Part_2

44 12 8
                                    

Unicode

"ကဲ ‌ဒေါ်ချိုရေ သားပြန်လာ‌ခါနီးပြီကို
အခုထိပြင်လို့ဆင်လို့မပြီးသေးဘူးလား
မင်းတို့မိန်းမတွေနှယ်
တယ်လည်း လှချင်ပချင်သကို"

"တော်ကလည်း
ကျုပ်က မတွေ့ရတာကြာတဲ့
သားရှေ့မှာ
သပ်သပ်ရပ်ဖြစ်နေချင်တာပါတော့
ခဏနေရင် ဆင်းလာခဲ့မယ်
ပူညံပူညံလာလုပ်မနေစမ်းနဲ့"
ဟော ပြောရင်းဆိုရင်း
ကိုသာ၀မြင်းလှည်းသံကြားတယ်
သားပြန်လာပြီထင်ပါ့"

ဦးလာဘတို့၏ ခြံ၀င်းရှေ့တွင်
ရပ်တန့်လိုက်သော မြင်းလှည်းတစ်စီး။
လှည်းပေါ်တွင် လိုက်ပါလာသူမှာ
ဦးသာ၀နှင့် ဒေါ်ချို၏
တစ်ဦးတည်းသောသား
ခန့်ညားရှိန်ဖြစ်သည်။
ရန်ကုန်မြို့၌ ၄နှစ်တိုင်အောင်
ပညာသင်ကြားခဲ့ပြီး
သုတေသီတစ်ယောက်ဖြစ်လာခဲ့သည်။
ပုဂံမြို့၏ မျက်နှာဖုံးတစ်ဖြစ်လဲ
ခန့်ညားရှိန်၏ ဖခင်ဦးလာဘမှာ
ပုဂံတစ်မြို့လုံးတွင်
အငြိမ့်ညောင်းဆုံးဟုကျော်ကြားသော
ကိုသာ၀၏ မြင်းလှည်းဖြင့်
သားတော်မောင်အား အခေါ်လွှတ်သဖြင့်
လမ်းခရီးတစ်လျှောက် သက်တောင့်သက်သာဖြင့် စီးနင်းခဲ့ရသည်။

ခန့်ညားရှိန်သည်မွေးရပ်မြေဖြစ်သော
ပုဂံမြို့အား ခင်တွယ်ပါသော်လည်း
မိမိငယ်ရွယ်စဉ်ကတည်းက
ဖခင်ဖြစ်သူမှာ တစ်နယ်တစ်ကျေးသို့
အတင်းအကြပ်ပို့ကာ
ပညာသင်စေခဲ့လေသည်။
ယခုလည်း ဖခင်ဖြစ်သူတားသည့်ကြားမှ
စာတမ်းပြုစုရန်ဟုအကြောင်းပြကာ
မရမက ပြန်လာခဲ့ခြင်းဖြစ်သည်။

ထနောင်းပင်များ ကွက်တိကွက်ကျား
ပေါက်ရောက်နေသော
သဗ္ဗညုပုထိုးတော်နှင့်
သပ္ပါယ်လှသော အာနန္ဒာဘုရားတို့အား
ကျော်ဖြတ်ပြီးနောက်
ခန့်ညားရှိန်တို့၏အိမ်ဂေဟာသို့
ဆိုက်ရောက်လာလေပြီ။

ပုဂံမြေကို ခြေချမိသည်နှင့်
မျက်လုံးဝိုင်းလေးအား
သတိရမိလေသည်။
အခုချိန်ဆို ဘယ်ဆီရောက်လို့
ဘာတွေများ လုပ်ကိုင်စားနေမလဲလေ။
ကာကွယ်ပေးဖို့ ကတိခံခဲ့ပြီး
အဝေးဆုံးကို ထွက်သွားတဲ့
လူတစ်ယောက်ကို မုန်းနေ‌လိမ့်မလား ။
ချစ်သောရေ ကံမကုန်ရင်
ပြန်ဆုံချင်ပါသေးတယ်ကွယ်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 06, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

လွမ်း၍ငယ်တစေTempat cerita menjadi hidup. Temukan sekarang