{၉}U/Z

106K 11.7K 3.2K
                                    

Unicode

မြန်မာစာဌာနတစ်ခုတည်း၏ Fresher Welcome မို့ ဌာနကဆရာမများသာလာသည်။ တခြားမေဂျာရှိဆရာ၊ဆရာမတွေကိုတော့ ပါဆယ်ဘူးနဲ့ ဒံပေါက်လိုက်ပို့ရုံလောက်သာ။
ကတ္တီပါနက်ရောင်နောက်ခံကန့်လန့်ကာနှင့်ထိုအပေါ်တွင် အဖြူရောင်စတစ်ကာဖြင့်စာလုံးဖော်ထားသည်က မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊
ရန်ကုန်တက္ကသိုလ်၊မြန်မာစာဌာန၊ဘေးအောက်နားတွင်တော့ ရက်စွဲနှင့်ပင်။
ဌာနမှူးနှင့်သက်ဆိုင်ရာဆရာမတွေကအရှေ့တန်းတွင် ကျကျနန။ ဝတ်ထားသည့် ဗမာ ဝမ်းဆက်၊တိုက်ပုံများသည် သူတို့၏ရှိရင်းစွဲဂုဏ်ကိုအားပြုပေးသည်။

ကျောင်းသားတချို့သည်လည်း ရှိုးအပြည့်၊တချို့ကကျ အိပ်ချင်မူးတူးဖြင့်၊ မိန်းကလေးတွေကတော့ အလှတရားတွေဝေလို့ဆာလို့။
တော်တော်များများကဆံပင်ရှည်၊ဆံမြတ်ကလေးတွေနှင့်ပင်။ ခေတ်အလိုက် စီးမျောနေသော နေထိုင်ပုံတွေပင်။
ယောက်ျားလေးအများစုက ဂျင်းဘောင်းဘီပွပွ၊အင်္ကျီပွပွကိုသာဝတ်ကြသည်။ဘေးစောင်းလွယ်အိတ်သည်ကား လိုတရအိတ်တစ်လုံးပမာ အမြဲတလွယ်လွယ်။

စျေးမှပြန်လာသော နွေဦးမောင်နှင့်စောနရီသည် လိုအပ်သည့်ပစ္စည်းများကို ဖျော်ရည်ပိုင်း တာဝန်ယူထားသည့်မိန်းကလေးအဖွဲ့ကိုပို့ပေးလိုက်သည်။ လာသည့်လမ်းတလျှောက်နှင့်ပွဲခန်းမအတွင်းဝင်သည့်အချိန်တွင် စီနီယာ ဂျူနီယာအသီးသီးက နွေဦးမောင်ကို နှုတ်ဆက်ရန်ပြင်သော်ညား အခွင့်မသာချေ။

အမြဲလိုလို ရှေ့သို့တူရူကြည့်ပြီး ခပ်တည်တည်လမ်းလျှောက်တတ်သည့် နွေဦးမောင်နှင့် မျက်လုံးချင်းဆုံကာ နှုတ်ဆက်ဖို့အခွင့်အရေးရှိနိုင်သော်ညား ယခုမူမတူချေ။
နွေဦးမောင်၏မျက်လုံးသည် သူ၏ဘေးတွင်ပါရှိသော အမည်မသိလူတစ်ယောက်ဆီမှာသာရှိသည်။ လှမ်းခေါ်လျှင်တောင် မကြား၍လားမသိ တစ်ချက်မျှလှည့်မကြည့်။ဘေးက ကောင်လေးကိုသာ စကားတတွတ်တွတ်ပြောနေလေသည်။

ကိုးနာရီခွဲတွင် ပွဲစသည်မို့ လူတွေလည်းပြည့်လာသည်။ တခြားမေဂျာရှိ ကျောင်းသားများကလည်း စနည်းနာရန်လာရောက်ကြမိသည်မို့ ၁၀နာရီမထိုးခင်မှာ ကိုပင် လူပြည့်လုနီးပါးဖြစ်သွားသည်။

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now