ကျွန်တော်ချစ်သောလူကြီး(Zawgyi)

157 18 18
                                    

Zawgyi

~~Ring Ring~~

ဆုပ်ကိုင်ထားသောဖုန်းမှ မြည်လာသော ဖုန်းသံ ကြောင့်Kim TaeHyungက ဖွင့်ကြည့်လိုက်ရာ မျှော်နေသောသူ ၏ ဖုန်းမဟုတ်တော့သောကြောင့် တစ်ခနတော့ ငိုချင် သွားသည်..။ သို့သော် Taehyung ကိုင်လိုက်ပါသည်။

"ဟယ်လို..Taehyung..ဟေ့ရောင် မင်းဘယ် တွေ သွားနေတာလဲကွာ..ငါတို့ ဒီမှာ မင်းကို စိတ်ပူ လို့သေတော့မယ်.."

"ဘယ်မှမသွားပါဘူး..ငါမြစ်ဘေးမှာ ထိုင်နေတာ.. ခနနေ ပြန်လာခဲ့ပါ့မယ်.."

"အေးအေး..မြန်မြန်ပြန်လာခဲ့..မင်းကို မင်းမေမေ တော်တော်လေး စိတ်ပူနေကြတယ်..."

"အင်း.."

Taehyungက ဖုန်းချလိုက်ပြီး မတ်တပ်ထရပ် ကာ ကျယ်ပြောလှသော မြစ်ကြီးရဲ့ မျက်စိတစ်ဆုံးရဲ့ နေရာတစ်ခုဆီသို့ အသံကုန်ဟစ်ကာ အော်ပစ်လိုက် သည်...။

"လောကကြီးက ဘာလို့မတရားရတာလဲ...ကျွန်တော် ဘာများအမှားလုပ်မိလို့ ကျွန်တော့်ရဲ့အသည်းကို ခွဲရ တာလဲ..ဟား....မတရားဘူးဗျာ...လူကြီးကို ဘာလို့ လာခေါ်သွားရတာလဲ..ကျွန်တော်နဲ့ လူကြီးရဲ့ ဘဝက မလှပခဲ့ရဘူးဗျာ...ဘာလို့လဲ...ဘာကြောင့် လောက ကြီးက ရက်စက်ရတာလဲ..."

Kim Taehyungက ရင်ထဲတွင် ဗလောင်ဆူ နေသောကြောင့် ရင်တွင်းခံစားနေရသည်ကို ဖွင့်ဟ ပြောပစ်လိုက်သည်..။ သို့သော် ခံစားရတာတွေက ပျောက်ပျက်မသွားချေ..။

တကယ်တော့ သူဒီလိုခံစားရတာက အကြောင်းရင်း တစ်ရပ်ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်..။

--------------------------------------------------

~~Ring Ring~~

ခေါင်းအုံးဘေးတွင် ထားထားသော ဖုန်းမှ မြည်လာသ ဖြင့် Kim Taehyungက စမ်းတဝါးဝါးဖြင့် စမ်း ကာ ကောက်ကိုင်လိုက်သည်..။

"ဟယ်လို.."

အသံက အိပ်ချင်မူးတူးပုံ ပေါက်နေသော်လည်း အ ကောင်းဆုံးတော့ ထိန်းပြောခဲ့သည်.၊ သို့သော် မထူး။

"မထသေးဘူးလား.."

ဖုန်းတစ်ဖက်တစ်ချက်မှ ထွက်ပေါ်လာသည့်အသံက မရင်းနှီးသောသူစိမ်းတစ်ယောက်၏ အသံဖြစ်နေ သောကြောင့် Taehyungက မျက်လုံးစည်းကို ချွတ်လိုက်ပြီး ဖုန်းဆက်ခရင်ကို ကြည့်လိုက်သည်..။ နံပါတ်သစ်တစ်ခု..။ Kim Taehyung ဆိုတဲ့ လူက ကိုယ်နဲ့သိတဲ့လူရဲ့ ဖုန်းနံပါတ်တိုင်းကို နာမည် နှင့်တကွ မှတ်ထားတတ်သောကြောင့် ထိုနံပါတ်က အခုမှ ခေါ်တယ်ဆိုတာကို တန်းသိသည်...။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 13, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ကျွန်တော်ချစ်သောလူကြီး(Uni+Zg)(completed)Donde viven las historias. Descúbrelo ahora