💛Second💛

611 62 3
                                    

Unicode

သုံးရက်ကြာသော်..........

"ခုထိမတွေ့သေးဘူးလား"

"တောင်းပန်ပါတယ် ငါလဲအတတ်နိုင်ဆုံးတော့ကြိုးစားပြီးရှာပေးနေတာပဲ တစ်တိုင်းပြည်လုံးလဲနှံ့နေပြီ"

"ဂျွန်ယောင်းပြောတော့သုံးရက်လောက်နေပြီးဆိုဆောင်ကြာမြိုင်ကိုပြန်လာတယ်ဆို ခုကဘာလ်ို့မလာသေးရတာလဲ"

"တစ်ခါတစ်လေကျရင်တစ်ပတ်လောက်လဲနေတယ်တဲ့"

"ကျစ်ငါစိတ်မရှည်တော့ဘူး ငါကိုယ်တိုင်ပဲသွားရှာတော့မယ်"

"အဲ အဲ့လိုလုပ်လို့မရဘူးလေ မင်းသွားရင်နန်းတော်ကဘယ်လ်ိုလုပ်မှာလဲ"

"အမတ်တွေကိုငါနေမကောင်းဘူးလ်ို့ပြောထားလိုက် ကျန်တာတွေတော့မင်းကိုယ့်ကိုပဲကြည့်လုပ်လိုက်တော့"

"မဟုတ်သေးဘူးလေ ရိပေါ် ရိပေါ်လို့......ဒီကောင်ကွာပြောချင်ရာပြောပြီးထွက်သွားပြန်ပြီ ဘုရင်ဖြစ်နေလ်ို့သာပေါ့မဟုတ်လို့ကတော့ပိတ်ရိုက်ပြစ်လိုက်ပြီ

ငါ့ပူပူနွေးနွေးခင်ပွန်းလေးနဲ့အတူနေမလို့ကို ၀မ်ရိပေါ်ကျေးဇူးကြောင့်မနေရတော့ဘူး"

ရိပေါ်နန်းတွင်းကနေထွက်လာပြီး တစ်လမ်း၀င်တစ်လမ်းထွက်ကြာပန်းလေးကိုလ်ိုက်ရှာနေတယ်။ ခက်တာကနာမည်မသိ ရုပ်လဲမမြင်ဖူးတော့ဘယ်သူမှမသ်ိကြဘူး။ အချိန်တော်တော်ကြာသွားပေမဲ့ကြာပန်းလေးနဲ့ပက်သတ်တဲ့အရာတစ်ခုမျှပင်မတွေ့။

"ဘာလ်ိုလိုနဲ့နေ၀င်ချိန်တောင်ရောက်လာနေပြီပဲ နန်းတော်ကိုလဲမပြန်ချင်တော့ဘူး ဒီညတော့တည်းခိုဆောင်မှာပဲအိပ်လိုက်တော့မယ်"

တည်းခိုဆောင်ကိုရှာတွေ့တဲ့ချိန်မှာတော့ မိုးကအရမ်းချုပ်နေပြီ။

"ဆ်ိုင်ရှင် အခန်းတစ်ခန်းယူမယ်"

"တောင်းပန်ပါတယ်သခင်လေး အခန်းအလွတ်ကမရှိတော့ဘူး"

"ဟုတ်လား ဒါဆိုဘယ်လိုလုပ်ရမှာလဲအပြင်မှာကလဲအရမ်းမှောင်နေပြီ"

"မျှနေမယ်ဆိုရင်တော့ရပါတယ်"

"ဘယ်နှစ်ယောက်နေရမှာလဲ"

Bawdy-house{Three shot}Where stories live. Discover now