EP(8)

6.9K 690 12
                                    

Uni

“ငြိမ် လာ ထိုင်၊ ဒီမှာလေ ညွှန်းရယ် သရဲအကြောင်းပြောပြနေတာ။”

ကန်တင်းကို ရောက်သည်နှင့် နွယ်ရဲ့ဖိတ်မန္တကပြုသံကိုအရင်ကြားလိုက်ရသည်မို့ ငြိမ် ရယ်ပြကာ သူတို့ ညွှန်ပြသည့် ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ ဒီနေ့တော့ မချောလေးယောက်က ဝတ္ထုအကြောင်းမပြောတော့ဘဲ သရဲ အကြောင်းပြောမည်ဆိုပါ့လား။ အသိမိတ်ဆွေမရှိသော သူ့မှာ စာအုပ်တစ်အုပ်အကြောင်းပြု၍ ထိုမချောတွေနဲ့ ခင်ခဲ့တာ တစ်လလောက်တော့ရှိပြီဖြစ်သည်။ မေမေကလည်း လိုက်လာမယ်သာပြောတာ၊ ဖေဖေရစ်နေလို့များလားတော့ မသိ။ အခုထိ လိုက်မလာသေး။ ဒီတော့ သူ့မှာခင်တွယ်စရာဆိုလို့ ဒီလေးယောက်ပဲရှိလေရာ မိတ်ဆွေသက်နည်းသေးပေမဲ့ သူ ဒီလေးယောက်ကို အတော်လေးကို ခင်မိပါသည်။

“အဲ့တော့လေ အဲ့ဒီဗန်ပိုင်းယားက သိလား အစွယ်ကြီးနဲ့လေ”

“အေးအေး”

ကောင်းခန်းရောက်နေပြီမို့ထင်သည်။ ညွှန်းက တမင်မူကာ စကားကို ရပ်ကာ ရပ်ကာပြောသည်။ ခင်မြ ဆိုတာကလည်း ဘယ်လောက်တောင် စိတ်ဝင်စားနေသလဲတော့မသိ၊ ညွှန်း စကားရပ်လိုက်တိုင်း တအေးအေးနဲ့ စကားထောက်နေရတာ အမြုပ်တောင်ထွက်မတတ်ဖြစ်နေပြီဖြစ်သည်။ နွယ်လည်း ဘာမှတော့မထူး။ လက်ဖက်ရည် တစ်ခွက်ကို တို့စိတို့စိသောက်ကာ ညွှန်းဆီသို့ မျက်လုံးပြူးကြီးကိုပို့ထားသည်။ စိတ်ဝင်စားနေသည့်သဘောပင်။ မြကတော့ သူ့BLအကြောင်းမဟုတ်လို့လားမသိ။ အစားကသာပထမလို့ ကြွေးကြော်ရင်း ခေါက်ဆွဲသုပ်ငုံ့စားကာ ညွှန်းပြောသမျှကို တာဝန်ကျေ ခေါင်းညိတ်ပေးရှာသည်။ သူလည်း သူငယ်ချင်းမတွေကို စေ့စေ့လိုက်ကြည့်ရင်းပြုံးလိုက်ကာ အစွယ်ကြီးနဲ့ ဗန်ပိုင်းယားကြီးအကြောင်း နားထောင်ပေးလိုက်သည်။

တောရောက်တောင်ရောက်စိတ်တို့က ကားပါကင်မှာတွေ့ခဲ့တဲ့ ဗန်ပိုင်းယားမာဖီးယားကြီးကို ပြန်အ မှတ်ရစေသည်။ သူ ကြက်သီးထသလို ပုခုံးတွန့်လိုက်သည်။ အဲ့လူလည်း တကယ်ကြောက်စရာကြီးပါပဲ။ တော်ပါသေးရဲ့။ သူနဲ့ ထပ်မတွေ့တော့လို့။

Love Zone (Completed)Where stories live. Discover now