Episode(9)Visiting To Taoranting Park

548 63 9
                                    

Unicode

တစ်လှမ်းချင်း တစ်လှမ်းချင်း ခေါင်းငုံ့နေသော ခွေးပေါက်လေးဆီသို့.......

"ကျန့်ကော!!!!"

ခေါင်းငုံ့နေသော ခွေးပေါက်လေးကို ပွေ့ချီလိုက်တော့ ရှောင်းကျန့်လက်ထဲမှာ မြေကြီးပေါ်ရောက်နေသော ငါးကလေးလို ယက်ကန်ယက်ကန်.....

ကုတင်ပေါ် သာသာယာယာချပေးတော့ မျက်နှာကို လက်နှစ်ဖက်နဲ့ကွယ်ထားလေရဲ့....

"ကိုယ့်ကိုကြောက်နေတာလား"

"မကြောက်ပါဖူး"

"ဒါဆို ဘာလို့မျက်နှာချင်းမဆိုင်ရဲတာလဲ"

"ရှက်တယ်လေဗျာ ကျွန်တော့်first kissလေးကို အဲ့လူပျိုကြီးဟိုက်ခွမ်းက ဝင်ရှုပ်တာကို"

"ကိုယ့် second kiss ကဘယ်သူလဲသိလား"

"မ မသိဖူး... ဝေးဝေးသွား!!! အ.."

မျက်နှာကိုကွယ်ထားတဲ့ လက်နှစ်ဖက်ကို ရှောင်းကျန့်က လက်တစ်ဖက်ထဲနဲ့ဆွဲမြှောက်လိုက်ကာ
ကျန်လက်တစ်ဖက်ကို ရိပေါ်ရဲ့ မျက်နှာလေးကို ထိန်းကိုင်ထားတယ်

ပြီးတော့ ချိုမြိန်သော နူးညံ့သော အနမ်းတို့ကို ဒုတိယအကြိမ် ဖန်တီးကြတယ်

အခုအကြိမ်တော့ အနှောက်အယှက်မရှိတော့ပါ

အချိန်တစ်ခုကြာတဲ့အထိ နူးညံ့နွေးထွေးသော နှုတ်ခမ်းသားတို့ကို အလွတ်မပေးကြပါ

ခေတ္တကြာတော့မှ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်လိုက်ရသည်

မလွှတ်လို့မရဖူးလေ စာလာသင်ပေးတဲ့ဆရာကြောင့် တပည့်အသက်ရှူကျပ်ပြီးမေ့လဲသွားတယ်လို့ ကြားလို့မှမကောင်းတာ.....

"ကိုယ် သန့်စင်ခန်းခဏဝင်ဦးမယ် စာအုပ်ထုတ်ထား"

"ဟုတ်"

ကျန့်ကောက တော်တော်ဆိုးပါတယ်
ကျွန်တော့်နှလုံးသားတစ်ခုလုံး ဗြောင်းဆန်သွားအောင် လုပ်လိုက်တာပဲ
တကယ် အသက်ရှူကျပ်ပြီး မေ့လဲတော့မလို့ ကံကောင်းလို့သာပေါ့....

5:00မှာ အခန်းထဲစဝင်ပေမယ့် 5:30မှသာ စာ စသင်ဖြစ်တော့သည်.....

"ရိပေါ်ရာ ဘာစာမှလည်းမရှိဖူး"

Love That Began With MagicWhere stories live. Discover now