🦋

205 12 0
                                    

ZawGyi

သိပ်လှတဲ့အရာတွေက





ကပ်ပါလာသလိုမျိုးလေ...





Unicode

သိပ်လှတဲ့အရာတွေက
လက်နဲ့ထိတွေ့လို့ရတာရှိသလို၊ ထိတွေ့လို့မရပဲ စိတ်ချည်းသက်သက်နဲ့ခံစားရတာမျိုးရှိတယ်။ ဥပမာ - တောတောင်ရှု့ခင်းရေမြေသဘာဝတွေကိုပေါ့...
ဒါပေမယ့် စိတ်နဲ့ခံစားလို့ရတာကပိုများပါတယ် အဲ့ထဲမှာ သိပ်လှတဲ့အရာလေးတခုလဲပါတယ်....

အဲ့ဒီ့သိပ်လှတဲ့အရာလေးကို ဒေသအမျိုးမျိုး ၊
လူအမျိုးမျိုး က အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ဖွင့်ဆိုလေ့ရှိကြတယ်
ဘဝတိုင်းရဲ့စာမျက်နှာတွေတိုင်းမှာဆို သူကမပါမဖြစ်ပဲပေါ့...

သူကမင်းကိုငိုစေတတ်သလို
မင်းကိုပြုံးစေတတ်တယ်
ပူလောင်စေတတ်သလို အေးချမ်းစေတတ်တယ်။
တချို့ကပြောကြတယ် သူက မီးတဲ့ အမြဲလောင်ကျွမ်းစေလို့တဲ့လေ....

ဒီဖွင့်ဆိုချက်တွေက ဒေသအသီးသီးကလူတွေဟာ သူတို့တွေ့ကြုံရတဲ့အတွေ့အကြုံတွေကိုစုပြီး ကောက်ချက်ချလိုက်ရုံသက်သက်ပဲလို့ကိုယ်ထင်တယ်

ကိုယ့်အတွက်တော့ သူ့ရဲ့အနှစ်သာရက
လှပခြင်း၊ခမ်းနားခြင်း၊သိမ်မွေ့နူးညံ့ခြင်း၊ခွန်အား တခု လို့ ကောက်ချက်ချချင်တယ်။

သူက Milk and Sugar မထည့်တဲ့
ကော်ဖီအလွတ်တခွက်နဲ့တူတယ်
သူ့အရသာချည်းသက်သက်ကိုဇိမ်ခံသောက်တဲ့အခါ ခါးသက်သက်အရသာရဲ့အနောက်မှာ
မမေ့နိုင်တဲ့စိမ့်သက်သက်အရသာလေး
ကပ်ပါလာသလိုမျိုးလေ...

အခုကိုယ်ပြောပြတဲ့လှပတဲ့အရာလေးကလဲ အဲ့လိုပါပဲ အတ္တမပါ လောဘနဲ့မောဟတွေမပါ
ဘာအရောင်မှသူ့ကို မခြယ်သပဲ
သူ့ချည်းသက်သက် ခံစားတတ်တဲ့အခါ
ဘယ်လောက်တောင်မှ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ လှပခြင်းမျိုးလဲဆိုတာကို မြင်တတ်လာမှာပါ...

မသေချာမရေရာခြင်းတွေနဲ့
တည်ဆောက်နေကြတဲ့ ဘဝတွေမှာ
အဲ့ဒီ့အရာလေးကတော့ အသက်ထက်ဆုံးအထိ သေချာရေရာနေစေလိမ့်မယ်

နာကျင်ရရင်ပဲဖြစ်ဖြစ် နောက်ဆုံးဝေးကွာရရင်တောင်မှ မေ့မရပဲ စွဲစွဲမြဲမြဲထင်ကျန်နေတဲ့အထိ
မင်းရဲ့နောက်ဆုံးထွက်သက်အထိ အဲ့အရာလေးက မင်းကို မပြောင်းမလဲပဲ သေချာမှု့တွေကိုပေးတတ်တယ်

တွေ့ဆုံရတဲ့အချိန်လေးမှာ မင်းကိုယ့်ကိုနားလည်အောင် ခံစားတတ်အောင် သင်ပြပေးခဲ့တဲ့
လှပခြင်းလေးက တန်ဖိုးဖြတ်မရခဲ့ဘူးလေ
အဲ့တာက အချစ်ဆိုတဲ့အရာ......

You've reached the end of published parts.

⏰ Last updated: May 03, 2021 ⏰

Add this story to your Library to get notified about new parts!

Feelings For You🦋Where stories live. Discover now