နိဒါန်း

11.1K 462 9
                                    

Unicode

နိဒါန်း

အချစ်က ပူလောင်တယ်။
ဂျွန့်မျက်ရည်တွေက မီးပင်လယ်ဖြစ်တယ်။

လွမ်းဆွတ်မှုက ခါးသီးအေးစက်တယ်။
ဂျွန့်ဥပေက္ခာတွေက ရေခဲပြင်ရှရှဖြစ်တယ်။

သားချော့တေးလိုငိုရှိုက်သံက နားထဲချာလည်တယ်။
စကြဝဠာပိုင်တဲ့မျက်ဝန်းရှင်က ပြတ်သားနိုင်လှတယ်။

ဂျွန်ကသိပ်လှတယ်။
အချစ်ကအကျည်းတန်၊ အရုပ်ဆိုးတယ်။

ဆံနွယ်မျှင်ဖြူဖြူတွေက မြတ်နိုးခင်တွယ်ဖွယ်ရာ ကောင်းလှတယ်။
မိုက်မဲမှုတွေကတော့ နာကျည်းဖွယ်ဖြစ်တယ်။

အဝေးကိုအတူပျံသန်းကြဖို့ ကြိုးစားခဲ့တယ်။
ပန်းတိုင်ရောက်တော့ ဂျွန်ဟာပါမလာခဲ့ဘူး။
ကိုယ့်အမြင်တွေမှားယွင်းခဲ့တယ်...ဂျွန်။
ကိုယ်မှားခဲ့ပါတယ်။
တကယ်တော့...ဂျွန်က အတောင်ပံကျိုးနေတဲ့
လိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့တာပဲ။

#ဆည်းဆာငယ်(Sii_sar_Nge)

Zawgyi

နိဒါန်း

အချစ်က ပူလောင်တယ်။



ဂျွန်ကသိပ်လှတယ်။


ကိုယ်မှားခဲ့ပါတယ်။

#ဆည်းဆာငယ်(Sii_sar_Nge)

Value ||Edited Version||Where stories live. Discover now