Ep(1)

9.4K 473 5
                                    

My silent heart

Ep(1)

"ရော့ အဲ့မှာလက်မှတ်ထိုး"

Baek ရှေ့ပစ်ပေးလိုက်သော စာချုပ်ကိုကြည့်ရင်း Baek ငိုချင်စိတ်တေပြင်းထန်လာသည်။

Baek:"နောက်တစ်ကြိမ်တောင်ပြန်မစဉ်းစားတော့ဖူးလား Yeobo"

"စဉ်းစားစရာမလိုတော့ဘူး မင်းနဲ့ ကွာရှင်းဖို့ပဲ စဉ်းစားတယ်"

Baek:"ဒါဆိုလည်း Baek တောင်းဆိုတာကို လက်ခံပေးပါနော်"

"ဘာတောင်းဆိုမှာလဲ မနက်ဖြန်ဆို အသစ်ဝယ်ထားတဲ့အိမ်မှာသွားနေတော့မှာ"

Baek:"Yeol Baek နဲ့ကွာပါ ရပါတယ် တစ်ခုပဲတောင်းဆိုချင်တယ် တစ်လလောက်ပဲ တစ်လပဲ Baek ဖြစ်ချင်တာလေး လုပ်ပေးလို့ရမလားဟင်"

Yeol ခေါင်းတစ်ချက်ကုပ်လိုက်ကာ

"ပြော "

Baek:"Baek ကိုမနက်တိုင်းအိပ်ယာနိုးရင် ပွေ့ချီပြီး ရေချိုးခန်းကိုပို့ပေးပါ ညဆိုလည်း အိပ်ယာပေါ်ကိုပွေ့ချီသွားပေးပါ ဒါလေးပါပဲ"

Yeol:"ဒါလေးပဲလား ရတယ်လေ ခုကစမှာလား"

ပြောပြောဆိုဆိုနဲ့ Baek ကိုယ်လုံးလေးကိုပွေ့လိုက်သည်။

မရတာကြာပြီဖြစ်တဲ့ Baek ရဲ့ ကိုယ်နံ့လေးကို သူခံစားလိုက်မိသည်။

Baek နဲ့ သူ့ကြားအေးစက်သွားတဲ့ ဆက်ဆံရေးကြောင့် Baek နဲ့ သူ တူတူပင်မအိပ်ပဲ အခန်းခွဲနေဖြစ်တာကြာပြီလေ Baek နဲ့ သူ့ကြားမှာ နဂိုကတည်းက မိဘပေးစားတယ် မချစ်ဖူးဆိုတဲ့ ပြဿနာလေးက မီးလောင်မြိုက်ရာကနေ သမီးတစ်ယောက်ရပြီးတော့ လေးနှစ်အကြာကွာဖို့ဖြစ်လာတာပါ

Baek ကတော့ သမီးလေးကြောင့် သူ့ကိုမကွာနိုင်ဘူးတဲ့

သူကတော့ သူမချစ်တဲ့ မိန်းကလေးနဲ့ ဆက်ပြီး မနေချင်တော့ပါဘူး

Baek နဲ့ ဒီလိုပွေ့ဖို့မပြောနဲ့ စကားတောင် နှစ်ရက်မှတခါစကားပြောဖြစ်ကြတာဆိုတော့ အခုပွေ့လိုက်ရတော့ Yeol ရင်တေခုန်လာသလိုလို

Baek ကိုအိပ်ယာပေါ်ချပေးလိုက်တော့

Baek:"ကျေးဇူးပါနော် မနက်ကို 7 နာရီလောက် လာနှိုးနော် "

My Silent HeartWhere stories live. Discover now