{၁၁}U/Z

105K 11.1K 2.9K
                                    

"ဇင်ငြိမ်းသူက မဆိုးဘူးနော်"

ဇေရဲက ကားနောက်ခန်းတွင်နေရင်း ခုနကတွေ့ခဲ့သည့် ပန်းဦးမေ၏သူငယ်ချင်းကိုရည်ညွှန်းကာဆိုသည်။
"ဘာလဲ မင်းကြိုက်လို့လား"
မဂ္ဂက ကားမောင်းနေရင်းပြန်မေးသည်။

"အဲ့လိုလည်းမဟုတ်ပါဘူးကွာ.. ငါဟာငါတောင် jail(ဂျေး)အောင်းလိုက်၊ ပြန်ထွက်လာလိုက်နဲ့မအားပါဘူး၊ခဏနေ ငါနဲ့တွဲမှ မျက်ရည်နဲ့မျက်ခွက်ဖြစ်နေဦးမယ်"

"အေး မင်ကမွှေလွန်းတာကို။ အဘိုးကြီးပင်စင်ယူရင်တော့ ငါလည်း လိုက်မထုတ်ပေးနိုင်တော့ဘူးနော်"

မဂ္ဂကရယ်သံနှော၍ ဆိုသည်။ ဝန်ကြီးတစ်ဖြစ်လဲ စစ်ဗိုလ်မှူးချုပ် ဖြစ်သော ဖခင်ကြောင့်သာ မဂ္ဂ၏အာဏာစက်ကရှိနေတာဖြစ်သည်။သို့သော်ညား ပင်စင်ယူရင်လျှင်တောင် ဗိုလ်မှူးချုပ်အာဏာကအနည်းနှင့်အများတော့သက်ရောက်သေးသည်။

ဇေရဲသည်ခနဲ့သောလေသံဖြင့်
"သက်တမ်းတိုးလိုက်ပေါ့ကွာ ဘာခက်တာမှတ်လို့..ဟားဟား"

"-ီး သက်တမ်းတိုးရအောင် ကားလိုင်စင်မှမဟုတ်ဘဲ။"

"ကားလိုင်စင်မဟုတ်လည်း တိုးချင်တိုး၊ လျော့ချင်လျော့နေကြတာပဲမဟုတ်လား။"

အနှောင့်အသွားမလွတ်သောစကားများဖြင့်ဆိုစေကာမူ မဂ္ဂဒီပါကတော့ အပြုံးမပျက်။ ဇေရဲ၏ခံယူချက်ကို သူပြတ်ပြတ်သားသားသိသည်။ သူကိုယ်တိုင်ကလည်း အခြေနေအရပ်ရပ်တို့ကိုကောင်းကောင်းသိတာမို့ ပြန်ပြီးစကားနာမထိုး။
အဆောင်ရှေ့ရောက်တော့ ဇေရဲက အလျင်အမြန်ဆင်းကာ
"သွားပြီ။ ညမှတွေ့ကြမယ်"

"ငါလည်း ဒီမှာပဲဆင်းလိုက်တော့မယ်။"

လွန်းနောင်က ဆင်းရန်ပြင်တော့ မဂ္ဂက လှမ်းဆွဲသည်။ လွန်းနောင်၏ မကျေမချမ်းအကြည့်များကချက်ချင်းကို ပြန်လွင့်လာတော့သည်။
"ဘာလဲ"

မဂ္ဂသည် တစ်စုံတစ်ခုကို လိုချင်သည့်အခါပြုံးသည့်အပြုံးမျိုးဖြင့်
"ငါတို့လည်းအတန်းလစ်ကြရင် မကောင်းဘူးလား?"

"အင်း မကောင်းဘူး"

"ဟာ မင်းကလည်း အမြဲ ဘူး..ဘူး..ဘူး ။ဘူး တစ်လုံးဆောင် အိုတောင်မဆင်းရဲ လုပ်နေတယ်။ နာမည်ပြောင်းလိုက်ပါလား "လွန်းဘူး"လို့။"

အဓိပတိလမ်းမထက်က မောင့်ခြေရာ{အဓိပတိလမ်းမထက်ကမောင့်ခြေရာ}Where stories live. Discover now