(13)UNICODE

435 42 1
                                    

Warning : This episode contains some adult scenes and sexual content which are not appropriate for minors. Read at your own risk.

____________

" ခြေထောက်ကို အထိခံရတာနဲ့တင် နှာခေါင်းသွေး ယိုရတယ်လို့ "

ခပ်လှောင်လှောင် အသံအနေအထားဖြင့် မချင့်မရဲ ကျွန်တော် ပြောတော့ သူ့မျက်နှာပေါ် အနီရောင် လှိုင်းတစ်ချို့ ဖြတ်ပြေးသွား၏။ ပြန်ပြောစရာ စကားကို မျက်မှောင်ကြုတ်ကာ အပြေးအလွှား စဉ်းစားနေသော သူ့နာဖူးပေါ်မှ တွန့်နေသည့် အရေးအကြောင်းများအား ငေးကြည့်နေရသည်ကို ကျွန်တော် သဘောကျသည်။ နောက်ဆုံးတော့ တုံ့ပြန်ရန် စကားလုံး ရှာမရတော့သည်ထင့်။ ကျွန်တော့်ကို မျက်စောင်းတစ်ချက်ဖြင့်သာ တုံ့ပြန်လာသည်။ ကျွန်တော် သဘောကျစွာ ရယ်လိုက်မိ၏။

" မင်း အခုချိန်ထိ ဘယ်မိန်းကလေးနဲ့မှ မအိပ်ဖူးဘူး မဟုတ်လား "

သူက ဘာစကားမှ မဆိုဘဲ တိတ်ဆိတ်နေပြန်သည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့။ တကယ်ဆို သူက ကျွန်တော့်ထက်တောင် မိန်းကလေးတွေနှင့် ပိုပြီး အစေးကပ်သေးတာမို့လား။ သူ့ကို ဒီလို အတွေ့အကြုံမရှိသည့် မနူးမနပ်လေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားမိခဲ့။ ပြီးတော့ သူ့လို အတွေးအခေါ် ပွင့်လင်းသည့် လူတစ်ယောက်က ဒီအသက် ဒီအရွယ်ထိ လူပျိုဆိုတာ ဖြစ်နိုင်လို့လား။

" ငါ့ကို လာပြောမနေဲ့။ မင်းကရော အိပ်ဖူးလို့လား "

စူစူပုတ်ပုတ်ဖြင့် ပြောလာသော သူ့စကား ။ ကျွန်တော် ရယ်မိပြန်သည်။

" အိပ်ဖူးတာပေါ့..။ ငါက ကိလေသာ ကုန်ခန်းနေတဲ့ သူတော်စင်ကြီးမှ မဟုတ်ဘဲ "

သူ့မျက်နှာပေါ် မကျေနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ ဧကန္တ သူက ပထမဆုံးအကြိမ်တွေ ဘာတွေကိုများ တန်ဖိုးထားတဲ့ ရှေးရိုးစွဲဝါဒီများ ဖြစ်နေရော့လား ။ ထားပါလေ။ ကျွန်တော် စားပွဲပေါ်တွင် တင်ထားသော စီးကရက်ဘူးကို ဖောက်ကာ စီးကရက်တစ်လိပ်ကို ထုတ်ယူရင်း မီးညှိလိုက်သည်။ ထို့နောက် စိမ်ပြေနပြေ သောက်လိုက်တော့ သူက ကျွန်တော့်ကို လူထူးလူဆန်းတစ်ယောက်လို ငေးမောကြည့်လို့။ သူ ကျွန်တော့်ကို ဆေးလိပ် သောက်တတ်လိ်မ့်မည်ဟု ထင်မထားခဲ့သည်မှာ သိသာလှသည်။

သံလိုက္Where stories live. Discover now