FIVE

4.7K 685 59
                                    

[Zawgyi]

ရည်းစား​ဟောင်းနှင့်​အတူ ခရီးသွားရမည့်​ခံစားချက်​ကကျ​နော့်​အတွက်​​တော့ နည်းနည်းမှ​ပျော်​စရာ​ကောင်းမ​နေဘဲ စိတ်​ကျဉ်းကြပ်​စရာ​တွေကိုသာကြိုတင်​ခံစား​နေရပါသည်​ ၊

တစ်​ညအိပ်​ နှစ်​ရက်​ခရီးဖြစ်​၍ လိုအပ်​မည်​ထင်​သည့်​အရာ​တွေကိုထုပ်​ပိုး​နေ​သော​ဂျောင်​ဂုသည်​ သက်​ပြင်းတ​ချချ
နာရီတ​ကြည့်​ကြည့်​ အ​တော်​မှစိတ်​မ​ပျော်​သည့်​ပုံ...၊
ရုံးကပြင်ေ​ပးထား​သောခရီး​ဆောင်​ကားနှင့်​ကမ်း​ခြေအထိသွားမည်​ဖြစ်​ပြီး ထိုကမ်း​ခြေက​နေကျွန်းသို့ ​​စက်​​လှေဖြင့်​သွားကြမည်​ ၊
ရွက်​ဖျင်​တဲ နှင့်​ လိုအပ်​တာအချို့ကိုလည်း သူ​ဌေးကပဲ စီစဉ်​​ပေးထားသည့်​အတွက်​ ​နေဖို့ထိုင်​ဖို့ အတွက်​​တော့မပူရ​ပေ ၊

မနက်​ဆယ်​နာရီ​လောက်​ကစထွက်​ခဲ့ကြသည်​ ။
ဂျောင်​ဂုအပါအဝင်​ စုစု​ပေါင်း ရှစ်​​ယောက်​ရှိ၏
ယောက်ျား​လေး ငါး​ယောက်​ နှင့်​ မိန်းက​လေးက သုံး​ယောက်​ပါသည်​ ၊

"မင်းရုပ်​ကြီးကလည်းချီးမှန်​ထားတဲ့ရုပ်​ကွာ
ပျော်​​ပျော်​​နေစမ်းပါကွ အ​ပျော်​ခရီးပါဆိုမှ"

ခရီး​ဆောင်​ကား၏ပြတင်းအပြင်​ကို​ငေး​နေတဲ့​ဂျောင်​ဂုအား သူ့​ဘေး​တွင်​ထိုင်​​နေ​သောတာဝန်​ခံလီက​ပြောသည်​ ၊
ဂျောင်​ဂုလည်းရီလိုက်​ရင်း သူတို့ရဲ့ဟိုဖက်​ခြမ်းရှိခုံတန်းဆီအကြည့်​​ရောက်​သွားမိသည်​ ၊
ထယ်​​ယောင်းစားဖို့အတွက်​ လိ​မ္မော်​သီးအခွံနွှာ​ပေး​နေ​သောဆမ်​ကိုဦးစွာမြင်​ရပြီး ထယ်​​ယောင်းက​တော့ ​ဆမ်​၏ကိုယ်​လုံးနှင့်​ကွယ်​​နေ​သော​ကြောင့်​မမြင်​ရ​ချေ ။

"ဆမ်​​ရေ ဒီ​ကောင့်​လိ​မ္မော်​သီး​ကျွေးလိုက်​စမ်းပါကွာ"

"တာဝန်​ခံလီ ! ဘာ​တွေ​ပြော​နေတာလဲ??"

"မင်းအဲ့ဒိဖက်​ကိုကြည့်​​နေတာ
လိ​မ္မော်​သီးစားချင်​လို့မဟုတ်​ဘူးလား?"

ဘုမသိဘမသိ ဝင်​​နှောက်​​နေတဲ့တာဝန်​ခံလီ​ကြောင့်​ ​ဂျောင်​ဂုဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ​တောင်​ဖြစ်​သွားသည်​ ၊

Heart Break Anniversary || KV[COMPLETED]Where stories live. Discover now