည့်နေမိလို့
   ကလေးငယ်က ထိုင်နေတဲ့ခုံက ခပ်တည်တည်
     ထလာပြီး သောက်နေတဲ့ ကော်ဖီခွက်နဲ့
           ဘာမပြောညာမပြော
    ကိုယ့်ခေါင်းပေါ်  လောင်းချခဲ့တာလေ။

               ကိုယ် ဘုမသိ ဘာမသိနဲ့
       ကော်ဖီအလောင်းချခံလိုက်ရတာ...
    တော်သေးတယ် ကော်ဖီက သိပ်မပူလို့။

အဲ့နေ့က ကလေးငယ်ကို
ကိုယ်နည်းနည်းလန့်သွား
    မိတယ်   ဘာရယ်မဟုတ် ငေးကြည့်မိတာကို
          ကော်ဖီခွက်နဲ့ လာလောင်းတော့လေ။
       ကလေးငယ်က သိပ်မာနကြီးတာပဲ။

      
        ရှက်ရှက်နဲ့ ကလေးငယ်ကိုတောင် ပြန်ရန်
         မလုပ်နိုင်ဘဲ ကော်ဖီဆိုင်ထဲက မပြေးရုံ
                  မယ် ထွက်ခဲ့ရတယ်။

   ခု နေပြန်တွေးကြည့်တော့ ကိုယ်တော်တော်
        ကြောင်တောင်တောင်နိုင်မှန်း သိလိုက်ရတယ်
       တကယ်ဆိုကိုယ်လည်း ဘာမှ မမှားပါဘဲ
   မင်းရှေ့က ကိုယ်ရှောင်ထွက်စရာမှ မလိုတာ။
   ဒါပေမယ့် ကိုယ်ရန်ဖြစ်ရတာ မကြိုက်ဖူး။
       ကိုယ်က အရမ်းရှက်တတ်တာမို့။

          အဲ့နေ့က ကိုယ်ရှက်မိပေမယ့်
   ကလေးငယ်ကို စိတ်ဝင်စားမိသွားတယ်
   နောက်တစ်နေ့ လည်း ကလေးငယ်ကို
တွေ့လို့တွေ့ညား ဆိုင်ကိုတစ်ခေါက်ပြန်လာ
       ခဲ့ပေမယ့် ကလေးငယ်ကို မတွေ့ခဲ့ဘူး။

    
       ကိုယ့်စိတ်ထဲ ဝမ်းနည်းသွားသလိုဘဲ။
       ကလေးငယ်နဲ့ ပြန်ဆုံတွေ့ချင်မိတယ်
ခပ်စူးစူးခပ်တည်တည်
မာနမျက်ဝန်းလေးတွေကိုဘဲ
ကိုယ် စချစ်မိသွားတာထင်ပါရဲ့
အဲ့ဒီ့တုန်းက
ကိုယ်မသိခဲ့ဘူး။
အဲ့စလိုချစ်မိသွားလို့ ရရှိရမဲ့
မင်းပေးတဲ့ နာကျဉ်မှုတွေကို
ကလေးက သိပ်ကိုကစားတတ်တဲ့
ကောင်လေးတစ်ယောက်ဆိုတာ
နှလုံးသားတစ်ခုလုံးလွန်ပြီးမှ သိခဲ့ရမယ်လို့
ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး
အများကြီး ချစ်မိသွားတော့
အများကြီး နာကျဉ်ရတယ်
မင်းဟာ လှိုင်းတွေလိုဘဲ
သိပ်ကို မာယာများတယ်
ကိုယ်မြတ်နိုးမိတာ မာယာများတဲ့
လှိုင်းငယ်လေး မင်းရယ် ပါ.....။
ခဏတာ အသုံးချ ရိုက်ခတ်ခဲ့တဲ့
လှိုင်းလုံးလေးတွေလို
မင်းဟာ အရှိန်ဝါကြီးမားလှပသလို
သိပ်လည်း ကြောက်စရာကောင်းခဲ့ပါတယ်
ကိုယ်ဆိုတဲ့ အချစ်ရူးကောင်ကတော့
မင်းအမြင်မှာအဖြည့်ခံ မြစ်တစ်စင်းထက်
ဘယ်တုန်းကမှ မပိုခဲ့ပါဘူး ကလေးငယ်ရယ်...
မပိုခဲ့ပါဘူး။

jikook (jungkook=jimin) fanfiction
creation by (နန်းဆန်).

     jikook (jungkook=jimin)  fanfiction              creation by  (နန်းဆန်)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

 Comming soon;🖤

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Comming soon;🖤

ရှယ်ငိုရမဲ့ ficလေးပါနော် ဒါလေးကိုတော့ မှန်မှန် up
ပေးနိုင်ဖို့ ကြိုးစားပါမယ်။
ဘာ့ကြောင့်လည်းဆိုတော့ WiFi နဲ့မဟုတ်ပဲ
အခု ဘေလ် နဲ့သုံးနေရတော့ (၂)ရက်လောက်ပဲ သုံးရတာမို့ ဒီရက်ထဲ အတွင်းမှ upပေးနိုင်အောင်လို့ပါ။
ဘေလ်က telenorဗျို့ ပက်ကေ့ က ဘေလ်ရှယ်စားတာ ။
စာဖတ်သူတို့ကို အစဉ်ချစ်ခင်လေးစားလျက်......။

မောင်မြတ်နိုးသော လှိုင်းငယ်(jikook)Where stories live. Discover now