ARC.2.18

3.4K 463 2
                                    

" သခင်မပြောသလိုဘဲ လွန်ခဲ့တဲ့ တစ်ပတ်က ‌ပေနိုင်ငံက တော်ဝင်နန်းတော်မှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်သွားတယ် ..ပေကောင်းရန်က နယ်နှင်ဒဏ်ပေးခံ လိုက်ရပြီး ... တော်ဝင်သွေးတစ်ယောက်ပေါ်လာပြီး အိမ်ရှေ့စံရာထူးကို ရသွားတယ် ..အဲ့လူက ပေဖုန်းယုရဲ့ လက်အောက်ခံဘဲ " ရှောင်ကျန်းက လက်ထဲက လျို့ဝှက်စာကို ကြည့်ကာ လင်းချင်းအား ပြောနေသည်။

" အားကျန်း ...." လင်းချင်း၏လေးလံနေသည့် အသံကြောင့် ရှောင်ကျန်းက နားမလည်စွာ ပြန်ကြည့်လိုက်သည်။
" ဟင်?? "

" မင်း နမိတ်မကောင်းတဲ့ ခံစားချက်မရဘူးလား.... သခင်မတစ်ခုခု ဖြစ်နေပြီ လို့ ငါထင်တယ် " လင်းချင်းက မျက်ဝန်းထဲတွင် မရေရာမှုများရှိနေသည်။

" မ... မဖြစ်နိုင်ပါဘူး ...မင်းအတွေးလွန်နေပြီ သခင်မက ဒီမှာစောင့်ခိုင်းထားတာဘဲ သေချာပေါက်ပြန်လာမှာပါ .." ရှောင်ကျန်းက ခေါင်းပြုတ်ထွက်မတတ် ခါယမ်းလိုက်ကာ အသည်းအသန် ငြင်းဆန်လိုက်သည်။

" လေးရက်ရှိပြီ... ငါတို့စောင့်နေတာ လေးရက်ရှိပြီ သူမ ပြန်မလာသေးဘူး "

လင်းချင်း၏ စကားကို ‌သူက ပြန်မဖြေနိုင်တော့ပေ။ သူတို့ သခင်မ ထွက်သွားပြီးကတည်းက ဘာသတင်းမှ မကြားရပေ .. လူလွှတ်ပြီး ရှာခိုင်းသော်လည်း ထိုနေရာက ကြီးမားသည့် ပေါက်ကွဲမှု ကြီးကြောင့် အနီးအနားတွင် ရှိသော သူတို့အဖွဲ့ဝင်များနဲ့ သိုင်းသမားများပင် ပေါက်ကွဲမှု ထဲပါဝင်သွားကာ သေဆုံးသွားကြသည်။

ဝူ.... ဝူ.....ဒုန်း...ဒုန်းး...ဒုန်း

" ခေါင်းဆောင် ... နယ်စပ်မြို့ကို ပေနိုင်ငံရဲ့ စစ်တပ်က ရုတ်တရက်ကြီး လာတိုက်ခိုက်နေပါတယ် !!! " စစ်ပွဲခေါ်သံကြားသည်နှင့် တပြိုင်နက် လူတစ်ယောက်က သတင်းလာပိုသည်။

" အဖွဲ့ ကို စုစည်းပြီး တိတ်တဆိတ် စောင့်ကြည့်နေ ... တပ်မှူးတောင် မသိစေနဲ့ .." လင်းချင်းက မှာကြားကာ သူရဲ့ ဓားကို စွဲကိုင်လျက် လျင်မြန်စွာ ထွက်ခွာသွားသည်။

" လျန်တပ်မှူး ဘယ်လိုလုပ်မလဲ .... သူတို့က ရုတ်တရက်ကြီး လာတိုက်တာ .." လျန်ဟွေ့က သူ့ဘေးနား စစ်သားပြောသည့် စကားကို ဂရုမစိုက်စွာဖြင့် မြို့ရိုးပေါ်တွင် ရပ်ကာ ကွင်းပြင်တွင် ရှိသော သောင်းချီသည့် စစ်သားများကို တည်ငြိမ်စွာ ကြည့်နေသည်။ သူ့မျက်နှာတွင် ကြောက်ရွံ့မှုကို မတွေ့ရဘဲ ပျော်ရွင်မှုကိုပင် တွေ့နိုင်သေးသည်။

The Villain PrincessWhere stories live. Discover now