{၄}U/Z

112K 12.3K 3.4K
                                    

Unicode

"ဟေ့ကောင် နွေဦးမောင်! ဟေ့ကောင်"

"ဟမ်..!"

ဇေရဲက တံတောင်ဖြင့်တွတ်ကာခေါ်မှ သူ အယောင်ယောင်နန ပြန်ထူးမိသည်။
"ဟိုမှာ ဆရာမင်းကိုခေါ်နေတယ်လေ"

ထိုအခါမှ သူဆတ်ခနဲထရပ်ကာ ရှေ့ဆုံးတွင်မတ်တပ်ရပ်နေသည့် ဆရာဖြစ်သူကိုအားတုံ့အားနာကြည့်လိုက်သည်။

"ဟုတ်ကဲ့ဆရာ"

"မောင်နွေဦး။ရည်းစားရနေပြီလား။"

"ခင်ဗျာ။မရသေးပါဘူး။"

သူအသည်းအသန်ငြင်းတော့ ဆရာက ရယ်သည်။
"မသိပါဘူး ငါကဗျာသင်ရင်း မင်းလည်း အချစ်ငှက်ကလေးအဖြစ် ပျံသန်းသွားပြီလားလို့။"

"ဟာဗျာ။မဟုတ်ရပါဘူးဆရာရယ်"

"အေး..ညနေ အတန်းပြီးရင် ဆရာ့ဆီလှည့်လာပါဦး။ဒီတစ်ခေါက် ဖရက်ရှာဝဲကမ်းမှာ ထည့်ချင်တဲ့ပြဇာတ်လေးတစ်ပုဒ်ရှိလို့။ စီနီယာ Ec တွေလည်းခေါ်ထားတယ်။မင်းလည်းလာခဲ့။အတွေ့အကြုံမရှိသေးဘူးမလား"

"ဟုတ်ကဲ့ကျွန်တော် ညနေလာခဲ့မယ်ဆရာ။"

ဒုတိယနှစ်Ec ဖြစ်သောနွေဦးမောင်က ဆရာတွေနေသည့်အခန်းကိုလည်းခြေချင်းလိမ်အောင်သွားရပါသေးသည်။

ဆရာကျော် ထွက်သွားပြီး နောက်တစ်ချိန်သည် စကားပြေချိန်ဖြစ်သည်။ နွေဦးမောင်သည် စာကိုသေချာအာရုံပြန်စိုက်လိုက်သည်။ သည်ရက်ပိုင်း သူစိတ်ပြန့်နေခဲ့တာ သိသိသာသာပင်။

မနက်ခင်း အတန်းပြီးသည်နှင့် နှစ်ယောက်သား တောင်ငူဆောင်ကနေ ထွက်လာတော့ တောင်ငူဆောင်နှင့်မနီးမဝေးတွင် စောင့်နေသော လွန်းနောင်ကိုတွေ့လေသည်။

"ဟိုကောင် မဂ္ဂကော"
ဇေရဲကမေးတော့ လွန်းနောင်သည် အေးစက်နေသောမျက်နှာထားဖြင့်ဖြေသည်။
"သိပ္ပံကန်တင်းမှာ"

"ဟမ်! ဒီကောင်က သိပ္ပံကန်တင်းဘာသွားလုပ်တာလဲ! ဒီနေ့ဦးချစ်ဆိုင်မှာပဲထိုင်မှာပါဆို"

လွန်းနောင်ကပြန်မဖြေ။ မသိသလိုနေရင်း သွားရမည့်လမ်းကြောင်းကိုဦးတည်လိုက်သည်။အဲ့သည့်အစားနွေဦးမောင်ကပြန်ဖြေသည်။
"အကြောင်းရင်းနှစ်ချက်ပဲရှိမယ်၊ သိပ္ပံ ဆောင်က ကောင်မလေးတစ်ယောက်ကိုလိုက်နေလို့၊ဒါမှမဟုတ် အဲ့ဒီအဆောင်ကကောင်မလေးနဲ့တွဲနေပြီမလို့! ဘာဖြစ်နိုင်မယ်ထင်လဲ။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now