17

130 8 2
                                    


နေ့လည်က အနမ်းခံလိုက်ရပြီးတည်းက ထိုက်တော်ဝင်ကို မရှိသလိုသဘောမျိုးနှင့် မမြင်ချင်ယောင်ဆောင်နေလိုက်သည်။

ပထမက လုံးဝမခေါ်ဘူးလို့ဆုံးဖြတ်ထားပေမယ့် ကိစ္စတစ်ခုကိုသတိရလိုက်မိပြီးတော့ လျစ်လျူရှုလို့မရနိုင်တော့။ မခေါ်ချင်ပေမယ့် ထိုက်တော်ဝင်ကို ခဏခဏလှည့်ကြည့်နေမိသည်။

အမှန်တော့ ရှင်းသန့်ဖြူမခေါ်ရဲတာဖြစ်သည်။ ထိုက်တော်ဝင်ကိုကြည့်လိုက်မိတိုင်း နှုတ်ခမ်းနေရာကို မျက်စိကအလိုအလျောက်ရောက်သွားပြီး အနမ်းခံလိုက်ရသည့်မှတ်ဉာဏ်က တရိပ်ရိပ်ပေါ်လာတာကြောင့်ဖြစ်သည်။ ထိုက်တော်ဝင်ရဲ့နှုတ်ခမ်းက အပေါ်နှုတ်ခမ်းလွှာသည် တောင်ကုန်းပုံစံစုစုချွန်ချွန်လေးဖြစ်ပြီး ပြေပြေလေးဖြစ်နေသည်။ အောက်နှုတ်ခမ်းကတော့ အနည်းငယ်ထူပြည့်ပြည့်လေးနှင့် အလယ်ခွဲထားသည့်အရာလေးပါနေသည်။ ခြုံကြည့်လိုက်ရင် လေးသဏ္ဌာန်ဖြစ်သည်။ နှုတ်ခမ်းအရောင်က ပန်းရောင်ဖျော့ဖျော့လေးသန်းနေပြီး တည်နေသည့်အချိန်တွေမှာတောင် ထင်းထင်းလေးမြင်နေရသည့်အနားသတ်လှိုင်းနှင့် လှသည့်နှုတ်ခမ်းဖြစ်သည်။

ရှင်းသန့်ဖြူ ချည်အရောင်စပ်နေရင်း သူ့ကိုကျောပေးရပ်နေသည့်ထိုက်တော်ဝင်ကို စိတ်လွတ်စွာငေးနေမိသည်။ သတိမထားမိပဲငေးနေသည့်အကျိုးသည် ရှင်းသန့်ဖြူကို နောင်တရစေတော့သည်။ ထိုက်တော်ဝင်က ရေချိုးဖို့ပြင်နေတာဖြစ်ပြီး ရုတ်တရက်ကြီးအပေါ်ဝတ်ရှပ်အင်္ကျီကိုချွတ်ပစ်လိုက်တာကြောင့် ကောက်ကြောင်းကထင်းခနဲ။

"ဗုဒ္ဓေါ....."

ရှင်းသန့်ဖြူ အလန့်တကြား မျက်နှာလွှဲလိုက်မိပြီးတစ်ဆက်တည်း ဘုရားတလိုက်မိ၏။မျက်နှာတစ်ပြင်လုံးလည်းတစ်ခဏချင်းပင်ပူထူလာသည်။ အတန်ကြာမှပြန်ကြည့်မိလိုက်တော့ ထိုက်တော်ဝင်ကရင်ရှားရက်နှင့် ကိုယ့်ကိုပြုံးပြီးစိုက်ကြည့်နေတာတွေ့လိုက်ရတော့ မျက်လုံးကပြူးခနဲ။ တဘက်မပတ်ထားတာကြောင့် အပေါ်ပိုင်းပုခုံးသားဖြူဖြူဝင်းဝင်းကိုမြင်နေရသည်။ပြီးတော့ညာဘက်ညှပ်ရိုးအထက်နားလေးမှာ မှဲ့နက်လေးတစ်လုံးကိုလည်းရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ ထိုက်တော်ဝင်ရဲ့ ညှပ်ရိုးထက်ကမှဲ့နက်သည် အင်္ကျီဖုံးသည့်နေရာမှာရှိတာကြောင့်မမြင်ဘူးခဲ့ပေ။ စိတ်မလုံစွာအောက်ကိုကြည်မိလိုက်တော့ ခြေသလုံးတစ်ဝက်လောက်ထိသာဖုံးနေပြီး ခြေချောင်းရှည်ရှည်ဖွေးဖွေးတွေကိုမြင်နေရသည်။ ထိုက်တော်ဝင်ကိုရင်ရှားနဲ့တွေ့ဖူးတာပထမဆုံးဖြစ်တာကြောင့် ရှင်းသန့်ဖြူမှာ ခေါင်းစခြေဆုံး သတိလွတ်စွာ
လိုက်ကြည့်နေမိ၏။

Why! ongoing/ zawgyi (GL)Where stories live. Discover now