Part-1

9.1K 482 92
                                    

Zawgyi

သာယာလှတဲ့မနက်ခင်းလေးတစ်ခုတွင်
HYBE Uniကြီးမှာအလွန်ပင်သာယာလို့နေသည်။
စိမ်းစိုနေတဲ့မြက်ခင်းပြင်ကြီးကထိုUniကိုပတ်ဝိုင်း
ထားကာ စိမ်းစိုနေပြီး

အရွက်၊အခတ်တွေပြည့်နေတဲ့ ဝက်သစ်ချပင်
ကြီးရဲ့ ခြောက်ကပ်ကပ် ရနံ့တွေဟာထိုUniကြီး
ကိုပိုပြီးအသက်ဝင်စေနေသလို...

ယခုအချိန်ဟာ မနက်8နာရီပင်ဖြစ်ပြီးအတန်းတက်ရမည့်အချိန်မရောက်သေးတာကြောင့်
Uniကြီးထဲတွင် ကျောင်းသူ/သား များဟာအလွန်
ပင်ပြည့်နက်နေသည်။

လူသွားလမ်းဘေးရှိ နှစ်ယောက်ထိုင်ခုံလေးတွင်
ထိုင်ကာမုန့်စားတဲ့သူကစား၊စာကျက်တဲ့သူကကျက်
နဲ့ကျောင်းသူ/သား များဟာအလုပ်ရှုပ်နေကြသည်။

ဒီကြားထဲ ကျောင်းသားတစ်စုကCanteen
သွားကာအရေရ၊အဖတ်ရတာတွေပြောကာရီလိုက်၊
ဟိုဘက်စားပွဲမှာထိုင်နေတဲ့ ရုပ်ချောချော Senior
အကိုတွေကိုရှိုးလိုက်နဲ့ မအားလပ်ကျ...

ထိုHybe Uniကြီးရဲ့အနောက်ဘက်ခြမ်းကိုမည်
သူမှသိပ်မသွားကြမသွားတဲ့ထဲမှာမှသွားတဲ့လူတွေ
လည်းရှိတာပေါ့
ထိုuniရဲ့အနောက်ဘက်ရှိနံရံတွေကုတ်ချောင်း
ချောင်းနှင့်ပေါ်လိုက်ပျောက်လိုက်၊ပေါ်လိုက်ပျောက်
လိုက် ဖြစ်နေတဲ့ခေါင်းနှစ်လုံး...

'ဟျောင့်!သူတို့မလာသေးပါလား
မင်းပြောတော့သူတို့လာမယ်ဆို!'

'လာမှာပါကွာ လောမနေနဲ့သူတို့ဒီ
ကိုလာမယ်လို့ငါသတင်းအတိအကျရထား
ပြီးသားပါကွ'

'အေးပါ!မင်းပြောတဲ့အတိုင်းဟုတ်ရင်
ဟုတ်မဟုတ်ရင်မင်းအသေပဲ!'

လက်ထဲမှာပါလာတဲ့ ဒုတ်ကိုTaehyung
မျက်နှာရှေ့တွင်ဝေ့ရမ်းကာရိုက်မဲ့ပုံလို့လုပ်ပြ
နေတဲ့jimin

'အောင်မား!ဂျပုကများမင်းတယောက် ထဲဒုတ်
ပါတာမဟုတ်ဘူးငါ့မှာလည်းဒုတ်ပါတယ်! ဟိုမှာ
လာပြီလာပြီ'

'ဘယ်မှာလဲ'

Taehyungလက်ညှိးညွှန်ရာကိုကြည့်လိုက်တော့

"တွေ့ပါပြီကျက်သတုံးငါးယောက်ကော့လန်
ကော့လန်နဲ့အဝေးကနေကြည့်ရတာတောင်သူတို့
အခွက်တွေကိုမှတ်မိတယ်"

Call Me Baby {Completed}Where stories live. Discover now