Ep 20 (U+Z)

857 101 6
                                    

𝓘𝓯 𝓭𝓻𝓮𝓪𝓶𝓼 𝓬𝓪𝓷 𝓽𝓮𝓵𝓵 𝓽𝓱𝓮 𝓯𝓾𝓽𝓾𝓻𝓮...

𝓔𝓹𝓲𝓼𝓸𝓭𝓮 20 🍁🍁🍁

ရှောင်းကျန့် အတော်အတန်နေပြီးနောက်မှာတော့ အိမ်ကိုပြန်လာခဲ့လေသည်...အိမ်ဝတွင်စောင့်ကြိုနေသော ပါးနဲ့မားကို တွေ့လိုက်ရတာမို့ နည်းနည်းတော့ စိတ်ထင့်နေမိသည်...

"ပါးနဲ့မား သားနောက်ကျမယ်ပြောထားတယ်နော် ဘာလို့ထွက်စောင့်နေကြတာလဲ"

"သားကျန့် မင်းဘာတွေရှုပ်ထားပြန်ပြီလဲ..."

"ရှုပ်တယ် ဘာကိုလဲမားရဲ့..."

"မင်းမားကို ဘာမှမေးမနေနဲ့ အိမ်ထဲကိုသာလာဝင်ကြည့်တော့..."

ပါးရဲ့စကားအတိုင်း အိမ်ထဲဝင်လိုက်ပေမဲ့ ထူးခြားတာမရှိနေတာကြောင့် ဘာမှမသိဟန် မျက်လုံးလေးကိုလုပ်ပြလိုက်သည်...

"မင်းကိုရေခဲသေတ္တာထဲကို ကြည့်ခိုင်းတာ"

ရှောင်းကျန့်လည်း ပါးပြောတဲ့အတိုင်း ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့သည်...မြင်ရတဲ့မြင်ကွင်းကိုပင် မယုံနိုင်... ရေခဲသေတ္တာတစ်ခုလုံး ကျွန်တော်သောက်ချင်နေခဲ့တဲ့ Milk teaတွေ ဘယ်လောက်များလဲဆို ရေခဲသေတ္တာတစ်ခုလုံး နေရာချစရာမရှိအောင်ကို အပြည့်ဖြစ်နေသည်...

"တွေ့ပြီလား မင်းဘာဇယားတွေ မွှေလာပြန်တာလဲ အစောနလေးတင် Deliက မင်းနာမည်နဲ့လာပို့သွားတာ ဘယ့်နှယ် တစ်ဗူးနှစ်ဗူးမဟုတ် ရေခဲသေတ္တာတစ်ခုလုံးအပြည့်ဝယ်ပြီး သောက်ရတယ်လို့ အံ့ပါ့"

"သားမှာထားတာမဟုတ်ဘူးပါးရဲ့ ..."

"သားကျန့်မမှာရင် ဘယ်လိုလုပ်လာပို့ပေးမှာလဲ ပြီးတော့ ဒီလောက်အများကြီးကို"

"မား!ပါး! သားနောက်ထပ်စွမ်းရည်များရနေတာလားမသိဘူး သားဟိုမှာ Milk tea သောက်ချင်တယ်လို့ တွေးလိုက်တာ အိမ်ပြန်ရောက်တော့ အခုလိုဖြစ်နေတာ..."

"ရှောင်းကျန့်ရာ မဟုတ်တာတွေ အပိုတွေမပြောနဲ့ ဒီကိစ္စက မင်းနာမည်နဲ့မို့ ဒါတွေကုန်အောင်သောက်ဖို့ပြင်ထား"

"ဟင့် ပါးကလည်း စိတ်သာချ ပါးကို လုံးဝမတိုက်ဘူး ဟီး သားအကြိုက်လေးတွေချည်းပဲ ကုန်အောင်သောက်ပစ်မယ်"

If dreams can tell the future...(Complete)Where stories live. Discover now