လှိုင်းငယ် - ၁

114 6 0
                                    



                 ............💕jikook💕.............

UNICODE

"ကလေးငယ်.."

ခပ်တိုးတိုးလေး အသံထွက်ခေါ်မိလိုက်သည်။
အိမ်က တူတွေ တူမတွေအတွက် ရုံးကအပြန်
သူတို့မှာလိုက်သော ရေခဲမုန့်ကို
ကားပေါ်ကဆင်းကာတကူးတက ဝင်ဝယ်
ပေးနေရင်း ကောင်မလေးတစ်ယောက်က
ကလေးငယ်  ​၏ လက်မောင်းတစ်ဖက်ကို
ကိုင်ကာ  ရေခဲမုန့် ဆိုင်ထဲကို တွဲဝင်လာတာ
တွေ့လိုက်ရတာကြောင့်ပင်။

ကလေးငယ်ဟာ လက်ရှည်အင်္ကျီကို
ခေါင်းစွတ်ပါစွပ်၍ ဝတ်ထားပြီး လက်ထဲက ဖုန်းscreenပေါ်မှာပါ
အာရုံစိုက်ခေါင်း ငုံ့ကြည့်နေတာကြောင့်
တစွန်းတစ်စသာ မြင်ရတဲ့
မျက်နှာလေးကို  ကျွန်တော်
အသည်းအသန်လိုက်ငေးနေမိသည်။

ကလေးငယ်ဟာ
ဘာတွေကို အလိုမကျလို့လဲမသိ။
နှုတ်ခမ်းဖူးရဲရဲလေးဟာ လိုတာထက်ပိုပြီး
အနည်းငယ်ဆူထွက်နေလေသည်။
ဆိုင်ထဲဝင်လာကတည်းက ဘယ်ကိုမှ
မကြည့်ဘဲ ဖုန်းထဲမှာတင်
အာရုံဝင်စားနေသော  ကလေးငယ်ရယ်...
.ချစ်ဖို့ကောင်းတဲ့ မုန်ကုပ်ကုပ်မျက်နှာလေးက ဘယ်အချိန်ကြည့်ကြည့် စူပုတ်ပုတ်သာ
ဖြစ်နေတတ်သည်မှာ ကလေးငယ်ရဲ့
ညှိုံ့ယူခြင်းတစ်မျိုးများလား။
များသောအားဖြင့် လူတော်တော်များများက
ဆူပုတ်နေရင် မလှဘူးမို့လား။ကလေးငယ်ဟာ
ထူးထူးခြားခြား ချစ်ဖို့ကောင်းနေသည်။
ကလေးငယ်က နတ်သားလေးများလား...။

ကျွန်တော့်လိုဘဲ ဆိုင်ထဲက အတွဲတစ်ချို့မှ မိန်းကလေး ယောကျာ်းလေးတွေဟာ သိသိသာသာ ကလေးငယ်တို့အတွဲကို ကြည့်နေကြသည်။
​ကောင်မလေးကို ငေးတာထက်
ကလေးငယ်ကို ငေးတဲ့အကြည့်တွေဟာ
အဓိပ္ပါယ် တစ်မျိုးပျော်ဝင်နေတာကို
ကျွန်တော်
ဘာ့ကြောင့် အလိုမကျ ဖြစ်မိသလဲ..။
​ကောင်မလေးရှိလျက် ကလေးငယ်ကို
ငေးကြည့်နေတဲ့  ကောင်လေးတစ်ချို့ရဲ့
သဘောကျနှစ်သက်တဲ့အကြည့်တွေဟာ
ဘာ့ကြောင့်များ ကျွန်တော့်ရင်ကို ပူလောင်စေ
ပါသလဲ.......။
ကျွန်တော် ကလေးငယ်ကို စိတ်ဝင်စားတာထက်
ပိုနေတာများလား....။

ကလေးငယ်ရဲ့
ကောင်မလေးက စိတ်အားထက်သန်မှုတို့နဲ့
ချောကလက် ရေခဲမုန့် ကို ကလေးငယ်ကိုပြကာ

You've reached the end of published parts.

⏰ Last updated: Jun 21, 2021 ⏰

Add this story to your Library to get notified about new parts!

မောင်မြတ်နိုးသော လှိုင်းငယ်(jikook)Where stories live. Discover now