{၈}U/Z

107K 11.7K 1.6K
                                    

Unicode

ပဲခူးဆောင် အနီးသို့ ဆလွန်းကားအဖြူရောင်လေးက အရှိန်နှေးကွေးစွာလိမ့်ဝင်လာသည်။
ထိုကားအဖြူလေးသည် ဝင်ပေါက်နှင့်မနီးမဝေးတွင်ရပ်သည်။စက္ကန့်ပိုင်းအတွင်းမှာပဲ ထိုကားအတွင်းကနေ လူတစ်ယောက်ထွက်လာသည်။ ပုဆိုးနှင့်တီရှပ်ကို ပေါ့ပေါ့ပါးပါးတွဲဝတ်ထားဟန်က သည်ကျောင်းက ကျောင်းသားတစ်ယောက်မှန်းသိသာစေသည်။ ကားထဲမှထွက်လာသောသူသည် ထိုကားအတွင်းဘက်မှလူကို နှုတ်ဆက်စကားဆိုကာ ပဲခူးဆောင်အတွင်းသို့ဝင်လာသည်။

အဆောင်တွင်းသို့ဝင်လိုက်သည်နှင့် ကျောင်းသားများ၏ ဂစ်တာခေါက်သံ၊ဖဲကစားသည့်အသံ၊ချက်စ်ထိုးနေကြသည့်အသံများကို ဆူညံစွာကြားနေရသည်။ ယောက်ျားလေးဆောင်မို့ သည်လို ဗရုတ်ကျသည့်အသံများကြားနေရသည်ကအဆန်းတော့မဟုတ်။

အလယ်ထပ်ကိုတက်သွားရင်း လှေကားကနေချိုးကွေ့လိုက်သည်နှင့် သူ့အခန်းရှေ့တွင် ဝရန်တာကိုမှီလျက် ရပ်နေသော မဂ္ဂဒီပါကိုတွေ့ရ၏။ ဝတ်ထားသည့်ဝတ်စုံကို ကြည့်သည်နှင့် ရှုတင်က ပြန်လာမှန်းသူသိလိုက်သည်။

သူအခန်းရှေ့ထိရောက်အောင်သွားလိုက်ပြီး အခန်းသော့ဖွင့်ရင်းမေးလိုက်၏။
"ဘာလို့ အခန်းထဲဝင် မနေတာလဲ။"

မဂ္ဂသည် လွန်းနောင် တံခါးဖွင့်ပြီးသည်နှင့် အထဲကို တန်းဝင်သွားသည်။
"သော့မပါသွားလို့လေ။ဘယ်သူက အခန်းရှေ့မှာရပ်နေချင်မှာလဲ"

လွန်းနောင်သည် လွယ်အိတ်ကိုချိတ်ရင်း
"နွေဦးမောင်တို့နားသွားနေလည်းရတာပဲကို။"

မဂ္ဂသည် သူ့၏ခုတင်ပေါ်တွင် လက်နောက်ပစ်ထိုင်ရင်း လွန်းနောင်အားအသေးစိတ်လိုက်ကြည့်နေသည်။ လွန်းနောင်ပြောသည်များကို သူစိတ်မဝင်စား။သူစိတ်ဝင်စားတာ ခုနကမြင်လိုင်ရသည့်ဆလွန်းကား။
"ခုနကလိုက်ပို့တာဘယ်သူလဲ?"

"အသိ။"

"ဘယ်ကအသိလဲ။ မင်းရဲ့အသိထဲမှာ ငါနဲ့မသိတဲ့လူရှိသေးလို့လား"

"ခင်ဗျားအသိတွေကို ငါမသိတာတောင်ရှိသေးတာပဲ။"

လွန်းနောင်က ပက်ခနဲပြန်ဖြေသည်။စကား ပြောနေပေမဲ့ ဗီရိုထဲမှ မဂ္ဂအတွက် ညအိပ်ဝတ်စုံ ထုတ်ပေးလိုက်သည်။ ဒါကသူလုပ်နေကျအလုပ်တွေပင်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now