Zawgyi
တစ်ခါက ကောင်လေးတစ်ယောက်ရှိတယ်
သူ့နာမည်က Feng Hiu
သူ့ကိုမွေးကင်းစလေးတည်းက သူ့မိဘတွေက
မိဘမဲ့ကျောင်းရှေ့မှာပစ်ထားခဲ့တာပေါ့
သူ၃နှစ်သားအရွယ်မှာပေါ့ ကလေးမရှိသေးတဲ့
သူဌေးလင်မယားက Feng Hiuကိုမြင်တော့
ချစ်ခင်မိသွားပြီးမွေးစားလိုက်တာပေါ့သူ့ကိုမွေးစားတဲ့လင်မယားကမေးတယ်
"သားလေး သားနာမည်ဘယ်လိုခေါ်လဲ"
"သားမှာနာမည်မရှိဘူး အန်တီ"ဆိုပြီး
မျက်နှာငယ်လေးနဲ့ဖြေလိုက်တယ်"အခုကစပြီးသားမှာ နာမည်ရှိသွားပြီ
သားနာမည် Feng Hiu သားမှာမိဘရှိသွားပြီ
အန်တီတို့ကို ဖေဖေနဲ့မေမေလို့ခေါ်ပါ
သားကဖေဖေနဲ့မေမေတို့ရဲ့သားဖြစ်သွားပြီ
ခေါ်ကြည့်ပါအုန်း သား""ဟုတ်ကဲ့ပါ ဖေဖေနဲ့မေမေ"ဆိုပြီးသူ့မိဘတွေကိုဖက်ပြီးဝမ်းသာလို့မျက်ရည်ကျနေခဲ့တယ်
"သားအရမ်းပျော်တာပဲ ဖေဖေနဲ့မေမေ"
ဒီလိုနဲ့ပျော်ရွှင်ခြင်းတွေပဲရှိလာခဲ့တာပေါ့
တစ်နေ့မှာ Feng Hiu ၁၃နှစ်အရွယ်လောက်မှာပေါ့"သား....သားမှာအငယ်လေးရတော့မယ်
မေမေ့မှာ ကိုယ်ဝန်ရှိနေပြီ....
သားပျော်တယ်မလား.... မေမေတို့အစားသား
အငယ်လေးကိုချစ်ပြီး စောင့်ရှောက်ပေးမယ်မလား""ဟုတ်မေမေ....သားအရမ်းပျော်တယ် သားအငယ်လေးကိုသေချာစောင့်ရှောက်ပေးမှာပါ
မေမေရဲ့...."ဆိုပြီးပျော်ရွှင်နေခဲ့တာပေါ့၉လကြာသောအခါ.....
အူဝဲ အူဝဲ.....
"ယောက်ျားလေးမွေးတယ်ဖေဖေ သားညီငယ်လေးရပြီ"
"ဟုတ်တယ်သားရေ"
ဒေါက်တာတို့ထွက်တဲ့အခါမှာ
"ကလေးအမေရော ဒေါက်တာ အဆင်ပြေရဲ့လား"
"ဟင်း..... ကလေးကတော့ကျန်းမာပါတယ်
ကလေးအမေကတော့ မောပြီးနှလုံးထိသွားတယ် ဂရုစိုက်ပေးဖို့မှာချင်ပါတယ် သောက်မဲ့ဆေးတွေလဲပေးလိုက်ပါ့မယ် ကလေးမွေးကာစဆိုတော့ ဂရုစိုက်ပေးကြပါ ကလေး၁နှစ်ပြည့်လောက်ကျရင် ပြန်လာပြပေးပါ"
YOU ARE READING
Please Căn Yoü Lơvé Mě??(system)
Romanceမင်းဘယ်ဘ၀ရောက်ရောက် ကိုယ်မင်းနောက်ကို အမြဲလိုက်ခဲ့မယ် မင်းဘယ်ဘ၀ရောက်ရောက် ကိုယ်မင်းနောက်ကို အမြဲလိုက်ခဲ့မယ်