ဟယ်ရီတစ်ယောက် သူရဲ့သူငယ်ချင်းထက်မက ပိုသောမိန်းကလေးတစ်ဦး တစ်နည်း သူ၏ချစ်သူမိန်းကလေးဟာမွန်နီဂရင်းဂျား နှင့်အတူ ပရော်ဖက်ဆာစနိပ်ရဲ့ မှော်ဆေးရည်သင်ခန်းစာကို သင်ယူနေသည်။လူငါးဦးတစ်စုစီ ပရော်ဖက်ဆာ သင်နေသည်ကို လေ့လာနေကြရသည်။
ဟယ်ရီဘေးကဟာမွန်နီကတော့ အပြုံးများဝေဆာလျက်ရှိပြီးတက်ကြွစွာဖြင့်ပရော်ဖက်ဆာအတန်းကိုသင်ယူနေသည်။သူမသည် ဟယ်ရီနဲ့သူမအခြေအနေကို ပျော်ရွှင်လျက်ရှိနေပုံပေါ်သည်။ဟယ်ရီကတော့ ထိုအခြေအနေကိုမပျော်ရွှင်ပေ။ထိုသို့ သူကိုယ်နိုင်မပျော်ရွှင်သော အခြေအနေကိုလည်း သူကိုယ်တိုင်ပင် ရွေးချယ်ခဲ့သည်။သူရွေးချယ်လိုက်သောအခြေအနေသည် သူကိုယ်တိုင်နှင့်သူရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် ဟာမွန်နီကိုပါထိုအခြေနေထဲကိုဆွဲထည့်ခဲ့မိသည်။
ဟယ်ရီ အပူပေးနေသည့်အိုးထဲထည့်ရာမည့် ဆေးရည်ပုလင်ကိုလှမ်းယူလိုက်ကာ ရှုပ်ထွေးနေသောစိတ်အာရုံးတွေကို စုစည်း၍ ပရော်ဖက်ဆာ စာသင်တာကို သေချာနားထောင်ရန် ဟန်ပြင်လိုက်သည်။စာသင်နေသောပရော်ဖက်ဆာရှိကို အကြည်ပို့လိုက်သော်လည်း သူ၏အကြည်အာရုံသည် လမ်းတစ်ဝက် တစ်နည်း သူ၏ဘေးချင်းကပ်စားပွဲက သူအား ပျော်ရွှင်ခြင်းတစ်စိုးတစ်စိမှမရှိ မျော်လင့်ချက်တွေ ၊ ပူဆွေးမူတွေ ၊ ဝမ်းနည်းခြင်းများဖြင့်ဖုံးလွှမ်းနေသော ပင်လယ်ပြာမျက်ဝန်းတစ်စုံက သူရှိကနေအကြည်မကွာဘဲ စိုက်ကြည်နေသည်ကို ဟယ်ရီတွေ့လိုက်ရသည်။
ဟယ်ရီ သူအားထိုကဲ့သို့စိုက်ကြည်နေသော ပင်လယ်ပြာမျက်ဝန်းအား ချက်ချင်းပင်အကြည်လွှဲလိုက်ပြီး ဟယ်ရီသူရဲ့အကြည်ကို စာပွဲပေါ်ရှိ ဆေးရည်ပုလင်များကိုစိုက်ကြည်နေလိုက်မိကာ တဆက်တည်း ထိုနေကအဖြစ်အပျက်အားတွေးမိကာ ဟယ်ရီနာရွယ်နုနုလေးတွေ ရဲတက်လာကာ ပါးဖောင်းဖောင်းအိအိလေးပါ ပန်းနုရောင်သမ်းသွားသည်။
ကျယ်ဝန်းပြီး လှပသောခရစ်စမတ် အပြင်အဆင်များနှင့်ပြင်ဆင်ထားသော ဟောခန်းကြီးထဲတွင် ဟယ်ရီတို့သူငယ်ချင်းသုံးယောက် ဂရင်းဖင်ဒေါလ်စားပွဲမှာ ထိုင်လျက်ရှိနေကြသည်။ယခုနှစ်သည်အရင်စာသင်နှစ်များနှင့် မတူဘဲဟော့ဝပ်သည် အိမ်ရှင်အဖြစ်မှော်ပြိုင်ပွဲပြုလုပ်ကျင်းပရမည်ဖြစ်သောကြောင့် စည်းကားလျက်ရှိနေသည်။ဟယ်ရီသည် ၁၇နှစ်နှစ်ပြည့်မှ ပါဝင်နိုင်မည့်ထိုပြိုင်ပွဲတွင် တစ်စုံတစ်ယောက်က သူနာမည်ကို မှော်မီးခွက်ထဲတွင်ခိုးထည့်ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်ခဲ့ရသည်။
YOU ARE READING
Drarry one shots collection
Fanfictionယခုဟာက drarry one shots collection ဖြစ်တဲ့အတွက်ကြောင့်မို့ jkရဲ့ဝတ္ထုနဲ့ကွဲလွဲတာတွေပါနိုင်ပါတယ်။ Draco နဲ့ Harry တစ်နည်း Harry potter ရဲ့သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Tom နဲ့ Daniel ကိုship ချင်တဲ့အတွက်ကြောင့်ရယ် သူတို့အတွက်သီးသန့် ချစ်စဖွယ်romatic sce...