မင်းကိုမချစ်ဘူး 14

2.4K 244 10
                                    


" မင်းကို မကွာပေးနိုင်ဘူး Jimin ''

" Jungkook ရယ် ငါပင်ပန်းနေပြီ ''

" သိပါတယ် မင်းကိုယ့်ကြောင့်ပင်ပန်းတယ်ဆိုတာ ဒါပေမယ့် ကိုယ့်ကို ရှင်းပြခွင့်တော့ပေးပါ ''

မနက်ကတည်းကနေ အနားကိုလာပြီး မကွာပေးဘူး လို့ ပြောတဲ့ Jungkook ကြောင့် Jimin ငိုချင်နေသည်။

" Jungkook ah သူ့ကိုတကယ်ချစ်တာမဟုတ်ဘူးလား ရည်းစားဟောင်းလေ ''

" မဟုတ်ပါဘူး အထင်လွဲနေတာပါ ကိုယ်ရှင်းပြပါရစေနော် ''

" အင်း ငါနားထောင်မယ် အမှန်အတိုင်းတော့ပြောနော် Jungkook ''

" ငါနဲ့ Taeyeon ဘာမှမဖြစ်ခဲ့ကြဘူး သူကိုယ့်ကိုလိုချင်လို့ မင်းမြင်အောင်တမင်လုပ်ကြံထားတာ အဲ့တာကို Taehyung လည်း သိတယ် ညတုန်းက သူဖုန်းဆက်ပြီးပြောပြတယ် ''

" ဟင် တကယ်ပဲလား ''

" inn ဒါပေမယ့် Taehyung နဲ့ဖုန်းပြောရင်းကားတိုက်သံလိုလိုကြားလိုက်တယ် Taehyung အဆင်ပြေရဲ့လား မသိဘူး ''

" Jungkook ka သူ့အိမ်သွားကြည့်ရအောင် စိတ်ပူလို့ ''

" အေးပါ အတူတူသွားရအောင် ''

ဆိုကာနှစ်ယောက်သား Kim အိမ်တော်သို့ သွားကြလေသည် ။ Jimin ခေါင်းထဲမှာတော့ မေးခွန်းပေါင်းများစွာဖြင့်......။

' Jungkook နဲ့ Taeyeon ဘာမှမဖြစ်ခဲ့ကြဘူးလို့ Taehyung က ဘာလို့ပြောရတာလဲ သူက ဘာလို့ Taeyeon ကိုကူညီပေးရတာလဲ သူနဲ့ Hoseok လမ်းခွဲသွားရတာလည်း Taeyeon ကြောင့်လား အာ မသိတော့ဘူး Taehyung နဲ့တွေ့မှ မေးတော့မယ် '

Kim အိမ်တော်ကိုရောက်တော့ ခြံဝမှာ ပန်းပင်ကိုရေလောင်းနေသည့် Taeyeon ကိုတွေ့ရလေသည် ။ Jungkook ကိုမြင်ပြီး ပျော်သွားပေမယ့် နောက်မှ Jimin ကိုမြင်တော့ ချက်ချင်းမျက်နှာတည်ပစ်လိုက်သည်။

" ဘာလာလုပ်တာလဲ ခုချိန်မှာ ရှင်တို့နှစ်ယောက် ကွာရှင်းရမယ့်အချိန်မဟုတ်ဘူးလား ''

" Taehyung ဘယ်မှာလဲ ''

Jimin ကမေးလိုက်ခြင်း ။

" ရှိတယ် ဘာလို့လဲ ''

" ခေါ်ပေးပါ ခနလောက်သူနဲ့စကားပြောချင်လို့ပါ ''

" သူနေမကောင်းဘူး မခေါ်ပေးနိုင်ဘူး ''

မင်းကိုမချစ်ဘူး ( Completed) Where stories live. Discover now