မင်းက အမေရိကား သွားမှာလား

572 27 0
                                    

"Gao ShiDe!"
ခပ်စွာစွာ ခေါ်သံပေး၍ ကျောင်းဆေးပေးခန်းတံခါးကို ဆွဲဖွင့်ပြီး Zhou ShuYi ခေါင်းပြူကြည့်လိုက်သော်လည်း Gao ShiDe ကို မတွေ့ရပါ။ ဆေးပေးခန်း အတွင်းပိုင်းသို့ Zhou Shu Yi လျှောက်လာရင်း Pei Shou Yi ကို ခေါ်ကြည့်တော့လည်း ဘာတုံ့ပြန်သံမှ မကြားရ။

"ဟင်... သူတို့နှစ်ယောက်လုံး ဒီကို မရောက်သေးတာလား"

Zhou ShuYi တစ်ယောက်တည်း ရေရွတ်ရင်း ‌Gao ShiDe ကို ဟိုဟိုဒီဒီ ကျောင်းဝင်းထဲ လျှောက်ရှာဖို့ ထွက်လာခဲ့သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

"ငါသူ့ကို မပြောပြရသေးဘူး"
ဘေးတွင် ထိုင်နေသော Pei Shou Yi က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း Gao ShiDe ကို ခပ်အေးအေး လှည့်ကြည့်သည်။ ထိုအခါ Gao ShiDe က ပြောလက်စ စကားကို ဆက်၍
"ငါတို့ တွဲပြီးနောက်ပိုင်း သူက ငါမထင်ထားလောက်အောင် ပြောင်းလဲသွားတယ်... ငါ့အမေနဲ့လည်း အဆင်ပြေတယ်... တအားလည်း ချစ်စရာကောင်းတယ်"

ပြုံးယောင်ရိပ်ရိပ်နှင့် ပြောနေသော Gao ShiDe ကို အရယ်အပြုံးမဲ့သော Pei Shou Yi က
"လိုရင်းပြော... မကြွားနဲ့... ပျင်းစရာကောင်းတယ်"

Gao ShiDe မျက်နှာကို ပြန်တည်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး
"သူက အရမ်းမျှော်လင့်ထားတယ်... ငါ ဘွဲ့ရပြီးရင် အမေရိကား သွားရမယ်ဆိုတာ မပြောရဲသေးဘူး"

"မင်းက အမေရိကား သွားမှာလား"
သစ်ပင်အကွယ်မှ ရုတ်တရက်ထွက်လာသော Zhou ShuYi အသံကြောင့် Gao ShiDe လှည့်ကြည့်လိုက်သည်။

"မင်း အမေရိကားသွားရမှာ ငါ့ကို ဘာလို့ မပြောတာလဲ" ဟုဆိုရင်း အနားကို ခပ်ဆတ်ဆတ် လျှောက်လာသော Zhou ShuYi ကို မြင်တာနဲ့ စိတ်တိုနေပြီမှန်း Gao ShiDe သိလိုက်သည်။ Zhou ShuYi စိတ်တိုပီး ရန်တွေ့သော စကားများကို Gao ShiDe ငြိမ်သက်ပြီး နားထောင်နေလိုက်ပြီး စိတ်တိုနေတဲ့ ကောင်လေးကို ချော့ပြီး ရှင်းပြဖို့ စိတ်ပြင်ဆင်ထားလိုက်သည်။
#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#_#

သစ်ပင်တွေနဲ့ အုံဆိုင်းနေတဲ့ လျှောက်လမ်းလေးက စိမ်းလန်းပြီး ‌အေးချမ်းနေသည်။ ထိုလျှောက်လမ်းမှာ ‌ယှဉ်လျက် ‌လျှောက်လာတဲ့ ချစ်သူနှစ်ယောက်ကတော့အကြောင်းအရာတစ်ခုကို ဆွေးနွေးလျက်။

"Zhou ShuYi, I love You"Where stories live. Discover now