EP2

100 7 0
                                    

ဆည်းလည်းသံလေး ချိုချို (၂)

ကားက ခြံဝင်းထဲရောက်တာနဲ့ ဆွဲငင်စွာ အူလိုက်တဲ့ ခွေးတစ်သိုက် အသံဘယ်နေရာ ကမှန်းမသိ ညံစီစွာ ထွက်လို့လာလေရဲ့။
"ဝု ---- အူး ----------"
"အောင်ကြီးရေ ကြည့်လဲလုပ်ပါဦးဟရ်"
"အေးဟာ ကြက်သီးတွေတောင်ထတယ်"
သူတို့ပြောနေတုန်းမှာပဲ ကားက အိမ်ကြီးရဲ့ စင်ဝင်အောက်ကို ထိုးရပ်လိုက်ပါတယ်။ ဒါပေမယ့် ကားမောင်းသူ အပါအဝင် ဘယ်သူမှ ကားပေါ်က မဆင်းဖြစ်ကြသေးပေ။ အားလုံးရဲ့ အကြည့်တွေက အိမ်ကြီးအနှံ့ လိုက်လံ ကြည့်နေမိကြစဲ။
"သေချာတယ် ဒါငါတို့ Book ထားတဲ့ အိမ်မဟုတ်ဘူး"
"ကဲ မထူးဘူး ဆင်းကြကွာ အဆင်မပြေလဲ မနက်ပြန်ပြောင်း လို့ရတာပဲ"
"ဘာမှ မကြောက်ကြနဲ့ ကို့အဖွဲ့လဲ လူများတာပဲ"
"ဟဲ့ လူများပေမယ့် အန္တရယ်ဆိုတာ မြင်ရတာကော မမြင်ရ တာကော ရှိလာနိုင်တယ်လေ"
"အော် မိစုရယ် စကားတွေ များလိုက်တာ လာဆင်း"
သူတို့ ကားပေါ်က ဆင်းခါ ပစ္စည်းတွေ ချလို့ပြီးတဲ့ အထိ အိမ် တံခါးမကြီးက မဖွင့်လာသေးပေ။
"ဟျောင့် အောင်ကြီး တည်းခိုခန်းကော ဟုတ်လို့လားကွာ ဘာ ဆိုင်းဘုတ်မှလဲ မတွေ့ဘူး"
"ဟုတ်လောက်ပါတယ် ဒီတောင်ပေါ်မှာ ဒီတစ်ခုပဲရှိတာ"
သူရိန့်အမေးကို အောင်ကြီး မဖြေခင် ကိုကျော်ဝင်းက ဝင်ပြီး ဖြေလိုက်တာပါ။
"အဲဒိ့တစ်ခု မဟုတ်ဘူးလေဗျာ အခုက"
"ကဲ ထားလိုက်ပါကွာ လက်တလောကိစ္စကို အရင်ရှင်းစမ်းပါ"
ကောင်း ဝင်ပြောလိုက်ပြီး အိမ်တံခါးမကြီးနား ကပ်ခါ တံခါး ခေါက်ဖို့ ပြင်နေတုန်း သူ့နောက်ကို လိုက်ကပ်ခါ သူ့ကိုယ်လုံးနောက်မှာ ကွယ်ပြီး ရပ်နေတဲ့ ချမ်းမြေ့ကို လှည့်ကြည့် လိုက်မိပါတယ်။ မိစုက သူရိန့်နားကပ်နေတော့ သူလဲ ကြောက်လို့ နေမှာပေါ့။ ကောင်း ခေါင်းငြိမ့်ပြလိုက်ပြီး တံခါးကို ခေါက်လိုက်ပါတယ်။
"ဒေါက် .. ဒေါက်"
"ဒေါက် .. ဒေါက်"
"ဟင်"
အံ့အားသင့်သွားတာက တံခါးကို အထဲက ပြန်ခေါက်နေတဲ့ အသံမျိုးကို ကြားလိုက်ရလို့လေ။ ချမ်းမြေ့က သူ့ လက်မောင်းကို လာကိုင်ခါ သူ့နားကို လူချင်းထိအောင်ပိုပြီး တိုးကပ် လို့လာပါတယ်။ နောက်တစ်ကြိမ် ခေါက်ကြည့်တော့လဲ ထို သို့ပင် ပြန်မည်လေရဲ့။
"ဘာဖြစ်တာလဲ ကောင်းစစ်"
"အထဲက ပြန်ခေါက်နေသလိုပဲ"
"ဟင် ဟုတ်လား"
"ဟဲ့ မသွားနဲ့ ငါကြောက်တယ်"
အောင်ကြီး က မေးပြီး တံခါးနား လာမလို့ လုပ်တော့ အေးစိမ့်က အောင်ကြီး လက်ကို ဆွဲထားပါတယ်။
"လာလာ အကုန် နားထောင်ကြည့်"
အားလုံး တံခါးမကြီးနားကို ခေါင်းတွေ တိုးခါ နားထောင်ဖို့ပြင် လိုက်ကြပါတယ်။ ကောင်းစစ် နောက်တစ်ကြိမ် ထပ်မံခါ ခေါက်လိုက်စဉ်မှာ
"ဒေါကျ . ကြှီးးးးးးးးးးးးးးး"
တစ်ချက်ပဲ ခေါက်ရသေးတယ် တံခါးမကြီးက ဖြေးညှုင်းစွာ ပွင့်လို့လာပါတယ်။ ကောင်း လက်ကိုမြှောက်ထားရင်းက အထဲကို ကြည့်လိုက်မိသလို အားလုံးရဲ့ ခေါင်းတွေကလဲ အထဲကို မျက်နှာမူလျက် ဝိုင်းကြည့် လိုက်ကြပါတော့တယ်။
မြင်လိုက်ရတာက မှိန်ပြပြ မီးရောင်နောက်ခံကြောင့် ထင်ရဲ့ မတ်မတ်ကြီး ရပ်နေတဲ့ လူရိပ်တစ်ခု။ မျက်နှာကို အာရုဏ်စိုက်ခါ ကြည့်လိုက်မိတော့
"ဟာ"
"ဟင်"
"ဟရ်"
အတော်လေး ချောမောတဲ့ မိန်းမပျို တစ်ဦးပါလား။ ဒါပေမယ့် သူမ မျက်နှာက လိုတာထက်ပင်ပို၍ တည်ငြိမ်နေသရောင် ထင်မိတယ်။ ဝတ်ထားတာက မြန်မာဆတ်စွာ ယဉ်ယဉ်လေး လှလို့နေပါတယ်။ ထူးခြားတာက သူမခေါင်းထက် ကြီးနေတဲ့ သူမနောက်က ဆံထုံးကြီး။
"ဘာများ အကူအညီ ပေးရမလဲ"
သူမထံက စကားသံ ကြားတော့မှ ကောင်း သတိပြန်ခါ ဝင်လာသလို ကျန်တဲ့သူတွေလဲ ပြန်ပြီး သတိထားခါ ရပ်လိုက် ကြပါတယ်။ အောင်ကြီးက
"ကျနော်တို့ ငှားထားတဲ့ resort ကိုမတွေ့လို့ဗျ လမ်းညွှန် ပေးလို့ ရမလား သိရင် တစ်ချက်လောက် ကူညီပေးပါလား"
"ဒီတောင်ပေါ်မှာ တည်းခိုခန်းက ဒီတစ်ခုပဲ ရှိတာပါ"
ကောင်မလေး ပြန်ဖြေတော့ ကောင်းက ဝင်ခါ
"အဲဒါဆို ကျနော်တို့ တစ်ညလောက် ဒီမှာ တည်းလို့များ ရမလားဗျ"
"တည်းလို့ ရပါတယ် အထဲကို ဝင်ကြပါ"
ကောင်မလေးက ပြောပြီး အထဲကို ပြန်ဝင်သွားတော့ သူတို့လဲ အထုပ်တွေဆွဲခါ လိုက်ဝင်မလို့ လုပ်နေတုန်း
"အကို ပြန်တော့မယ် အောင်ကြီး အဆင်မပြေရင် မနက်ကို ဖုန်းဆက်လိုက် အကို လာခဲ့မယ်"
"ဟုတ်ကဲ့ ကိုကျော်ဝင်း မနက်ဖြန်ကျ ကျနော် ဖုန်းဆက် လိုက်ပါ့မယ်"
ကားလေးထွက်သွားတာနဲ့ သူတို့လဲ အိမ်ကြီးထဲ ဝင်ခဲ့လိုက် ပါတယ်။ အိမ်ကြီးထဲရောက်တော့မှ အိမ်တွင်းက ပြင်ဆင်မှု တွေကို သေချာ ပြင်ဆင်ထားတာပဲ။ ဒါပေမယ့် အားလုံးက အနည်းငယ် ရှေးကျ နေသယောင် ထင်မိရဲ့။ မီးတွေကလဲ တမင်ပဲ အလှဆင်ထားတာလား မပြောတက် ဟိုးယခင်က အောက်လင်းဓါတ်မီး မှန်အိမ်ပုံစံမျိုးတွေ အတော်များများကို မီး လျော့ခါ လင်းတယ်ဆိုရုံလေး ထွန်းညှိုထားပါတယ်။
ပထေမဆုံး အးစိမ့် ဧည့်ခန်းက ဆိုဖာမှာ ထိုင်လိုက်စဉ် လက်က တစ်စုံ တစ်ခုကို စမ်းမိတာကြောင့် ကြည့်လိုက်တော့
"ဟင် ဖုံတွေ မနည်းပါလား"
မေးစိမ့်စကားကြောင့် အားလုံး ဆိုဖာခုံတွေကို ကြည့်လိုက်တော့ အကုန်ဖုံအလိမ်းလိမ်းနဲ့။ စားပွဲပေါ်သာမက ထိုးထားတဲ့ ပန်းခြောက်လေးတွေပင် အရောင်အမြင်ရအောင် ဖုံတို့နဲ့ မဲသဲလို့ နေပါတော့တယ်။
"ဒါသာမန်ရိုးကျတော့ မဟုတ်ဘူး တစ်ခုခုတော့ လွဲနေပြီ"
"ပြန်ကြမလား ဟင်"
"ကားကပြန်သွားပြီလေ"
"ဟာ ဖုန်းကလိုင်းမတက်ဘူး ကောင်းစစ် မင်းဖုန်းကော"
အောင်ကြီး စကားကြောင့် အကုန်လုံးဖုန်းတွေ ထုတ်ခါကြည့် လိုက်တော့ No Service တွေသာ ဖြစ်နေကြ ပါတော့ရဲ့။
"ဒုက္ခပါပဲ ငါတော့ ဒီမှာနေကို မနေချင်တော့တာ ဒီတိုင်းပဲ လမ်းလျောက်ပြန်ကြ မယ်ဟာ"
"အပြင်မှာလဲ တောကြီးထဲမှာ ဘယ်လို လုပ်ကြမလဲ မှောင်ကမှောင်နဲ့"
"အခန်းရပါပြီ"
သူတို့ပြောနေတုန်း ကောင်မလေး အသံကြားတာမို့ ကြည့်လိုက်တော့ အပေါ်ထပ်လှေခါး ထိပ်မှာရပ်နေတဲ့ ခုနက ကောင်မလေးကို တွေ့ရတာမို့ သူတို့ အပေါ်တက်ရမလိုလို မတက်ရမလိုလို ဖြစ်နေတုန်းမှာပဲ
"အပေါ်ထပ်ကို သွားလို့ ရပါပြီ"
"အမလေး"
"အား"
"ဟာ"
အောက်ထပ်မီးဖို ခန်းထဲမှ ထွက်လာရင်း ပြောလိုက်တဲ့ ခုနက ကောင်မလေးကို တွေ့လိုက်ရပြန်တာမို့ အားလုံး ထိပ်လန့်သွားခါ အပေါ်ထပ်ကို ပြန်ကြည့်လိုက်တော့ ခုနက ကောင်မလေးက မတ်တပ်ရပ်လျက်ပင်။
နှစ်ယောက်စလုံးက ၂ ကိုယ်ခွဲထားသလို အဝတ်အစား ရုပ်ရည် အပြင်အဆင်က အစ တူနေတာမို့ အမွှာတွေလို့ပဲ ယူဆခါ အပေါ်ထပ်ကို မတက်ချင် တက်ချင်နဲ့ တက်လိုက် ခဲ့ ပါတော့တယ်။
အပေါ်ထပ်ရောက်တော့ ၂ ယောက်ခန်း ၄ ခန်းပေးပါတယ်။
"အားလုံး တစ်ခန်းထဲမှာ နေလို့ မရဘူးလား အခန်းကျယ် ရှိရင်ပေးပါ"
သူရိန့်စကားကို အားလုံးက ခေါင်းငြိမ့်ခါ ထောက်ခံလိုက်ကြ ပါတယ်။
"မရှိပါဘူး တစ်ယောက်ခန်းနဲ့ နှစ်ယောက်ခန်းပဲ ရှိပါတယ်"
"ဟာကွာ နေပေ့စေ ရတဲ့ အခန်းထဲမှာပဲ အကုန်စုနေမယ်"
အခန်းထဲမှာ နှစ်ယောက်အိပ်သစ်သားကုတင် ကြီးသာ ရှိပြီး မီးကလဲ ခုနကလို အောက်လင်းဓါတ်မီးသာ ထွန်းထားပါတယ်။
အခန်းထဲ အကုန်လုံးစုပြုံ ဝင်လိုက်ခါ မဟော်က အခန်းတံခါး ကို အမြန်ပြန်ပိတ်လိုက်သလို ချမ်းမြေ့ကလဲ အောက်လင်းမီးကို ပိုလင်းအောင် ချဲ့ လိုကိပါတယ်။
စုစုက ကုတင်ကို ကိုင်ကြည့်တော့ ခုနလိုပဲ ဖုံတွေနဲ့မို့
"ဟာ ဒီမှာလဲ ဖုံတေချည်းပဲ"
"အိပ်ယာခင်းကို ချွတ်လိုက် စုစု ဖယ်ဖယ်"
အိဖြိုးက အိပ်ယာခင်းစကို ဆွဲဖယ်လိုက်စဉ်
"ဟာ"
"ဟင်"
"ဘာတွေလဲ"
"ဆံပင်တွေလား"
အိပ်ယာခင်းအောက်က ထွက်လာတာက ဆံပင်ကျွတ်တွေ အထွေးလိုက်ကြီး။
"ဟား စိတ်ပျက်ပါတယ်ကွာ"
သူတို့ အခန်းထဲကို အနည်းငယ် ရှင်းလိုက်ပြီး ကုတင်ပေါ်မှာ အားလုံးစုထိုင်နေ လိုက်ကြတယ်။ အားလုံးက ဘာသံမှတ်မ ထွက်သလို ဘယ်သူမှလဲ အိပ်မငိုက်ကြပါ။ အသံနားစွင့်နေ ကြတာလေ။
ချမ်းမြေ့ကလဲ ကောင်းနားကပ်ခါ ထိုင်ရင်း ကောင်းရဲ့ အင်ကျီစကို ဆွဲထားတာ လုံးဝမလွှတ်ပေ။
အဲဒိ့အချိန်မှာပဲ မဟော်က ထရပ်လိုက်တာမို့ အားလုံးအကြည့် တွေ သူ့စီရောက်ကုန်ကြတယ်။ အိဖြိုးက
"ကို ဘာလုပ်မလို့လဲ"
"ခနလေး ဟိုဖက်အခန်းက သီချင်းဆိုသံ ကြားလို့ ဧည့်သည် ဆိုရင် ငါတို့ အဖော်ရတာပေါ့"
ပြောလဲပြော မျက်လုံးကလဲ သူတို့နောက်ကျောမှာရှိနေတဲ့ နံရံကို လိုက်ကြည့်နေပါတယ်။ ချောင်းဖို့ အပေါက်ရှာနေတာ ထင်တယ်။ ခနနေတော့ နံရံနားကို မဟော့်ခေါင်း ကပ်သွား ပါတယ်။ အတော်လေး ကြာလာတာမို့ သူတစ်ခုခုကိုတွေ့နေ ရတယ်ထင်ခါ အားလုံးက လက်ကုတ် လက်တို့နေကြပါတယ်။ သိချင်လှပြီလေး။
"အာမလေးဗျ"
ရုတ်တရက် မဟော်နောက်ကို လန်ကျလာပေမယ့် နောက်က ရပ်စောင့်နေတဲ့ လူတွေနဲ့မို့ လဲမကျသွားပေ။
"ကို ဘာဖြစ်တာလဲ ကို"
"မဟော်"
"မဟော် သတိထား ဘာဖြစ်လို့လဲ"
"မဟော် ဘာတွေ တွေ့လို့လဲ"
မဟော် အသက်ကို မနဲဝအောင် ရှုနင်ရင်းက မြင့်ချည်နိမိ့ချည် ဖြစ်နေတဲ့ ရင်ဘတ်ကို လက်တစ်ဖက်က ဖိပြီး တစ်ဖက် ကနံရံကိုလက်ညှိုးထိုး ပြပါတယ်။ ပါးစပ်က အသံက ထွက် မလာသေး။ ကောင်း အသက်ကို ဝအောင်ရှုသွင်းလိုက်ပြီး ခုန မဟော်ချောင်းတဲ့ အပေါက်လေးကို ပြန်ပြီး ချောင်းကြည့်လိုက် မိပါတော့တယ်။
တေးသွားတစ်ပုဒ်ကို ညဉ်းနေတဲ့ မိန်းမပျိုတစ်ဦးရဲ့ နောက်ကျောကို သူတွေ့နေရပါတယ်။ ထိုမိန်းမပျိုက ဆံထုံးကြီးနှစ်ယောက်မဟုတ်တာတော့ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ ဆံပင်က ဂုတ်ထောက်တိုတိုလေးနှင့်မို့ပေ။
သူမအခန်းကို သန့်ရှင်းရေး လုပ်နေပုံရတယ်။ ကောင်းကြည့် နေတုန်းမှာပဲ ကောင်မလေးက ကောင်းကြည့်နေတဲ့ ဖက်ကို မျက်နှာမူလိုက်ခါ ကောင်းမျက်လုံးရှိရာ တည့်တည့်ကို စိုက်ကြည့်လိုက်တာမို့ ကောင်းမျက်လုံးတွေ ပြူးကျယ်သွားရ ပါတယ်။ သူချောင်းတာ လူမိပီလေ။ ကောင်မလေးက ရွက်ကြမ်းရေကျို အညာသူမလေးပုံစံပါ။
ကောင်မလေးက ကောင်းကြည့်နေတဲ့ဖက်ကို စိုက်ကြည့်ရင်း မျက်နှာလေးက တဖြေးဖြေး ပြုံးပြလာပါတယ်။ အော်ပြုံးနေ တော့လဲ ချစ်စရာလေးပါပဲ။
"ဟင်"
ရုတ်တရက် ကောင်းရဲ့ ခေါင်းက နံရံနဲ့ ပိုပြီး ကပ်သွားပါ တော့တယ်။ ကောင်မလေးက သူ့ဖက်ကို လျောက်လာတာကိုး။ ကောင်မလေးက ကောင်းကြည့်နေတဲ့ဖက်ကို မော့ခါ ကြည့်ရင်း လက်တစ်ဖက်ကို ကမ်းပေးလာပါတယ်။ ကောင်းရင်တွေ တဒိန်းဒိန်းနဲ့ ခုန်လို့ လာပါတယ်။ ကောင်းကြည့်နေ တုန်းမှာပဲ ကောင်မလေးရဲ့ မော့ထားတဲ့ ခေါင်းက တိခနဲ ပြတ်ခါ ကြမ်းပြင်ပေါ်ကျပြီး လိမ့်ထွက်သွားသလို ခေါင်းမပါတဲ့ လည်ပင်း ငုတ်တိုကြီးမှ သွေးများကလဲ ရေငုတ်ကရေတွေလို အဖြန်းဖြန်း ပန်းထွက်နေတာကို ရှင်းလင်းစွာ မြင်လိုက် ရပါတော့တယ်။
ကောင်းခေါင်းကို နောက်ကို ဆုတ်ရင်း မျက်လုံးတွေကို အတင်းမှိတ်ထား လိုက်မိပါတော့တယ်။ ကောင်းအသက်ကို မနဲပုံမှန် ဖြစ်အောင် ရှုသွင်းလိုက်ရတယ်။ ရင်ဘတ်တွေက မငြိမ်သေး သလို နှလုံးခုန်နှုံးတွေက အလွန်မြန်ဆန်နေဆဲ။

You've reached the end of published parts.

⏰ Last updated: Apr 30, 2021 ⏰

Add this story to your Library to get notified about new parts!

ဆည်းလည်းသံလေးချိူချိူWhere stories live. Discover now