{၆}U/Z

110K 12.2K 2.7K
                                    

Unicode


နှစ်လရက်အလီလီ ကုန်ဆုံးပြီးနောက်တွင်ပြောင်းလဲသင့်သည့်အရာတွေကပြောင်းလဲသွားသည်။သစ်ပုပ်ပင်ကြီးကို ကြွက်တွေဝင်အောင်း၍ အခေါင်းပေါက်ဖြစ်လာတာကြောင့် အင်္ဂတေဖို့ပြီး သံတိုင်တွေကာလိုက်ကြသည်။အကြောင်းကတော့ တချို့ လူများသည် သစ်ပုပ်ပင်ဘေးထိုင်ရင်း မုန့်စားပြီး အမှိုက်များချခဲ့ကြတာကြောင့်ပင်။ထို့ကြောင့်ကြွက်များလည်းသောင်းကျန်းကြသည်။နှစ်ရှည်သစ်ပင်ကြီးဟာ သဘာဝဘေးဒဏ်ကိုကြံကြံခံနိုင်ခဲ့သည်။သို့သော် လူဒဏ်က ပိုကြောက်ဖို့ကောင်း၏။ထို့ကြောင့် အတားအဆီးအကာအရံလုပ်လိုက်ခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်ခဲ့သည်။

သည်တစ်နှစ်တွင်စောနရီကျသည့်အဆောင်ကား စစ်ကိုင်းဆောင်ပင်ဖြစ်သည်။သည်တစ်ခါတော့ တစ်ယောက်တည်းတစ်ခန်းကျသည်မဟုတ် roll no. ကပ်လျက်ဖြစ်သည့် Ec မြင့်စိုးနှင့်တစ်ခန်းတည်းကျသည်။

ယနေ့ ညနေပိုင်းအတန်းမရှိတာမို့ သူတစ်ယောက်တည်းအဆောင်ကို အစောပြန်နားသည်။နားသည်ဆိုတာနှင့် အိပ်ရာပေါ်ပြေးတက်နေခြင်းတော့မဟုတ် စာကြည့်ခုံတွင် သာထိုင်ခြင်းပင်။ အခန်းဖော် မြင့်စိုးကတော့ပြန်မရောက်သေး အဖွဲ့လိုက် ကန်တင်းသွားကြသည်လေ။သူ့ကိုလည်း ခေါ်ပေမဲ့အပိုဝင်ငွေမထွက်စေချင်တာကြောင့် လိုက်မသွားပေ။
စောနရီသည် သည်နှစ်တွေ၌ တက္ကသိုလ်တွင် နေခဲ့ရပြီးနောက် နေထိုင်မှုပုံစံကအသားကျလာသည်။မနက်ခင်း ထမင်းစားလျှင် သူများထက်ပိုပိုသာသာစားသည်။ တမင် အပိုစားချင်၍တော့မဟုတ်။နေ့လယ်စာမစားသည့်အတွက် ခံနိုင်ရည်ရှိစေရန်ဖြစ်သည်။
အဆောင်က မနက်နှင့်ညစာသာ ထမင်းကျွေးတာမို့ နေ့လယ်စာကတော့ ကန်တင်းမှာဝယ်စားရသည်။ ကျန်းမာရေးချူချာလာသည့် မိခင်သည်လည်းအလုပ် အများကြီးမလုပ်နိုင်တော့သည်မို​့ သူ့ဘက်ကလည်းအလိုက်တသိချွေတာရမည်။
ကျောင်းထားပေးသည်ကိုပင် ကျေးဇူးတင်ရမည်ဖြစ်သည်။
ထို့ကြောင့်နေ့လယ်စာအစား မနက်စာနှင့်ညစာကိုပင် ပိုပိုသာသာစားလိုက်သည်။
တစ်ခါတလေ ဗိုက်အောင့်သည့်အခါများတွင်တော့ ချွေးသိပ်သည့်အနေဖြင့် ပေါင်မုန့်တစ်လုံးလောက်စားဖြစ်သည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now