EP1

351 10 2
                                    

ဆည်းလည်းသံလေးချိုချို (၁)

ရထားဥသြသံရှည်ကြီးနဲ့ အတူသူ့ရဲ့ သက်ပြင်းချသံ ရောထွေး သွားတာမို့ ဘယ်သူမှ သတိထားမိလိုက်မှာ မဟုတ်ပေ။ ခုမှပဲ သူသက်ပြင်း ချနိုင်တာပေါ့။ ရထားပေါ်မှာသူလဲ ရပ်လိုက်ရော ရထားလဲ ထွက်ရောကိုး။
"ဟူးးးးး"
"ကောင်းစစ် ဒီကိုလာ ဟျောင့်"
လှမ်းခေါ်တဲ့ အသံကြောင့် သူ သူငယ်ချင်းတွေ ရှိရာကို အပြေးလေး လျှောက်သွားလိုက်ပါတယ်။ ဟိုရောက်တော့ သူငယ် ချင်းတွေက လူစုံနေပေပြီ။ သူလွတ်တဲ့နေရာမှာ ဝင်ထိုင်ချ လိုက်ပါတယ်။ လွယ်ထားတဲ့ ဂစ်တာအိပ်ကို ရထားပြတင်းပေါက်နားမှာ ချလိုက်ပြီး ကျောပိုးအိတ်ကို ရှေ့မှာ ထိုင်နေတဲ့ သူရိန့်ကို လှမ်းပေးလိုက်ရင်း
"မောလိုက်တာကွာ သေမတက်ပဲ ဟူး"
သူရိန်က သူ့ကျောပိုးအိတ်ကို အပေါ်ကစင်လေးပေါ် လှမ်း တင်နေတုန်း သူရိန့် ဘေးမှာ ထိုင်နေတဲ့ စုစုက
"အဲဒါကြောင့် နင့်ကို ပြောတာပေါ့ ဘယ်တော့မဆို အမြဲတမ်း နောက်ကျ ဘယ်သွားသွား နင့်ပဲ အကုန်လုံးက လိုက်စောင့်"
သူ စုစု စကားမဆုံးခင် လက်ကာ ပြလိုက်ခါ
"ရေဘူးပေး နင့်တော်ကီတွေ နောက်မှလွှတ် မောရတဲ့အထဲ"
"ရော့ရော့ အဖေရေ"
သူ စုစု ပေးတဲ့ ရေဘူးကို ယူခါ မော့သောက်လိုက်ပါတယ်။ ဒီခရီးကို သူငယ်ချင်းတွေ အတူတူစုပြီး ထွက်လာကြတာ အားလုံးပေါင်း ၆ ယောက်ပါ။ လူအပို ၂ ယောက်ပါဦးမယ်လို့ပြော ထားတာမို့ အားလုံး ၈ ယောက်ပေါ့။ ရေသောက်ပြီး ပါးစပ်ထဲက လက်ကျန်ကို ရထား ပြတင်းပေါက်ဖက် လှမ်းထွေး လိုက်စဉ် ဘေးနားမှာ ထိုင်နေတဲ့ ကောင်လေးကို သတ်ထားမိ သွားပြီးမှ
"စောတီးနော် ညီလေး"
ကောင်လေးက ခေါင်းပဲငြိမ့်ပြခါ ပြတင်းပေါက်ဖက် ပြန်လှည့် သွားတာမို့ ကောင်း ပုခုံးကို တွန့်လိုက်ရင်း ရေဘူးကို စုစုစီ လှမ်းပေးလိုက်ပါတယ်။ သူတို့က လေးယောက် မျက်နှာခြင်းဆိုင် ၄ ခုံ ဘေးချင်းယှဉ်ရက်မှာက အေးစိမ့်နဲ့ အောင်ကြီးက တစ်တွဲထိုင်ခါ သူတို့ရှေ့မှာ မဟော်နဲ့ သူ့ဘေးမှာ သူ့စော် လို့ပြောတဲ့ သူတို့နဲ့ မိတ်မဆက်ပေးရသေးတဲ့ ကောင်မလေး တစ်ယောက်။ အောင်ကြီးက သူ့ကို
"ဘယ်လိုဖြစ်တာပြန်တာလဲ ကောင်းစစ် မင်းလဲ အမြဲတမ်းပဲ"
"အေး ငါကလာတာ အချိန်မှန်တယ် ဟေ့ကောင် မင်းဘကြီး ကားလမ်းတွေက သေမတက် ပိတ်နေတာလေ"
"ပြောလိုက်ရင် အဲ့လိုပဲ စိတ်တွေပူတာ သေတော့မယ်"
"တော်စမ်းပါ အေးစိမ့်ရယ် နင့်ဘေးမှာ အောင်ကြီး တစ်ယောက်လုံး ထားပီး ငါ့ကို လာ ဖီး ပြမနေနဲ့"
"မသာပြောတော့မယ် ပေါက်ကရတွေ"
"ဟားးးး"
မဟော်ကတော့ နားကြပ်တပ်ခါ မျက်လုံးတွေ မှိတ်ရင်း နှပ်နေလေပြီ။ သူ ထိုင်တာက ရထားဦးတည်ရာဖက်ကို မျက်နှာမူ ထားတာမို့ ညနေခင်းရဲ့လေပြေက အေးအေးလေး နဲ့ဆိုတော့ နေလို့ ကောင်းလှ ပါတယ်။ ရထားက မြို့ပြင်ရောက်တာနဲ့ အားလုံးက နှပ်ဖို့ ပြင်ကြတာပေါ့။ ကောင်း က စုစုနဲ့ သူရိန့် ကြားက မုန့်တွေ ထည့်ထားတဲ့ အိတ်ထဲကနေ ရင်ကွဲသီး ထုပ်လေးကို ယူခါဖောက်လိုက်ပြီး စားနေတုန်း အေးစိမ့်က
"ကောင်း ငါ့ကိုနဲနဲကျွေးဦး"
"ဘာလဲ နင်မစားဘူးလို့လား အေးစိမ့်"
အေးစိမ့် မျက်နှာမဲ့သွားခါ
"အေး ဟုတ်တယ်ဟေ့ ဟုတ်တယ် မစားဖူးလို့ နဲနဲလောက် ကျွေးပါရှင့်"
"အော် အေး အေး စားစား လမ်းက ကလေးတွေ လာတောင်း ရင်တောင် အကြွင်းအကျန်လေးတွေ ပေးရကျွေးရသေးတာပဲ ရော့ ရော့"
ကျန်တဲ့သူတွေ လိုက်ရီကြတယ်။ သူရိန်က
"မဟော် မင်းစော်ကို ကောင်းစစ်နဲ့ မိတ်ဆက်ပေး လိုက်ဦးလေ ကွာ"
မဟော်က နားကျပ်ကို ချွတ်လိုက်ရင်းက
"တော်ပါတော့ကွာ ဒီကောင်နဲ့ မိတ်ဆက်ပေးမယ့် မစား"
"မိတ်ပဲလိုက်ခိုင်း လိုက်မလို့လား"
မဟော့် စကားမဆုံးခင် သူအတင်းလုခါ ဝင်ပြောလိုက်တာမို့ ကျန်တဲ့သူတွေ ရီလိုက်ကြသလို မဟော်ကလဲ သူ့ကို လက်နဲ့ လှမ်း ရိုက်လိုက်ရင်းက ဆဲလာတာမို့ သူရီရင်းက ရှောင်လိုက်ပါတယ်။
"ခွေးကောင်"
"အဲဒိလိုပဲ အိဖြိုးရေ အဲဒိ့ကောင်က မျက်နှာရူး"
စုစု က မဟော့်ကောင်မလေးကို လှမ်းပြောတာကို သူက
"အေးပါကွာ အဲဒိ့မျက်နှာရူးလေးကို မရလို့ နင်တို့ရရာ သောက်ရူး တွေပဲ ကောက်တွဲလိုက်တာ မဟုတ်လား"
"အမယ် ဖြစ်ရမယ်"
သူတို့တွေ ရီမောနေတုန်း ဘေးက ကောင်လေး ငြိမ်နေတာ သတိထား မိတာမို့ လှည့်ကြည့်လိူက်တော့ ပြတင်းပေါက်ကို သာငေးနေပြီး အရီအပြုံး မရှိ ပကတိ တည်ငြိမ်နေလေရဲ့။
သူရှေ့က သူရိန်ပေါင်ကို ပုတ်ခါ ကောင်လေးကို မေးဆတ်ပြ ရင်းက
"သူကကော ဘသူလဲ ငြိမ်လှချည်လား"
လို့မေးလိုက်တော့ သူရိန်ကမဖြေပဲ စုစုက
"အဲဒါ ငါ့မောင်ဝမ်းကွဲလေ နာမည်က မင်းချမ်းမြေ့ တဲ့ သူက မွေးထဲက စကားမပြောတက်ဘူး"
"ဟင်"
သူတကယ် အ့ံသြသွားပါတယ်။ ကောင်လေးက ငယ်ငယ်ချောချောလေးရယ်။ အလွန်ဆုံး ရှိလှ ၁၈/၁၉ ပေါ့။ သနားစရာ။ ခုနကတော့ စိတ်ထဲ တမျိုးထင်မိသေးတယ် သူက မာန ကြီးနေတာလား ဘာလားပေါ့။ စုစုက ချမ်းမြေ့ ပေါင်ကိုပုတ်ခါ သူ့ကို လက်ညှိုးထိုးပြတော့ ကောင်လေးက သူ့ကို ကြည့် ရင်း ခေါင်းငြိမ့်ပြုံးပြ လာပါတယ်။
ကောင်လေးပြုံးပြလိုက်တာ သူ့ရင်ထဲမှာ လှပ်ခနဲ ဖြစ်သွားရ တယ်။ ထူးခြားတဲ့ ခံစားမှု တစ်ခုပါပဲ။ သနားသွားတာ ထင်ပါရဲ့။ သူခေါင်းကို ငြိမ့်ရင်း နှစ်နှစ်ချိုက်ချိုက် ပြန်ပြုံး ပြလိူက်ပါတယ်။ ကောင်လေး ဟိုဖက်ပြန်လှည့်သွားမှ သူ စုစုကိုကြည့်ခါ နားရွက်ကို လက်ညှိုးထိုးပြရင်း နားရောကြားလား ဆိုတဲ့ အဓိပ္ပါယ်နဲ့ မေးတော့ စုစုက ခေါင်းခါပြပါတယ်။ သူပြုံးပြ လိုက်ရင်းက
"သိပါဘူးဟာ မိစု အဖော်ခေါ်လာမယ်ဆိုတော့ စော် အလန်း လေးများလားလို့ ဟားဟား"
"နင့်အတွက် အနှောက်အယှုက်မဖြစ်ပါဘူးနော် ကောင်း"
"ဟာ မဖြစ်ပါဘူး ဟာ ငါက သက်သက်စတာပါ"
"အင်းပါ သူကလဲ ဘုရားမှာ သူကိုယ်တိုင် ဆည်းလည်းလေး လိုက် လှူချင်တယ် ဆိုတော့ ငါလဲ ခေါ်ခဲ့လိုက်တာ"
"အေးပါဟာ နင်တို့ အတွဲကိုယ်စီနဲ့ ဆိုတော့ ငါအဖော်ရတာ ပေါ့ ဟုတ်ဘူးလား"

ဆည်းလည်းသံလေးချိူချိူWhere stories live. Discover now