ဘုရားကျွန် ဟူသည်

237 21 4
                                    

Unicode

ယခု ရေးသားမည့် ဇာတ်လမ်းအကြောင်းအရာသည်
စာရေးသူ ဖတ်ရှုခဲ့သော
ဆရာမခင်နှင်းယု၏
မျှော်လင့်လို့ဖြင့်မဆုံးနိုင်တယ်၀တ္ထုနှင့် တခြားဆောင်းပါးများကို
မှီငြမ်းရေးသားထားခြင်းသာဖြစ်သည်။
စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်သည့်
အတွက် တိုက်ဆိုင်မှု တစ်စုံတစ်ရာရှိခဲ့ပါလျှင်  အနူးအညွတ်တောင်းပန်အပ်ပါသည်။
ယခုဇာတ်လမ်း၏
အဓိကဇာတ်ဆောင်ဖြစ်သော
ဘုရားကျွန်၊စဏ္ဍာလ၊ကယ်ပါ စသည်ဖြင့် ခေါင်းစီးမျိုးစုံအတပ်ခံရသောလူတစ်စုအကြောင်း
အနည်းငယ်ရှင်းပြချင်သည်။
ပုဂံအင်ပါယာခေတ်ကောင်းစဉ် ၁၁ရာစုနှင့်၁၃ရာစုကြားကာလတွင် ပုဂံမြို၌ ဘုရားပုထိုးပေါင်း ၁၀၀၀၀ကျော်အထိ တည်ထားကိုးကွယ်ခဲ့ကြသည်။
ထိုဘုရားပုထိုးတို့တွင် အလုပ်အကျွေးပြုရန် ဘုရားကျွန်များလည်းတပါတည်းလှူဒါန်းခဲ့ကြလေသည်။
အမှန်စင်စစ် ဘုရားကျွန်များမှာ အနှိမ်ခံလူတန်းစားများ
မဟုတ်ကြချေ။
ဘုရားကျွန်‌ရဲ့ဆိုလိုရင်းက ဘုရားရဲ့‌ဝေယျာဝစ္စ‌တွေကိုအချိန်‌ပြည့်လုပ်‌‌ဆောင်‌‌ပေးနိုင်‌တဲ့ဘုရား‌ဂေါပကလိုဖြစ်‌ပါတယ်‌။
ဘာလို့လဲဆို‌တော့ အ‌နော်‌ရထာမင်းကြီးက
မနူဟာမင်းကြီးကိုသူ့ကိုယ်‌စားဘုရားကိုဘုရားကျွန်‌အဖြစ်‌လှူဒါန်းစေခဲ့တာမျိုးပါ။
ဘုရားကျွန်‌‌တွေကိုဘုရားကိုလှူရင်‌လည်း‌
လယ်‌ယာ‌မြေ‌တွေကိုပါဘုရားဝတ္တက‌မြေအဖြစ်‌လှူဒါန်း
ရပါတယ်‌။
အဲ့ဒီလယ်‌‌မြေ‌တွေကထွက်‌တဲ့သီးနှံရိက္ခာ‌တွေကို
ရောင်းချပြီးဘုရားရဲ့ကုန်‌ကျ‌ငွေ‌တွေ၊
ဘုရားကျွန်‌‌တွေရဲ့အသုံးစရိတ်‌‌တွေကိုဖြည့်တင်း
ကြရပါတယ်‌။
တကယ်‌‌တော့
ဘုရားကျွန်‌‌တွေကိုဘုရားကိုလှူခြင်းရဲ့ ရည်‌ရွယ်‌ချက်‌ဟာမွန်‌မြတ်‌တယ်‌။
ဘုရားကျွန်‌ဆိုတာလည်းနိမ့်ကျတဲ့လူတန်းစားမဟုတ်‌ဘဲဘုရား‌ကိုအလုပ်‌အ‌ကျွေးပြုတဲ့လူတန်းစားတစ်‌ရပ်‌သာ
ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ပြောပြချင်တာက ပုဂံခေတ်က ဘုရားကျွန်ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ သတ်မှတ်ခေါ်ဝေါ် သုံးစွဲခဲ့တယ်။ ဘယ်လို လူတန်းစားမျိုးဖြစ်တယ်ဆိုတာကို ပညာရှင်တွေ မှတ်သားခဲ့တဲ့ သမိုင်းမှတ်တမ်းတွေထဲကနေ ထုတ်နုတ်ကိုးကားပြီး ပြောပြချင်တာပါပဲ။

လွမ်း၍ငယ်တစေWhere stories live. Discover now