Never

727 73 4
                                    


ရွမ်ကျွင်နိုးလာရင်စားဖို့အတွက်ဆိုပြီး မနက်မိုးမလင်းခင်ထဲကအိပ်ယာကထပြီး ''ကျွင့်အတွက်ခေါက်ဆွဲပြုတ်နဲ့ ဖက်ထုပ်ပူပူလေးလုပ်ပေးရမယ်"ဆိုပြီး ပြင်ဆင်နေတဲ့
ဂျယ်မင်းက မီးဖိုခန်းထဲမှာတစ်ယောက်တည်း
အလုပ်ရှုပ်နေလေရဲ့ ။

အိမ်ကအဆင်သင့်လုပ်ကျွေးတာကိုပဲစားလာရတာဆိုတော့
ဒီလိုမျိူးကိုယ်တိုင် တစ်ခါမှမချက်ပြုတ်ဖူးဘူး။
အဲ့ဒါကြောင့် အရသာကကောင်းပါ့မလားမသိပေမယ့်
ကျွင်ကသဘောကျပေးရင်ကောင်းမှာပဲ။

မီးဖိုခန်းထဲပြာယာခတ်ပြီးပြေးလွှားနေတဲ့
ဂျယ်မင်းကိုကြည့်ပြီး ဒေါ်ကြီးကပြုံးနေလေရဲ့။
ခဏခဏပြသနာတတ်ပြီးရန်ဖြစ်နေတတ်တဲ့
ဒီကလေးနှစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့
မြန်မြန်အဆင်ပြေသွားကြရင်ကောင်းမှာပဲဆိုပြီး
အမြဲဆုတောင်းနေရတာ။

ဒီလိုကြတော့လဲ အစ်ကိုလေးဂျယ်မင်းက
ရွမ်ကျွင်လေးအပေါ်ဂရုတစိုက်ရှိပေးသားပဲ။
မနက်ခင်းလေးကတကယ်စိတ်ချမ်းသာစရာ
ကောင်းလွန်းတယ်။

"အစ်ကိုလေး ကျွန်မကူလုပ်ပေးစရာများရှိလားဟင် "

သူမေးလိုက်တော့ ခေါက်ဆွဲပြုတ်အိုးထဲကဟင်းရည်တွေကို
ပန်းကန်ထဲသေချာလောင်းထည့်ရင်း ဂျယ်မင်းကဒေါ်ကြီးကိုလှည့်ကြည့်လာတယ်။

တစ်ယောက်တည်းမလုပ်တတ် လုပ်တတ်နဲ့လုပ်နေတာ
အပူတွေလောင်ထားတာလဲ လက်ဖမိုးလေးကနီရဲနေတာပဲ။

"နေနေ ရတယ်ဒေါ်ကြီး
ကျွင့်အတွက်ကျွန်တော်ကိုယ်တိုင်လုပ်ပေးချင်လို့။
ဒေါ်ကြီးကကူညီချင်တယ်ဆိုရင် ခြံထဲကပန်းအဝါလေးတွေကို ကျွန်တော့ကိုသွားကူခူးပေးပါလား။
အပေါ်ထပ်ကကျွန်တော်တို့အိပ်ခန်းထဲက
ပန်းအိုးမှာထိုးချင်လို့။
ကျွင်နိုးလာရင် စိတ်ကြည်လင်အောင်လေ။
ကျွင်က ပန်းလေးတွေကိုသိပ်သဘောကျတာဒေါ်ကြီးရဲ့ "

"ဟုတ်ပြီ ဒါဆို ဒေါ်ကြီး ပန်းလေးတွေခူးလာပေးမယ် "

"ဟုတ် ဒါနဲ့ဒေါ်ကြီး "

"ဘာပြောမလို့လဲ အစ်ကိုလေး "

"ခူးပြီးရင် အဲ့ပန်းတွေ ကျွန်တော့ကိုပဲလာပေးနော်
ကျွန်တော်ကိုယ်တိုင်ထိုးမှာ "

Never( Completed)Where stories live. Discover now