Part 14

3.1K 259 0
                                    

ကျော့ ကွင်း
Part 14

"အားလုံး ကာကွယ်ရေး ဝတ်စုံဝတ်ပါ.. တရားခံက စိတ်ရောဂါရှိနေလို့ အားလုံး
သတိထားကြမယ်... .. နယ်မြေခံရဲတပ်ဖွဲ့ ပူးပေါင်းလိမ့်မယ်..ဘာတင်ပြစရာ
ရှိသေးလဲ ''

"မရှိပါဘူး ဌာနမှူး ''

အထူးအဖွဲ့အားလုံး... ကာကွယ်ရေးဝတ်စုံလဲနေစဥ်... ကျွန်တော်.. ဌာနမှူးရှေ့
ကို သွားရပ်လိုက်သည်

"ကျွန်တော်လဲ လိုက်ဝင်ချင်တယ် ဌာနမှူး''

"မဝင်ရဘူး.... ကိုယ်နဲ့ပဲ လိုက်ရမယ်... သေနတ်သေချာစစ်..သွားမယ်.. ''

မကျေမနပ်နှင့် ဌာနမှူးနောက်ကသာ အမြန်လိုက်ရတော့သည်.. ကာကွယ်ရေးဝတ်စုံ
အပြည့်နဲ့ အထူးအဖွဲ့ကိုကြည့်ပြီး အားကျလိုက်တာ

မိန်ထျင်းကွင်းဆက်လူသတ်မှု တရားခံအား စုံစမ်းဖော်ထုတ်ရရှိခဲ့ပြီ ဖြစ်သည်..

သူ..ခန့်မှန်းခဲ့သလို... ဆေးကျောင်းသား ဘဝကနေ.. ငယ်စဥ်က မိခင်နှိပ်စက်ခဲ့
သည့်ဒဏ်တွေကြောင့် ညာလက်က ပိုမိုဆိုးရွားလာကာ... လက်တွေ့အလောင်းခွဲ
စိတ်ချိန်တိုင်း.. လက်အားမစိုက်နိုင်တဲ့အတွက် အမြဲတမ်း ဆူပူနှိမ်ချခဲ့ရပြီး ဆေး
ကျောင်းကပင် ထွက်လိုက်ရတဲ့အထိ ဖြစ်ခဲ့သူဖြစ်သည်

တရားခံက... အထည်ချုပ်စက်ရုံ အပျက်ထဲသို့ ဝင်ဝင်သွားသည်ကို CCTV မှတ်
တမ်းအရ သိရှိရသဖြင့် ထိုစက်ရုံပျက်ထဲတွင်... နေထိုင်သည်ဟု ယူဆကာ.
အဆိုပါစက်ရုံကို စီးနင်းမည် ဖြစ်သည်

အထူးအဖွဲ့ဝင်တွေနှင့် နယ်မြေခံရဲတွေ စက်ရုံအတွင်း ဝင်သွားကြပြီဖြစ်ပြီး
ကျွန်တော်ကတော့ ဌာနမှူးအနားမှာသာ.နေရသည်... လိုက်သွားချင်တာ.
အူတွေကိုယားလို့

"ကလေးလို စူပုပ်မနေနဲ့... သူတို့က လေ့ကျင့်ထားတဲ့လူတွေ... ''

"ဟွန်း...''

သူ... ဌာနမှူးကို မျက်စောင်းထိုးတော့.. ကျိုးချန်ကောက.. ရယ်သည်..ဌာနမှူးက
သူ့ကို ကလေးတစ်ယောက်ကိုလို ပြုံးပြီးကြည့်သည်..

နာရီဝက်လောက်ကြာတော့... အထူးတပ်ဖွဲ့တွေ ပြန်ထွက်လာကြပြီး..ဒဏ်ရာတွေ
နှင့် လူတစ်ယောက်ကို ဖမ်းလာခဲ့သည်... နယ်မြေခံရဲတွေက သက်သေဖြစ်
လောက်မယ့် ပစ္စည်းတွေကို သယ်လာခဲ့ကြသည်

ကျော့ ကွင်းDonde viven las historias. Descúbrelo ahora