Part-24 (ပထမပိုင်း)

2.1K 136 17
                                    

Uni

3rd person pov

နေ့ရက်တွေကလည်း မြန်မြန်ဆန်ဆန်ဘဲ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့တယ် Xiao Zhan, Yibo နဲ့ အားယွမ်လေးတို့ကလည်း ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားကြပြီ သူတို့နှစ်ယောက် တရားဝင်လက်မထပ်ရသေးပေမယ့်လို့ပေါ့ ဒါပေမယ့် သိကြတဲ့အတိုင်းဘဲ Yibo ကတော့ Xiao Zhan ကိုသူ့မိန်းမလို့ဘဲတွေးတယ် သူညစာစားဖို့အတွက် Xiao Zhan တို့ဆီလာတယ် (ညစာနော် ညစာ မမှောင်ကြပါနဲ့) သူတို့သုံးယောက်ညစာအတူတူစားကြတယ် အဲ့တာပြီးရင်တော့ Yibo ကအားယွမ်လေးနဲ့အတူတူဆော့ပေးတယ်

တစ်ပတ်မှာ ခုနစ်ရက်ရှိတဲ့အထဲမှာမှ သူ (Yibo) Xiao Zhan အိမ်မှာ ငါးရက်လောက်နေတယ် တစ်ရက်က သူအလုပ်မှာ အရေးကြီးအစည်းအဝေးတစ်ခုကို မနက်အစောကြီးသွားရတာကြောင့် နောက်တစ်ရက်ကကျ ညအရမ်းညဉ့်နက်မှ အလုပ်ပြီးသွားတာကြောင့် Xiao Zhan ကိုအနှောက်အယှက်မဖြစ်စေချင်တာမို့မပြန်ဖြစ်တာ Yibo ရဲ့အဝတ်အစားတွေက Xiao Zhan ရဲ့ဗီရိုထဲမှာတောင်ပြည့်လုနီးပါးဘဲ

အားယွမ်လေးကတော့ သူ့ရဲ့ဒယ်ဒယ်(ဒယ်ဒီ)အိမ်ကိုလာပြီး သူ့နဲ့ဆော့ပေးတိုင်း ပျော်သလားဟေ့မောင်တို့ရေ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ အဲ့လိုဖြစ်နေတော့တာ သူ့မားမားက သူနဲ့မဆော့ပေးလို့တော့မဟုတ်ဘူး သူ့မားက ဒီဇိုင်းနဲ့ပတ်သတ်ပြီး အလုပ်သစ်တစ်ခုလက်ခံရထားလို့ မအားတာနဲ့ သူ့ကို အရင်ကလို အချိန်အများကြီးမပေးနိုင်ဘူးလေ

စနေနေ့မှာ သူတို့တွေ Xiao Zhan ရဲ့မိဘတွေဆီသွားလည်ဖို့စီစဉ်ထားတယ် အဲ့တာကြောင့် Yibo ရော Xiao Zhan ရောနှစ်ယောက်စလုံး တတ်နိုင်သလောက်မြန်မြန်သူတို့အလုပ်တွေကို လက်စသပ်နေရတယ် သူတို့စီစဉ်ထားတာတွေပျက်သွားမှာစိုးလို့လေ

ဒီတစ်ချိန်မှာတော့ စိတ်လှုပ်ရှားနေရတဲ့တစ်ယောက်က Yibo ရယ်ပါ Xiao Zhan ရဲ့မိဘတွေ သူကိုစိတ်ဆိုးပြီး ထရိုက်ရိုက် ဆူပူပြီးဘဲအော်အော် သူလုံးဝစိတ်ထဲထားမှာမဟုတ်ဘူး သူတို့တွေ (Xiao Zhan ရဲ့မိဘ) သာသူတို့နှစ်ယောက်ကိုလက်ခံပေးရင်ပိုကောင်းတာပေါ့

အားယွမ်လေးကတော့ သူရဲ့ဖိုးဖိုးနဲ့ဖွားဖွားကိုတွေ့ရတော့မှာမို့ပျော်နေလေရဲ့ အားယွမ်က သူရဲ့ဒယ်ဒယ်ကတော့စိတ်တွေလှုပ်ရှားပြီး ရင်တွေတုန်နေတာကိုမသိ အနောက်ဘက်ခုံမှာ သီချင်းလေးတောင်ငြီးနေလိုက်သေးတယ်

You've reached the end of published parts.

⏰ Last updated: Apr 28, 2021 ⏰

Add this story to your Library to get notified about new parts!

My Favorite Laoshi (Myanmar Translation)Crd To nnaj2004Where stories live. Discover now