ကျွန်တော်ချစ်သော လူကြီး(Unicode)

733 45 22
                                    

~~Ring Ring~~

ဆုပ်ကိုင်ထားသောဖုန်းမှ မြည်လာသော ဖုန်းသံ ကြောင့် Kim TaeHyungတစ်ယောက် ဖုန်းဖွင့် ကြည့်လိုက်တော့ မျှော်နေသောသူ၏ ဖုန်းမဟုတ် တော့သောကြောင့် တစ်ခနတော့ ငိုချင်သွားသည်..။ သို့သော်လည်း ကျွန်တော်ကိုင်လိုက်ပါသည်။

"ဟယ်လို..သား..သားအခုဘယ်မှာလဲ..အမေစိတ်ပူ လွန်းလို့ ပြန်လာပေးပါ သားရယ်..အမေ့ကို အကြောင်းစုံပြောပြ..အမေ အကောင်းဆုံးဖြေရှင်းပေး ပါ့မယ်.."

"အမေ‌ရှင်းပေးလည်း ဘာမှမထူးတော့ဘူး.. မရတော့ ပါဘူး..အားလုံးက..ပြီးသွားပြီ..ဘာမှမရှိတော့ဘူး အမေ.. သားလည်း ဘယ်မှမသွားပါဘူး.. စိတ်မပူပါ နဲ့.. ငမြစ်ဘေးမှာပဲ ထိုင်နေတာ.. ခနနေ ပြန်လာခဲ့ပါ့ မယ်.."

"အေးအေး..မြန်မြန်ပြန်လာခဲ့နော်..အမေ စိတ်ပူလို့ပါ ကွယ်.."

"ဟုတ်ကဲ့ပါ အမေ.."

ကျွန်တော့်ဘက်က အရင်ဖုန်းချလိုက်ပြီး မတ်တပ် ထရပ်လိုက်ကာ ကျယ်ပြောလှသော မြစ်ကြီးရဲ့ မျက် စိတစ်ဆုံးရဲ့ နေရာတစ်ခုဆီသို့ အသံကုန်ဟစ်ကာ အော်ပစ်လိုက်သည်...။

"ဘာလဲကွာ..လောကကြီးက ဘာလို့မတရားရတာ လဲ...ကျွန်တော် ဘာများအမှားလုပ်မိလို့ ကျွန်တော့်ရဲ့ အသည်းကို ခွဲရတာလဲ..မတရားဘူးဗျာ...လူကြီးကို ဘာလို့ လာခေါ်သွားရတာလဲ..ဟမ်..ကျွန်တော်နဲ့ လူ ကြီးရဲ့ ဘဝက ဘာလို့အဲ့လောက်ထိခက်ခဲနေရတာလဲ ဘာလို့လဲ...ဘာကြောင့် လောကကြီးက ရက်စက်ရ တာလဲ..."

ပါးပြင်ပေါ်တွင် မျက်ရည်များဖြင့် ရွှဲစိုနေပြီး ရင်ထဲ တွင်လည်း ပူလောင်နေသောကြောင့် ရင်တွင်းခံစားနေ ရသည်ကို ဖွင့်ဟပြောပစ်လိုက်သည်..။ သို့သော် လည်း ခံစားရတာတွေက ပျောက်ပျက်သွားသည် တော့ မဟုတ်ချေ..။

တကယ်တော့ သူဒီလိုခံစားရတာက အကြောင်းရင်း တစ်ရပ်ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်..။

--------------------------------------------------

~~Ring Ring~~

ခေါင်းအုံးဘေးတွင် ထားထားသော ဖုန်းမှ မြည်လာသ ဖြင့် Kim Taehyungက စမ်းတဝါးဝါးဖြင့် စမ်း ကာ ကောက်ကိုင်လိုက်သည်..။

ကျွန်တော်ချစ်သောလူကြီး(Uni+Zg)(completed)Where stories live. Discover now