{၁}U&Z

241K 15.6K 3.7K
                                    

Unicode

(တကယ့်လက်တွေ့ဘဝနှင့်ထပ်တူကျနိုင်သည့်ဝတ္ထုမဟုတ်ပါ။ စာရေးသူ၏စိတ်ကူးယဉ်ဝတ္ထုမို့ ကွဲလွဲချက်တွေရှိနိုင်ပါတယ်၊ ပြင်ပကတစ်စုံတစ်ရာကိုထိခိုက်စေလိုတဲ့စိတ်အလျင်းမရှိပါ။ )

Edited on 18th April,2022

ဒီဇာတ်လမ်းက ကျွန်တော်မမွေးဖွားသေးတဲ့ ကျွန်တော့်မိဘခေတ်ကို တမ်းတစိတ်နဲ့ရေးခဲ့တာပါ။ ဒါပေမဲ့လည်း ပြန်ပြီးအတိအကျလေ့လာတဲ့အခါမှာကျွန်တော် ယူချင်တဲ့ကာလအပိုင်းအခြားမှာ နိုင်ငံရေးပြဿနာတွေရှိခဲ့တာမလို့ ရန်ကုန်တက္ကသိုလ်ကို ပိတ်ထားပြီး ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာလည်း မိန်းထဲမှာ ကျောင်းသားတွေကိုမထားဘဲ ဒဂုံတက္ကသိုလ်ကိုပို့ပါတယ်။ ကျွန်တော်ကတော့ တက္ကသိုလ်အငွေ့အသက်နဲ့ မိန်းတက္ကသိုလ်မှာရှိတဲ့ကျောင်းသားသဘာဝကို ဖော်ကျူးချင်မိတာမို့ နိုင်ငံရေးကင်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝလေးတွေကို စိတ်ကူးနဲ့ပဲဖန်တီးခဲ့ပါတယ်။ အဲ့တာကြောင့် ဒီဇာတ်လမ်းလေးကိုဖတ်တဲ့အချိန်မှာ တကယ့်လက်တွေ့နဲ့တစ်ထပ်တည်းထပ်တူကျနေမှာမဟုတ်ပါဘူး။ သတိချပ်စေချင်ပါတယ်ဗျ။ ဒီဇာတ်လမ်းပါအကြောင်းအရာတွေက ရန်ကုန်တက္ကသိုလ်(မိန်း)ထဲက စာရေးသူရဲ့စိတ်ကူးနဲ့ဖန်တီးထားတဲ့ စိတ်ကူးသက်သက် ဇာတ်ကောင်များသာဖြစ်ကြောင်းအသိပေးပါရစေ။
ပြင်ပမှာရှိတဲ့ တစ်စုံတစ်ရာကိုထိခိုက်လိုစိတ်အလျင်းမရှိပါဘူး။

^^^^^^^^^^

(၁)

တီးတိုးစကားပြောသံတွေ။
ဖိနပ်ရှပ်တိုက်သံတွေ။လှုပ်ရှားမှုအစုစုတို့ ကြားထဲတွင် ငြိမ်သက် နေသည့်အရာဟူ၍ ကျောင်းဆောင်များနှင့် စောနရီ ဆိုသည့်ကောင်ကလေးသာ ရှိလိမ့်မည်။

စောနရီသည် ငြိမ်ငြိမ်ကလေးထိုင်နေရာမှ ပြတင်းပေါက်ဘက်ကို တစ်ချက်ကြည့်ကာ အပြင်ဘက်ကိုမျက်နှာမူမိသည်။
လေအဝှေ့တွင် သယ်လာသည့် ရနံ့တစ်စုံတစ်ရာရှိမနေပါ။ နတ်တော်လ သဇင်ပန်းပွင့်သည့်ရာသီဖြစ်ပေမဲ့ အနီးအနားတဝိုက်တွင် သဇင်ပန်းမှရှိမနေပါပဲ။

နွေရောက်လျှင်တော့ ကံ့ကော်နံ့တွေလှိုင်လှိုင်ထနေတော့မည်။ပန်းရနံ့မရပေမဲ့ ပြင်ဆင်ချယ်သလာသည့် ကျောင်းသူတချို့ရဲ့ ရေမွှေးနံ့တွေကတော့ ရနေဆဲပင်။
ဘာအမျိုးအစားတွေလဲဆိုတာကိုတော့ စောနရီမသိပါ။စိတ်လည်းမဝင်စားခဲ့ပါ။ခပ်စူးစူးအနံ့တွေကိုသူမကြိုက်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now