💛First💛

1K 79 2
                                    

Unicode

"မင်းပြောတဲ့နတ်ပြည်သမျှခမ်းနားလှပါတယ် ဆ်ိုတဲ့နေရာကဒီနေရာလား?"

"ဟုတ်တယ် လာအထဲ၀င်ရအောင်"

"ဒါကဆောင်ကြာမြိုင်ကြီးမဟုတ်ဘူးလား?"

"ဟုတ်တယ်လေ"

"မင်းပြောတော့ငါ့ကိုစိတ်အပန်းပြေစေမယ်ဆို နန်းတွင်းထဲမှာလိုစောင့်ကြည့်နေတဲ့မျက်လုံးတွေလဲတစ်ခုမှမရှိတဲ့နေရာပါဆ်ို"

"မှန်တယ်လေ အဲ့တာကဒီနေရာပဲ"

"မင်းရူးနေတာလားယွီပင်း အမတ်တွေအများစုရှိနေတဲ့နေရာကဆောင်ကြာမြိုင်လေ ငါ့ကိုတစ်ယောက်ယောက်တွေ့သွားရင်ဘယ်လိုလုပ်မလဲ"

"မတွေ့ပါဘူးကွာ ဒီဆောင်ကြာမြိုင်နာမည်က"ချွင်ကျောင်းရင်"တဲ့ ငါတို့တိုင်းပြည်မှာနာမည်အကြီးဆုံးပဲ သူ့ဆီကလူတွေကလဲအကုန်အသန့်တွေပဲနော်

တစ်ခြားဆောင်ကြာမြိုင်တွေလိုမဟုတ်ဘူး နောက်ပြီးဒီမှာအပျော်မယ်တွေကယောင်္ကျားကော မိန်းမကောရှိတယ် ကြိုက်တာပြောလိုက်ရုံပဲ"

"ပြန်ရအောင်"

"ရိပေါ်မင်းပဲပြောတော့စိတ်အပန်းဖြေဖို့နေရာတစ်ခုကိုသွားချင်တယ်ဆို ဒီနေရာကမင်းအတွက်အသင့်တော်ဆုံးပဲ"

"ငါမသွားဘူး မင်းဘာသာသွားချင်သွား"

"လာပါကွာ ရောက်ပဲရောက်နေပြီဆို ရောက်လက်စနဲ့တစ်ခါထဲ၀င်လိုက်တော့"

"ကျစ်"

၀မ်တိုင်းပြည်ရဲ့ဧကရာဇ်၀မ်ရိပေါ် ဘေးကတော့လက်ဝဲအမတ်ကြီးရဲ့သားယွီပင်း ငယ်ငယ်ထဲကအတူကြီးပြင်းလာကြတာမို့ နှစ်ယောက်ထဲရှိချိန်တွေဆိုပုံမှန်တိုင်းသာစကားပြောဆိုကြတယ်။

ခုလဲတိုင်းပြည်ကိစ္စတွေနဲ့စိတ်တွေအရမ်းရှုပ်နေတာကြောင့် အနားယူလို့ရမဲ့နေရာရှာခိုင်းတာကိုဆောင်ကြာမြိုင်ကိုခေါ်လာတဲ့ယွီပင်းရယ်ပါ

"သခင်ကြီးတို့ ကြွပါအထဲကိုကြွကြပါ"

"ပထမဆုံးထင်တယ် အရင်ကတစ်ခါမှမမြင်ဖူးဘူး"

"သခင်ကြီးတို့ကအရမ်းခန့်ညားကြတာပဲ ဒီညပြုစုပေးပါရစေ"

ရိပေါ်တို့ဆောင်ကြာမြိုင်ထဲကို၀င်တာနဲ့ အပျော်မယ်လေးငါးယောက်လောက်ကတံခါး၀ကနေစည်းကြိုနေတယ်။

Bawdy-house{Three shot}Where stories live. Discover now