Minho ပြီးခဲ့တဲ့တစ်ခေါက်ရှဥ့်ကလေးနဲ့တွေ့ပြီး
ကထဲကဒီနေ့သုံးရက်မြောက်တဲ့နေ့အထိကောင်လေးနဲ့ထပ်မတွေ့ရသေးပါ။သူကောက်နေကျဝက်သစ်ချ
ပင်အောက်မှာသုံးရက်လုံးသွားစောင့်နေပေမဲ့
ကောင်လေးကရောက်မလာခဲ့။သူပြန်သွားတဲ့အချိန်မှကောင်လေးရောက်လာတာဖြစ်နိုင်သလို၊သူကိုယ်
တိုင်ကလဲဘယ်နေ့ဘယ်အချိန်ထိုကောင်လေးလာ
မယ်မှန်းမသိတာမို့လွဲနေတာဖြစ်နိုင်သည်။Sunday ကျမှပန်းခြံမှာသွားစောင့်နေရင်တွေ့နိုင်ပေမဲ့ အဲ့နေ့ထိ
စောင့်နိုင်ဖို့ Minho စိတ်တွေဂနာငြိမ်မနေနိုင်။
ဂိမ်းဆော့နေရင်းတောင် ဖုန်း screen ပေါ် ပေါ်လာ
တဲ့သူ့မျက်နှာလေးက Minho ရဲ့စိတ်ကိုမရိုးမရွဖြစ်စေသည်။Minho အဲ့ဒီကောင်လေးကိုတွေ့ချင်ပါသည်။
မြင်မြင်ချင်းအချစ်လားလို့မေးရင်တော့ဖြေဖို့အဖြေ
ရေရေရာရာမရှိ။အရင်တုန်းကအားတဲ့အချိန်တိုင်း
ဂိမ်းပဲဆော့နေတာကြောင့်ဘယ်သူ့ကိုမှလဲစိတ်ဝင်စားခြင်းမရှိခဲ့သလိုတွဲဖူးတဲ့လူလဲမရှိပါ။ဒီကောင်လေး
လောက်ချစ်ဖို့ကောင်းတဲ့လူမတွေ့ဖူးသေးလို့လဲဖြစ်
နိုင်သည်။ကိုယ့်စိတ်ကိုသေချာတော့မသိပေမဲ့အဲ့ဒီမျက်နှာ
ဖောင်းဖောင်းကောင်လေးကိုထပ်တွေ့ချင်သည်။
စကားပြောရင်းသူ့အကြောင်းတွေလဲသိချင်သည်။
သူမသိသေးတဲ့ဒီကောင်လေးအကြောင်းတွေဘယ်
လောက်တောင်ချစ်ဖို့ကောင်းနေမလဲတွေးကြည့်တာနဲ့တင်ရင်ခုန်ရသည်။လန့်သွားတဲ့ပုံလေးကတောင်
အိတ်ကပ်ထဲထည့်ထားချင်စရာကောင်းအောင်ချစ်ဖို့ကောင်းတဲ့ကောင်လေးမို့သူထပ်တွေ့ချင်မိတာတော့မမှားဘူးထင်သည်။တူတော်မောင်နှစ်ကောင်နဲ့အိမ်ချင်းကပ်ဆိုတာသိခဲ့ရတာကြောင့်မတတ်နိုင်တဲ့အဆုံး Minho သူ့အမ
အိမ်သွားဖို့သာပြင်ရသည်။ဒီလောက်အထိလုပ်ရင်
ရုပ်ပေါက်လွန်းမှာသိပေမဲ့ဘေးအိမ်ကကောင်လေးနဲ့
တွေ့ရနိုင်ခြေများသည်မလား။ဆက်စဉ်းစားမနေ
တော့ဘဲအမအိမ်သွားဖို့်သာပြင်ဆင်ရသည်။'မင်းကိုကိုယ်အရမ်းတွေ့ချင်နေတာမို့ဘယ်မှမသွားဘဲအိမ်မှာရှိနေပေးမယ်မလား။'