{၃}U/Z

129K 11.8K 1.6K
                                    

ကျောင်းဖွင့်ပြီး ငါးရက်ကြာပြီးမှာတော့ စနေနေ့ကိုရောက်လာသည်။
မနက်ခင်းဟာစိုစွတ်ပြီးနေသာနေသည်။
နွေဦးမောင်သည် ဆေးမျက်မှန်ကိုတပ်ထားကာ English text book ထဲက note တစ်ချို့ကိုလက်ရေးစာအုပ်ထဲတွင်ကူးယူနေသည်။
ထိုnote များသည် ဖိုးခွားအတွက်သာဖြစ်သည်။
ဇေရဲကတော့ တစ်ဖက် ခုတင်ပေါ်တွင်အိပ်နေဆဲပင်။
မနက်ဆယ်နာရီခွဲလောက်ရှိနေပြီဖြစ်သော်လည်း
မနေ့ညက ဘေးခန်းကကောင်တွေနဲ့ လောင်းကြေး၅၀၀ဖြင့် chess ထိုးကြတာ ညနက်သွား၍ဖြစ်သည်။နွေဦးမောင်ကတော့ ပွဲကြည့်ပင်။
ထုံးစံအတိုင်းဇေရဲရှုံးတာပါပဲ။
ကျောင်းဖွင့်စမို့ ကြေးကြီးနေတာ။နောက်ဆို သည်ကောင်တွေ ၅၀/၁၀၀ လောက်သာ လောင်းရဲတော့မည်ဖြစ်သည်။ဒါဟာကျောင်းသားတိုင်း၏ထုံးစံပင်။

"နွေဦးမောင် ဧည့်သည်လာသွားတယ်၊ ဒီလမ်းထိပ်မှာစောင့်နေမယ်တဲ့၊ငါပြန်လာတော့ ယောင်လည်လည်ဖြစ်နေတဲ့သူ့ကိုတွေ့လို့!"

"ဟုတ်ကဲ့အစ်ကို ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်"

Hall tutor က ဖွင့်လျက်ရှိနေသော တံခါးဝတွင် လာပြောသွားတာကြောင့် နွေဦးမောင် ပူအိုက်၍ဖြုတ်ထားသောကြယ်သီးတွေကိုပြန်တပ်လိုက်သည်။အဆောင်ထဲထိဝင်လာဟန်မတူရင် လာသည့်ဧည့်သည်က မိန်းကလေးပင်ဖြစ်ရမည်။

အဆောင်ကနေ အဓိပတိလမ်းဘက်ကိုဆက်ထားသည့် လမ်းသွယ်ပေါ်တက်လိုက်တော့ ထောင့်ချိုးလေးနားတွင် ကျောပေးကာမတ်တပ်ရပ်စောင့်နေသော ပန်းငပိရောင်ဝမ်းဆက်ဝတ်ထားသည့်မိန်းမပျိုကိုတွေ့ရသည်။
ဘယ်သူလဲဆိုတာသူအတပ်သိလိုက်သည်။ခေတ်စားနေသည့်ထဘီတိုထက် ထဘီကိုခြေမျက်စိအောက် တရွတ်တိုက်ဝတ်တတ်ပြီး။
အင်္ကျီခါးရှည်ခေတ်တွင် ခါးတိုကိုသာစွဲမြဲစွာဝတ်တတ်သောသူ။

အနောက်လှည့်ကြည့်လာချိန်တွင် မျက်နှာဖူးဖူးလေးကအလိုမကျဟန်ပြနေသည်။
"နွေဦးမောင်။ ငါစောင့်ရလို့သေတော့မှာပဲဟယ်"

"ဘယ်သူလိုက်ပို့တာလဲ?"

ပန်းဦးမေသည် အပြုံးဟန်ချီရင်း
"ဘယ်သူ့မှလိုက်မပို့ဘူး။မနေ့ကပဲ ကျောင်းနားလေးကအဆောင်ကိုပြောင်းလိုက်တယ်လေ။အပြင်ဆောင်!"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now