-10-

649 96 7
                                    

Unicode

August 15, 2000.

"ညီမလေး ဒီနှင်းဆီပန်းတွေက ဘယ်လိုရောင်းလဲ။ "

"တစ်ပွင့်ချင်းစီဆို ၁ယွမ် အစည်းလိုက်​ဆိုရင် ၁၈ယွမ်ပါ ကိုကြီး။ ဒါပေမဲ့ အစည်းလိုက်က ပိုတန်တယ်ရယ် အစည်းလိုက်က အပွင့်၂၀တောင်ပါတယ်။ "

"ဒါဆိုရင် အစ်ကို့ကို အစည်းလိုက်ပဲ ပေးပါ။ ဪ ပြီးတော့ ပန်းစည်းကိုလည်း လှလှပပလေး စည်းပေးလိုက်နော် ညီမလေး။ "

"ဟုတ်ကဲ့ပါရှင့်။ ဟီး ဒီပန်းစည်းကို လက်ခံမဲ့ မမလှလှကတော့ သေချာပေါက်ကိုပျော်သွားမှာ ညီမလောင်းရဲတယ်။ "

ပန်းသည်ကလေးမလေးရဲ့ တီးတိုးရေရွတ်သံကြောင့် ရှောင်းကျန့် ပဟေဠိဆန်စွာ ပြုံးမိသည်။သူ့ရဲ့ အသည်းသက်ညှာက ကလေးမလေး ထင်နေသလို 'မမလှလှလေး' မဟုတ်ဘဲ 'ကိုကိုချောချောလေး' ဖြစ်နေသည်မှာ ခက်လှချေပြီ။

"ဟို ညီမလေး အစ်ကို့ကို မြန်မြန်လေးထုပ်ပေးနော်။ "

လိပ်တစ်ကောင်လို ထုပ်ပိုးနေတဲ့ ကလေးမလေးကို သတိလှမ်းပေးရသည်။

"ဟီး ဟုတ်ကဲ့။ "

surprise လုပ်ချင်၍ ခဏထားခဲ့ရသော်လည်း ထိုကောင်လေးကို တစ်ယောက်တည်းထားခဲ့ရတာ ရှောင်းကျန့်အတွက် နောက်ဆံတင်းစရာ။ခြေလှမ်းကျဲကြီးတွေနှင့် ကော်ဖီဆိုင်လေးဆီကို လျှောက်သွားမိသည်။ထို့နောက် မျက်နှာချင်းဆိုင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်တော့ ပိုးဟပ်ဖြူက သူ့ကို မော့ကြည့်ပြီး ပြုံးပြရှာပါသည်။သို့သော် အသက်မပါသည့် အပြုံးမျိုး။

နှစ်ယောက်သား မီးပုံကြီးကို စိုက်ကြည့်နေရင်း ရိပေါ်အနားကို တိုးကပ်ကာ မေးလိုက်သည်။

"မပျော်ဘူးလား..။ "

"ပျော်ပါတယ်...ဘာလို့လဲ။ "

ပါးစပ်ကသာ ပျော်နေပေမဲ့ ပိုးဟပ်ဖြူရဲ့ အပြုအမူတွေက ပျော်နေတယ်ဟု ထင်ရက်စရာ တစ်ကွက်မှမရှိ။လက်ကို အနောက်ပစ်ထားပြီး ဆွေးမြည့်နေသော မျက်လုံးများဖြင့် မီးပုံကြီးကို ရီဝေဝေစိုက်ကြည့်နေ၍ သူ့ရင်တွေ ပူလောင်ရပြန်တယ်။

𝙰𝚁𝙲𝙰𝙽𝚄𝙼Where stories live. Discover now