06 [revised]

1.6K 245 17
                                    

Unicode

"ဆောင်းဟွန်း မင်းမလိုက်ချင်ရင် ငါတစ်ယောက်တည်းသွားလို့ရ-"

"စကားမများနဲ့ လာသွားမယ်"

ဂျယ်ယွန်းစကားမဆုံးခင်မှာပဲ သူ့လက်ထဲကဖုန်းကိုအကြည့်မပျက်ပဲ ဂျယ်ယွန်းရှေ့ကနေ တံခါးဆီကိုထွက်သွားသောသူ။

Maskနဲ့ဦးထုတ်ကိုယူရင်း နောက်ကနေလိုက်မိတော့ ရှေ့က အရပ်ရှည်ရှည်နဲ့လူက ဓာတ်လှေကားဆီမသွားပဲ ဘေးကိုကွေ့သွားတာမြင်သည်။

"ဆောင်း-ဆောင်းဟွန်း လှေကားနဲ့ဆင်းမလို့လား? ငါကမောတတ်လို့"

ဂျယ်ယွန်းအနေနဲ့ဆို ဆေးရုံကဆင်းလာတာသိပ်မကြာသေးလို့ အပင်ပန်းမခံနိုင်သေးဘူးဆိုတာက ယုတ္တိရှိနေသလို  တကယ့်တကယ်ဆောင်းမီအနေနဲ့ကလည်း အရင်တည်းက တကယ်ကိုအမောမခံနိုင်တာကြောင့်
ပါးစပ်ကနေလွှတ်ခနဲမေးမိတော့

တစ်ချက်ခပ်တွေတွေလှမ်းကြည့်သော ဆောင်းဟွန်း။

မိနစ်ဝက်လောက်တော့ကြာမည်ထင်သည်။

အဲ့ဒီနောက်တော့ ဂျယ်ယွန်းရှိရာဓာတ်လှေကားရှေ့ကို လှမ်းမလာခင်မှာ သက်ပြင်းတိုတိုတစ်ခုကိုချလိုက်တာကိုတော့ ဂျယ်ယွန်းတဖြစ်လဲ ဆောင်းမီမြင်လိုက်မယ်မထင်။

ဓာတ်လှေကားထဲရောက်တော့ ဂျယ်ယွန်းကပဲ မြေညီထပ်ဆီကို ခလုတ်နှိပ်လိုက်ပြီး တံခါးပိတ်သွားတဲ့နောက် ဓာတ်လှေကားနံရံမှန်တွေကိုသာလျှောက်ကြည့်နေမိသည်။

မှန်ထဲကမြင်နေရသည့် သူ့နောက်က ဆောင်းဟွန်းကတော့ ဖုန်းအကြည့်မပျက်။

ခုနကတည်းက တစ်ယောက်ယောက်နဲ့ ဆက်တိုက် Kakao talkကနေ စာပိို့နေတာထင်တယ်။

ဘယ်သူများပါလိမ့်။

သူငယ်ချင်းလား

ဒါမှမဟုတ်

မဟုတ်မှလွဲရော

ရည်းစားများလား။






တောင်တောင်အီအီလျှောက်တွေးနေမိတုန်း

ရုတ်တရက်

"ဒုန်း" ဆိုသည့်အသံနှင့်အတူ

အောက်ကိုဆင်းနေရာကနေ ရပ်တံ့သွားသည့် ဓာတ်လှေကား။

OTP or OC | SUNGJAKE ✔️ Where stories live. Discover now