Final

665 104 6
                                    

Unicode

" Haruto ရေချိုးနေတာမပီးသေးဘူးလား..."

" Haruto ထမင်းစားတော့လေ.."

" Haruto အလုပ်ကိုနားပီးလုပ်ဦး..."

" Haruto ခင်ဗျား မအိပ်သေးဘူးလား...ညနက်နေပီ.."

စသောစသော Harutoချင်းထပ်အောင်ခေါ်နေတဲ့အခြေအနေတစ်ခုရောက်နေပေမဲ့ တကယ်တမ်းလက်ခံနိုင်ဖို့ကြိုးစားမှာကသူကိုယ်တိုင်ပင်...။
အရင်လိုမျိုး ဂျပန်ကလာရင် တစ်ယောက်ထဲနေဖို့စီစဉ်ထားတဲ့ကိုကို့အိမ်ကိုပြောင်းနေရင်း ပြန်လည်နီးစပ်ဖို့ကြိုးစားခဲ့သည်...။

အရင်ကနဲ့မတူစွာဂျစ်တိုက်တတ်တဲ့ကိုကိုက တကယ်ပဲရယ်ရသည်..
ကလေးတစ်ယောက်နဲ့ပိုတူလာပီး မကွဲပြားတာကလဲ အလုပ်တွေကိုနင်းကန်ဖိလုပ်နေတတ်တာပင်..

တခါတရံ ရင်ခွင်ထဲထည့်ကာ ဘယ်လောက်ချစ်ကြောင်းအတိုးချပြောတတ်သလို တခါတလေလဲ လုပ်တတ်သမျှဟင်းချက်နည်းတွေနဲ့ မီးဖိုချောင်ဝင်တတ်သည်...။

ခြောက်လ....သူတို့ပြန်လည်နီးစပ်ဖို့တစ်လသဘောတူခဲ့သည်...
ဒီလအတွင်း ပြန်လည်ရင်းနှီးမှုလား ပြန်လည်ချစ်ခင်လားမသိပေမဲ့ မပြတ်သေးတဲ့သံယောစဉ်တွေနဲ့အချစ်တွေက ပိုကာသိသာလာသည်....။

အရင်လိုပုံစံမျိုးထက် သိသိသာသာဂရုစိုက်လာပေးတာက အဲ့ဘဲကြီးမဟုတ်ပဲကိုယ်တိုင်ဖြစ်မှန်းမသိဖြစ်နေရသည်...။

အခုလဲ အပြင်ပြန်ကပြန်လာတာ မိုးမိလာလို့ရေအမြန်ချိုးခါမှ တော်တော်နဲ့ရေချိုးနေတာမပီးပေ...။
တံခါးရှေ့ကနေ အခေါက်ခေါက်အခါခါ ခေါက်နေရတာလဲ သုံးကြိမ်မြောက်ပင်...

" ပီးပါပီ ငယ်ရဲ့.."

Bathrobeကိုသေချာဝတ်နေရင်း လူပေါ်ကိုသိုင်းကာဖက်လာဖြစ်လာပြန်၍ အတင်းရုန်းထွက်ရင်း..

" အကျႌအရင်လဲ Haruto..ခင်ဗျားနေမကောင်းဖြစ်ရင် ကျွန်တော်ပိုပင်ပန်းမှာ.."

" ဘယ်ချိန်ထိ Harutoလို့ခေါ်နေမှာလဲ ငယ် "

" ခင်ဗျားအဖိုးကြီးဖြစ်သွားတဲ့ထိ.."

လျှာလေးထုတ်ပြရင်းအိမ်အောက်ထပ်ကိုအမြန်ပြေးဆင်းလာခဲ့ရသည်...။
စကားအဓိပ္ပါယ်ကို သိရဲ့လား ။
သိမယ်လဲမထင်ပါဘူး....ကိုကိုကငတုံးပဲကို..

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 13, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

𝑭𝒓𝒊𝒅𝒂𝒚 // 𝑯𝒂𝒓𝒖𝒉𝒘𝒂𝒏Tempat cerita menjadi hidup. Temukan sekarang