Zhou ShuYi ချစ်တယ်

274 18 0
                                    

လည်တိုင်တစ်‌လျှောက် အနမ်း‌များခြွေနေသော ShiDe ၏ ပါးနှစ်ဖက်ကို ShuYi လက်ဖဝါးနှစ်ဖက်နှင့် ဖိကိုင်လိုက်ပြီး သူ၏ မျက်နှာတည့်တည့်သို့ စွဲတင်လိုက်သည်။ လက်ဖဝါးနှစ်ဖက်ကြားတွင် ပါလာသော ShiDe ၏ မျက်နှာလေးက ShuYi နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားချိန်တွင်တော့ ပြောင်းလဲမှုတစ်ခုကို အလျှင်အမြန် ပြုလုပ်လိုက်သည်။ ပြောင်းလဲမှု၏ ရလဒ်အရ ShiDe ၏ ကျောပြင်သည် ကုတင်နှင့် ထိကပ်၍ ShuYi သည် အပေါ်မှ အုပ်မိုးထားသည်။

အုပ်မိုးထားသော ShuYi က ShiDe ၏ မျက်နှာလေးကို လက်ဖဝါးတစ်ဖက်ဖြင့်ကိုင်လိုက်သည်။ ထို့နောက် ချစ်သူ၏ နှုတ်ခမ်းကို ရီဝေဝေ ကြည့်၍ သူ၏ နှုတ်ခမ်းဖြင့် ညင်သာစွာ ဖိကပ်လိုက်ပြီး ဤည၏ ဒုတိယမြောက်အနမ်းအား စတင်လိုက်လေသည်။ ဒုတိယမြောက်အနမ်းသည် ပထမတစ်ခေါက် ပို၍ ပြင်းထန်နေသည်ကို ShiDe ခံစားမိသည်။ ShiDe သည်လည်း မျက်လုံးများ စုံမှိတ်ကာ ShuYi ၏ နှုတ်ခမ်းအပြင် လျှာဖျား၏ လှုပ်ရှားမှုများကိုပါ အမှီလိုက်နေမိသည်။

အနမ်းများကို အရှိန်တင်ရင်း ShuYi ၏ လက်များက ShiDe ၏ ရင်ဘတ်‌ပေါ်တွင် ပွတ်သပ်ရွေ့လျားနေသည်။ ထိုရွေ့လျားနေသော လက်များက ShiDe ဝတ်ထားသော ရှပ်အင်္ကျီအပြာစင်းရှိ ကြယ်သီးများဆီသို့ ဦးတည်၍ တစ်လုံးချင်း စမ်း၍ ဖြုတ်နေသည်။ထိုအခါ ShuYi ၏ လည်ပင်း‌တွင် သိုင်းလျက်ရှိနေသော ShiDe ၏ လက်များကလည်း ShuYi ၏ အင်္ကျီပေါ်ရှိ ကြယ်သီးများအား လျှောက်စမ်းနေမိသည်။

သို့သော် ShuYi ၏ အင်္ကျီသည် ကြယ်သီးမရှိသော ခေါင်းစွပ်အင်္ကျီဖြစ်သည်။ ShiDe ၏ လျှောက်ပြေးနေသော လက်များကို သတိထားမိသော ShuYi က မျက်လုံးများဖွင့်၍ အနမ်းကို အရှိန်သတ်ကာ ရပ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကိုပါ မတ်လိုက်သောအခါ ရင်ဘတ် ဟပြဲနေပြီဖြစ်သော ShiDe လည်း အလိုလိုမျက်လုံးပွင့်လာသည်။ သူ့အပေါ်တွင် ခါးမတ်ထားသော ShuYi ကို ကြည့်မိတော့ အင်္ကျီကြယ်သီး မရှိမှန်း သတိရသွား၍ ပြုံးလိုက်မိသည်။ သူ့အတွေးနှင့်သူ ပြုံးသွားသော ShiDe ၏ အပြုံးကို သဘောပေါက်သော ShuYi က ပြန်ပြုံးပြ၍ နှစ်ယောက်သား ဟက်ခနဲ ရယ်လိုက်ကြသည်။

"Zhou ShuYi, I love You"Where stories live. Discover now