နွေဦးသူရဲကောင်းလေးရဲ့ပါရမီဖြည့်ဘက် (Unicode)

1.1K 30 0
                                    

"မေမေ သားကိုလေအတန်းထဲကကောင်တွေကလက်ပြတ်ကြီးရဲ့သားဆိုပြီးလှောင်ကြတယ်..."

သားငယ်လေးကျောင်းကပြန်လာလာချင်းပြောလိုက်တဲ့စကားကြောင့်ထိုင်ခုံတွင်ထိုင်နေသောယောက်ျားဖြစ်သူအားကြည့်မိတော့ဝမ်းသာဂုဏ်ယူတဲ့အပြုံးနှင့်သာပြုံးပြနေသောချစ်ရသူ.....

"သားကိုမေမေပုံပြင်တစ်ခုပြောပြမယ်နားထောင်ချင်လား..."

"ဟုတ်...."

သားငယ်လေးရဲ့စကားသံအဆုံးအတွေးများက
ရက်စက်လွန်းခဲ့တဲ့နွေဦးတစ်ခုစီသို့....

^^^^^^^^^^^^^^^^^^^^^^^^^

"သဲငယ် နောက်မှာပဲထိုင်နေနော်ရှေ့ကိုမလာနဲ့..."

"မောင်လဲဂရုစိုက်နော်...."

defenders line အတွက်တာဝန်ယူထားတဲ့မောင်ကနောက်ကအထိုင်သပိတ်မှာထိုင်ကာဆန္ဒပြနေတဲ့သဲငယ်ကိုပိုပြီးတော့စိုးရိမ်နေလေရဲ့....

"မောင့်ကိုစိတ်မပူနဲ့...."

"မပူလို့ရမလား....ခွေးကောင်တွေကပစ်ချင်တိုင်းပစ်နေကြတာ..."

"သူတို့ပစ်တိုင်းရကြေးလား...သဲငယ်ရဲ့မောင်က super man လေ...အဟဲ..."

"ပြောင်ချော်ချော်လုပ်မနေနဲ့...သွားတော့..."

ဟာသလုပ်ကာရယ်နေသောမောင့်အားဆူလိုက်တော့နှုတ်ခမ်းလေးကိုဆူလေသည်....

"ကဲဆူပုတ်မနေနဲ့...သွား...လိမ်မာတယ်..."

ခေါင်းလေးကိုပုတ်ကာပြောလိုက်တော့မှမျက်နှာလေးကာပြုံးကာသဲငယ်ရဲ့နဖူးလေးကိုနမ်းလာပြီး.....

"Happy 5 years anniversary သဲငယ်..."

ဟုတ်ပါတယ်....ဒီနေ့ကသဲငယ်တို့ရဲ့ anniversary နေ့ချစ်သူသက်တမ်းငါးနှစ်အတွင်း anniversary ကိုဒီလိုမျိုးဆန္ဒပြရင်းဖြတ်သန်းရလိမ့်မယ်လို့လုံးဝမထင်ခဲ့တာအမှန်ပါ....

"အင်း...happy anniversary ပါမောင်...."

"ဒီနှစ် anniversary လက်ဆောင်ကိုတော့ Democracy ပဲပေးတော့မယ်...အဲ့တာမှမောင်တို့သားလေးတွေသမီးလေးတွေကိုဖေဖေတို့ကနွေဦးတော်လှန်ရေးမှာ fighters တွေလုပ်ခဲ့တာလို့ပြန်ပြောလို့ရမှာ...."

One shot collectionsWhere stories live. Discover now