1

2K 75 34
                                    

Unicode

(A/Nအရင်က One Shot ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ ဒါပေမဲ့ ကိုယ်တိုင်က One Shot နဲ့မတင်းတိမ်နိုင်တာကြောင့် edited ဆိုပြီး ထပ်ရေးလိုက်ရပါတယ်။)

"ဟယ်လို မာမီ.. မာမီ သမီးကို ဘာဆုချမှာလဲ"

ရွှေပိုးဥက ဆယ်တန်းကို ဂုဏ်ထူးများနှင့် နှစ်ချင်းပေါက်အောင်သည့်အကြောင်းအား နိုင်ငံခြားတွင်နေသော သူ့မာမီကို video call ခေါ်ကာ ပြောပြနေခြင်းဖြစ်သည်။

"သမီးလေး ဘာလိုချင်လဲပြော။ ဒယ်ဒီဝယ်ပေးမယ်"

"ရတယ်.. အန်ကယ်ကြိုက်တာ ဝယ်ပေး"

မိခင်၏ နောက်အိမ်ထောင်ဖြစ်သူကို ရွှေပိုးဥက ဒယ်ဒီဟု မခေါ်နိုင်သေး။ မိခင်နှင့် အိမ်ထောင်မကျခင်ကတည်းက အန်ကယ်ဟုခေါ်လာတာ‌ကြောင့် သည်အသုံးကို အသားကျနေ၍လည်း ဖြစ်ပါလိမ့်သည်။

"မာမီ.. ဉာဏ်လည်း အောင်တယ်။ ဉာဏ်က ဂုဏ်ထူးသုံးဘာသာပဲ ပါတာ"

လေးဘာသာဂုဏ်ထူးရှင်က သုံးဘာသာဂုဏ်ထူးရှင်အား အဓိပ္ပာယ်ပါပါကြည့်ရင်း သူ့မာမီအား ပြောသည်။

ဉာဏ်လင်းကိုကိုကတော့ ရွှေပိုးဥကို ဘာမဟုတ်တာလေးကို ကပ်ကြွားနေသည်ဆိုသည့်အကြည့်နှင့် စိတ်ပျက်စွာကြည့်လိုက်၏။

သူ့ဘာသာသူ ဘယ်နှဘာသာပါပါ အချိန်တန် သူတက်သည့်ကျောင်း လိုက်တက်မည်ဆိုတာ သိပြီးသား။

အတွေးနှင့်အတူ မျက်နှာလွှဲတော့ ပိုးဥမမြင်သည့်အရပ်တွင် ဉာဏ့်နှုတ်ခမ်းပါးစွန်းတစ်ဖက် အနည်းငယ်ကွေးတက်သွား၏။

💕💕💕

အဖြူအပြာနည်းပညာတက္ကသိုလ်ယူနီဖောင်းလေးများနှင့် ဖယ်ရီစောင့်နေသူများတွင် ဉာဏ်နှင့်ပိုးဥလည်း အပါအဝင်ဖြစ်သည်။ မနက်ခင်းနေရောင်ခြည်ဆိုသော်လည်း အပူရှိန်က ပြင်းတာကြောင့် ဉာဏ် အင်္ကျီကို ရင်ဘတ်မှကိုင်ကာ တစ်ချက်နှစ်ချက် လှုပ်လိုက်သည်။ ထိုမှသာ လေသလှပ်၍ အနည်းငယ် နေသာထိုင်သာ ရှိတော့သည်။

နေပူရှိန်ကြောင့် မျက်နှာရှုံ့မဲ့နေမည့် ဉာဏ့်ကို ပိုးဥကြည့်လိုက်သည်။ အင်္ကျီကော်လံက နောက်တွင် အနည်းငယ်ဟနေတာကြောင့် ဖြူကြည်သောအသားအရေပေါ်တွင် ကုပ်နှင့်လည်ပင်းအစပ်ရှိ မဲ့နက်ကလေးက ထင်းနေ၏။

Born for You (Completed)Where stories live. Discover now