Strawberry

3.1K 284 7
                                    

ဟိုးရှေးရှေးတုန်းကပေါ့ ....

စည်ပင်သာယာဝပြော တဲ့
"မိုးကုတ်စက်ဝိုင်း အလွန်" ဆိုတဲ့ တိုင်းပြည်နယ်မြေလေးတစ်ခုရှိသတဲ့...၊၊
အဲ့ဒီ့တိုင်းပြည်လေးကို ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့မျိုးနွယ်ကလဲ တစ်စုတည်းပဲ...
နတ်ဘုရားတွေကောင်းချည်းပေးခံရတဲ့ ထိုမျိုးနွယ်ရဲ့ အမည်နာမက
" ဝမ်..."

ဝမ်တွေက ဥာဏ်ပညာနဲ့ပြည့်စုံတယ် ခွန်အားကြီးတယ်...
တိုင်းပြည်ကိုလွတ်လပ်ပြီး တရားမျှတအောင် ငြိမ်ဝပ်ပိပြားအောင်
အုပ်ချုပ်နိုင်တဲ့ အစွမ်းအင်အားရှိတယ်...၊၊
ဝမ် တွေက သာမာန်မဟုတ်တဲ့ Aura တစ်ခုနဲ့
"မိုးကုတ်စက်ဝိုင်း အလွန် " ရဲ့ ဂုဏ်သိက္ခာမဏ္ဌိုင် တစ်ခုလို အရှိန်အဝါပြင်းပြင်းနဲ့ အမြဲတောက်ပနေတတ်တယ်....

ဝမ် ဘုရင်ဟာ လူတန်းစားမျိုးစုံအတွက် မျက်ချေမပျက် ရင်ဝယ်သားလို ပြုမူပြီး တန်းတူညီမျှဆက်ဆံတာမို့
ပြည်သူပြည်သားတွေက ဝမ်ဘုရင်နဲ့ သူ့မိဖုရားကို တအားတန်ဖိုးထားချစ်ခင်ကြတယ် ၊၊ ရိုသေလေးစားကြတယ် ၊၊
ဒါကြောင့် သစ္စာဖောက်တွေ ၊ သူပုန်တွေ ၊ နိုင်ငံတော်ပုန်ကန်သူတွေက မရှိသလောက်ပဲ....

ဝမ် မျိုးနွယ်ကို သစ္စာခံတဲ့မျိုးနွယ်က " ရှောင်.."
ခေတ်အဆက်ဆက် ဘုရင်တိုင်းရဲ့ အထိန်းတော်အဖြစ် ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သစ္စာတော်ခံခဲ့တဲ့ မျိုးရိုးမြင့် " ရှောင်..."
ကလည်း တိုင်းပြည်ရဲ့ ယုံကြည်အားထားဖွယ်ရာ....

~~~~~~~~~

" မင်းသား...နေအတော်မြင့်နေပြီမို့ အိပ်ယာထဖို့အချိန်တန်ပါပြီ "

ရှောင် အထိန်းတော်ကြီးက ခေါင်းရင်းက လိုက်ကာကိုဆွဲဖွင့်လိုက်တော့ နေရောင်ပြိုးပြိုးပြက်ပြက်ထဲ စိမ်းစိမ်းစိုစို လယ်ကွင်းတွေက တမျှော်တခေါ်...၊၊ တောင်တန်းပြာတွေကလဲ မနက်ခင်းရဲ့အလှအပကို ပံ့ပိုးပေးနေသလိုပါပဲ...
လယ်ကွင်းထဲမှာ တောင်သူ ၊ လယ်သမားတွေက ကြိုးစားပန်းစား
အလုပ်လုပ်နေပုံကလဲ ပန်းချီကားသဖွယ်...
ကျေးငှက်ကလေးတွေတောင် သီချင်းသီကုံးနေပြီ
သူတို့ရဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ မင်းသားလေးက မထသေးဘူးတဲ့လား....

Strawberry FlavourOù les histoires vivent. Découvrez maintenant