9 ~ (zawgyi)

79 15 0
                                    

[9]

" ဟာရူတိုနဲ့ ငါအရမ်းကိုအဆင်ပြေနေတာ ဒီတိုင်းဆို ငါမျှော်လင့်လို့ရနိုင်တဲ့အခြေအနေပဲ "

ဂျောင်ဝူးက ပီတိအဖြာဆုံးလေသံနဲ့ပြောနေတယ် ။
အမြင်ကပ်နေတာက ဆိုယောင်းနဲ့ အဆာဟီ ဖြစ်ပြီးတော့ ယိုရှီကတော့ ဂျောင်ဝူးနဲ့ထပ်တူ ပျော်ပေးနေတယ် ။

" မင်း အမြန် အဲ့ဟာရူတိုက ဆွဲလိုက်တော့ကွာ အဲဒါမှ ငါအွန်းဗြောလေးကို သူမကြည့်တော့မှာ "

" noona ကို ရူတိုက မကြိုက်တော့ပါဘူးကွာ ငါသိတယ် သူက ပိုင်ရှင်ရှိနေတာကို ထိမဲ့သူမျိုး လုံးဝမဟုတ်ဘူး "

" ပြောလို့ရမလား ငါ့ကောင်မလေးက အဲကောင်ကို မရောလို့သာပေါ့ "

"ဟျောင့် ဟာရူတိုက အဲ့လိုလူမဟုတ်ပါဘူးဆို "

ဆိုယောင်းက လက်သည်းနီဆိုးနေရင်းတန်းလန်း ရှေ့က စာရွက်ကို လက်တဖက်ထဲနဲ့ ဖိချေလို့ ယိုရှီကိုပစ်ပေါက်လိုက်တယ် ။ သူမက နေ့တိုင်း အွန်းဗြော အွန်းဗြောနဲ့ ပါးစပ်ကမချတဲ့ ယိုရှီကို ဂျောင်ဝူးထက် ပိုလို့တောင်အမြင်ကပ်ပါတယ်။

" အော်ကလီဆန်လာပြီ နင်တို့ကို တော်တော်ဖြစ်နေလိုက်တာ ..

ပြောပြီးတာနဲ့ မခြောက်သေးတဲ့လက်သည်းကိုမူတ်လို့ ပြန်ပုံသွင်းနေလိုက်ပြီး လက်သည်းနီက ရတဲ့ အရက်ပြန်နံကလည်း အခန်းတွင်း ဝေ့ဝဲနေလျှက် ရှိတယ် ။ နူတ်ခမ်းဖြင့် ဖွဖွ မူတ်နေရင်းနဲ့ သူမ က တစ်ခုခုကို စဉ်းစားမိသွားပြီး တဖက်ကိုပြန်လှည့်လာတယ် ။ ဒီတခါ အလှည့်ကျသူကတော့ အဆာဟီပဲ ဖြစ်တယ် ။

"  အဆာဟီရောပဲ ဟိုတယောက် ယွန်းဂျယ်ဟျော့က နင့်နဲ့ တစ်ခုခုပဲမလား ... နေကြပါဉီး ငါတယောက်ပဲ ဘယ်သူမှမရှိ ဖြစ်နေတာလား ဘယ်မလဲ ငါ့အတွက် တရားမျှတမှုဆိုတာ "

" လိုချင်လား  ဒါဆို ငါနည်းလမ်းပြောပြမယ် နင်ရဲ့ အဲ့ပေါက်ပေါက်ဖောက်တတ်တာကို အရင်ပြင်လိုက်ဒါဆို ရလာလိမ့်မယ်  "

အဆာဟီက ယိုရှီဆီ သူပစ်လိုက်တဲ့ စက္ကူလုံးကို ပြန်ပစ်ပြီးပြောလိုက်တာပဲ ဖြစ်တယ် ။

" တစုံတယောက်ကို ရဖို့အရေး ကိုယ့်ပုံစံကို မပြင်နိုင်ပါဘူးနော်  ငါ့အရှိတိုင်းသဘောကျပေးမဲ့သူပဲ ရွေးမှာ "

Going Crazy  [Completed]Where stories live. Discover now